အတွေးမှားတခု

in #myanmar6 years ago

ဒီနေ့ဘာရယ်ကြောင့်မသိပါ ။ ကြံကြံဖန်ဖန်လုပ်ပြတတ်သော B Pyae တယောက် ကြံကြံဖန်ဖန်တွေ တွေးနေမိတော့တာ ။

ညကတညလုံးလိုင်းသုံးပြီး ဟိုရှာဒီဖတ်လုပ်ရင်း
မိုးလင်းမှအိပ်မယ်ရှိသေး ဧည်သည့်လာလို့  မနက်၉နာရီလောက်မှ အိပ်ရပြီး အိပ်ရေးမဝလို့  ဖြစ်မှာပါဟု ကိုယ့်အတွေးတွေကို အဆုံးသတ်လိုက်ပါတယ် ။

2084321_S.jpg

crd org source

လာတဲ့ဧည့်သည့်က နာရေးတခုအတွက်လာရင်း အိမ်ကိုဝင်တာပါ ။ နာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ မာမီနဲ့ပြောနေကြတာ အတိုင်းသားကြားနေရတာပေါ့ ။

အက်စီးဒင့်ဖြစ်ပြီး ရုတ်တရက်ဆုံးသွားခဲ့တဲ့ အမျိုးသမီးတယောက်အကြောင်းပါ ။ ကလေးငယ်၂ယောက်ကျန်ခဲ့ပြီး အဖေက နောက်မိန်းမနဲ့ခွဲနေကြောင်းသိလိုက်ရပါတယ် ။ နားစွင့်နားထောင်းရင်း သနားပြီး စိတ်ထဲမကောင်းဘူး ငိုချင်လာတယ် ။

ဧည့်သည်ပြန်သွားတော့ B Pyae အိပ်ယာထဲလှဲပြီး မဆီမဆိုင်တွေ တွေးမိတော့တာပါဘဲ ။ မာမီသာမရှိခဲ့ရင်ဆိုတဲ့အတွေးကို ပထမတွေးမိရင်း ခေါင်းတွေပါမူးတဲ့ထိ ပူပန်ပြီး မဟုတ်သေးပါဘူး ကိုယ့်အတွေးတွေဆိုပြီး ရပ်လိုက်ပါတယ် ။

1654859_S.png

crd org source

အိပ်ယာကပြန်ထပြီး မျက်နှာတခါပြန်သစ်လိုက်တယ် ။ ခေါင်းမူးတဲ့ဝေဒနာက မပျောက် အိပ်ရေးကလဲပျက်လို့ နေမှာပေါ့နော် ။ စိတ်ထဲလဲမကြည်မလင်ဖြစ်နေတော့တာ ။

မှန်တင်ခုံရှေ့ထိုင် မိတ်ကပ်လိမ်းပြီး နှုတ်ခမ်းနီကိုရဲနေအောင်ဆိုးပြီး ပြန်အိပ်မယ်အလုပ်မှာ မာမီက နေမကောင်းဘူးလားလှမ်းမေးတော့တာပါဘဲ ။

နေမကောင်းလျှင် B Pyae အကျင့်က နှုတ်ခမ်းနီဆိုး မိတ်ကပ်လူးချင်မိတာလဲ တဒုက္ခ ။ မာမီက ဒါကိုသိထားတော့ မေးတာပေါ့ ။ သေသွားရင် ရောဂါသည်တယောက်လို မလှမပဖြစ်မှာတွေ ကိုယ့်ကို အလှမပြင်ပေးဘဲ ပြစ်ထားမှာတွေကို ကြံကြံဖန်ဖန် တွေးမိတာကြောင့် ပါ ။ အကျည်းတန်မှန်ကြိုက်တာပေါ့နော် ။

3052517_S.jpg

crd org source

B Pyae က ခုနဧည့်သည်ပြောပြတဲ့ အမျိုးသမီးအကြောင်းကို သိရလို့  လျှောက်တွေးမိရင်း ခေါင်းတွေမူးလာတဲ့အကြောင်းစုံကို ပြန်ပြောပြပြီး " သမီးသာ ရုတ်တရက်သေသွားရင်လေ သမီးစတီးမစ်မှာရှိတဲ့ပိုက်ဆံရယ် တခြားလုပ်ထားတာတွေ ရစရာရှိတာတွေရယ်ကို Note ထဲနဲ့ Mail ထဲမှာသိမ်းမှတ်ထားပါတယ် ။ mail က သမီးနာမည်နဲ့ဖွင့်ထားပြီး password က ဒက်ဒီမွေးနေ့ပါလို့ ပြောရင်း မာမီနဲ့မမက အလုပ်ရှိတာမို့  မောင်လေးကိုပေးလိုက်ပါနော် " မှာတော့တာ ။

ဒီနေ့ က sunday ဆိုတော့ မိသားစုစုံတာနဲ့ မာမီက မမနဲ့မောင်လေးကိုပါခေါ်ပြီး B Pyae အတွေးတွေကို ပြောပြီး ငိုကြတော့တာပေါ့ ။ မာမီက " သမီးလေးမဟုတ်တာမတွေးရဘူး ။ သူများသတင်းတွေကြားတိုင်း ကိုယ်သာဆိုရင်ဆိုတဲ့ အစားထိုးတွေးတာဟာ နေရာတိုင်းမှာ မကောင်းပါဘူး ။ အိပ်တော့ " ဆိုပြီး ထသွားကြတော့တာ ။

မှန်တော့မှန်သား ။ လျှောက်တွေးမိတာ ကိုယ်ပါ မအီမသာဖြစ်ပြီး ခေါင်းမူးတာ လက်တွေ့ဘဲလေ ။ ကိုယ့်အတွေးကြောင့် မိသားစုပါ စိတ်မကောင်းဖြစ်စေတာ အဆစ်ပါသွားသေးတာ ။ အိပ်ယာထဲရောက်တော့ ဒါကို ထပ်တွေးချင်နေသေးလို့  ဒီစာကိုရေးရင်း စိတ်ဖျောက်ခဲ့ရပါတော့တယ် ။

2611748_S.jpg

crd org source

@pyaesonekhinkhin

MSC 021

Sort:  

ဒါသွေးအားနည်းတာပါ။ခေါင်းခနခနမူးတာဆရာဝန်နဲ့ပြပါ။သွေးပေါင်ကျနေတာပါ။ကျနော်ဆရာဝန်တစ်ယောက်ပါ။ဒစ်ကိုဂျင်ပဲတိုက်ထားလိုက်လေ။

သောက်ဖူးရှင့်
ဆေးကြောက်သယ်

မျက်ရည်ချူပွဲဖြစ်ရော အံ့ရော

နိဘူက ကျခိုင်းလဲ ဒိုးခဟက်

ဟုတ်တယ်.....
နာလည်း နေမကောင်း စိတ်မကြည်မလင်ဖြစ်ရင်...
မိတ်ကပ်တွေ လိမ်း၊ အလှတွေပြင် ပလိုက်တယ်။
အဲ့ဒါမှ နေလို့ထိုင်လို့ ကောင်းသွားတာ။

ညီမလေးရေ
ကိုယ်သာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာတရား ထားတတ်တာ ကောင်းပါတယ်
ဒါပေမယ့် ထပ်တူခံစားပြီး စိတ်ထိခိုက်နေဖို့ထက် ကိုယ် ကူညီနိုင်သလောက် ကူညီပေး ပြီး သင်ခန်းစာယူရင်း ကိုယ်လျောက်လှန်မယ့် ဘဝ အတွက် သင်ယူသွားရမှာပါ

ဟုတ်ကဲ့ပါ မမမြန်မာ
ကြိုးစားပါ့မယ်

အတွေးမှားရင် အလုပ်လည်း မှားတတ်တယ်

ဟုကဲ့

အ​တွေး တလိုင်း

ဟားး တွေးရင်းဆွေး

နေမ​ကောင်းတာ မဟုတ်​ဘူး အချစ်​နဲ့​ဝေး​နေလို့
ခမည်းလို​နေတာ . .. လက်​ဖွဲ့ပြင်​ထားပြီ​လေ

ဟီးး မိန်းခေးတျောက် အတဲကွဲနေဒယ်
ဖူဖူကျော်တိန်းသချင်းဆိုပြဒါဘာ

အိပ်ရေးပျက်သိပ်မခံပါနဲ့ ညီမလေးရေ အိပ်ရေးပျက်ခြင်းဟာ ခုခံအားကို ကျဆင်းစေတဲ့အတွက် တခြားရောဂါတွေ ဝင်လာတက်တယ် အိပ်ရေးဝဝ အိပ်နော် နပြည့်

ဟုတ်ကဲ့ပါမမစု

အာ့လောက်တောင် တွေးရလား..ပေါက်ရတွေ။
အိပ်ရေးလည်းဝအောင်အိပ်အူး။အိပ်ရေးမ၀ရင် ပိုဆိုးမယ်။

အတွေးတွေချာချာလည်သွားတယ် sl ရေ

အခုပေးဆို ပေးပါ့မလား ကိုယ့်မောင်လေးဘဲ ဟားး

ပေးပု အသဲအသန်ဖြစ်မှပေးမှာယေ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61081.38
ETH 2930.23
USDT 1.00
SBD 3.70