Super Sunday

in #myanmar6 years ago

B Pyae ရေးနေတာတွေက ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေပါပြီ ။ အဆက်ရေးတင်မယ်ဆိုလဲ ဆက်တိုက်မတင်ဖြစ်ဖူး ဖြစ်နေပါတယ် ။ ရေးတော့ ရေးပီးသားပါ ။

အခုက မနေ့က super sunday မှာ B Pyae တို့ ညီမဝမ်းကွဲတွေ မြို့တော်ဥယျာဉ်ကစားကွင်းကို သွားခဲ့တာလေး တင်မယ်နော် ။

မန်းလေးမှာတော့ မြို့တော်ဥယျာဉ်ကစားကွင်းက top ပါဘဲ ။ sunday လည်းဖြစ်ပြီး ဥပုဒ်နေ့လည်းဆုံတော့ လူကစည်ကားလှပါတယ် ။

ဒီကြားထဲ တိုက်ဆိုင်တာက တောင်ပြုံးနတ်ပွဲရဲ့နောက်ဆုံးနေ့ဆိုတော့ တောင်ပြုံးကအပြန် မြို့တော်ဥယျာဉ်ကို လှည့်ဝင်လည်ပတ်ကြတော့ ပိုပြီးကို လူစည်ကားနေပါတယ် ။

အရင်က B Pyae မစီးရဲခဲ့တဲ့အရာတွေမှန်သမျှ မနေ့ ကတော့ စီးခဲ့ပစ်တယ် ။ B Pyae အရင်လို မနေချင်တဲ့အတွက် ပြောင်းလဲဘို့ ကြိုးစားခြင်းတွေရဲ့ တခုပေါ့ ။

လူအများပြောလေ့ရှိတဲ့ ရခဲလှတဲ့လူဘဝတိုတိုလေးမှာ ပျော်ရွှင်စွာဖြတ်သန်းကြမယ်ဆိုတာလိုပေါ့ ။ ဖြစ်နေတဲ့အချိန်မှာ ဖြစ်နေတာကိုတွေးပြီး ပျော်စရာလား ကိုယ့်အတွက်စိတ်ညစ်စရာလားကို ဦးစွာတွေးပြီး ညစ်စရာတွေဆိုရင်တော့ လျှော်ပစ်မနေတော့ဘဲ တခါထဲစွန့်ခဲ့လိုက်တာဟာ လက်ရှိအချိန်မှာ အကောင်းဆုံးလို့  B Pyae အတွက်တော့ ထင်ပါတယ် ။

ကိုယ်က ဖန်တီးလို့ ဘဲ စိတ်ညစ်ညစ် ……
သူများဖန်တီးလို့ ဘဲ စိတ်ညစ်ညစ် …………
ညစ်နေတာတွေကိုတော့ လျှော်မနေတော့ပါဘူး ။ ဆပ်ပြာကုန် ရေကုန်ပါတယ်လေ ။

ကစားကွင်းအကြောင်း ပြန်ဆက်အုံးမယ်နော် ။ လူကစည်တော့ မုန့် တို့ ရေသန့်တို့ တောင် လုဝယ်ခဲ့ရတယ် ။ မြို့တော်ဥယျာဉ်ရောက်တိုင်း ရေကူးနေကျလဲ မကူးခဲ့ရပါဘူး ။ တိုးပိတ်နေတာကြောင့်ပါ ။

B Pyae က လူသိပ်မစည်တဲ့နေရာလေးတွေက ကစားစရာတွေကိုရွေးပြီး ဆော့ခဲ့ပါတယ် ။ ဘောလုံးပစ်တယ် ။ ရဟပ်စီးတယ်ပေါ့ ။ ပင်လယ်ဓားမြလို့ ခေါ်တဲ့ လှေကြီးတော့ မစီးခဲ့ရပါဘူး ။ လူပိတ်နေတာကြောင့်ပါ ။

MSC က အကိုအမတွေလဲ မနေ့က sunday မှာ ဥပုဒ်နေ့လဲဘဖစ်တော့ ဘုရားသွားကျောင်းတက်နဲ့ B Pyae လိုကစားကွင်းသွားကြသေးလားရှင့် ။ ဒါမှမဟုတ် အကိုအမတွေက ဥယျာဉ်ပန်းခြံထဲမှာ ချစ်သူ ဇနီးမယား မိသားစုတွေနဲ့ ပျော်နေပါးနေကြပါလား ?

B Pyae ကတော့ မနေ့က Sunday မှာပျော်ခဲ့ပါတယ်ရှင် ………

received_323934154837890.jpeg

@pyaesonekhinkhin

MSC 021

Sort:  

ကိုလာ ရို စတား ဆိုလား ဘာလားပဲ အာ့စီးရမာ ☺☺☺

ဟားး အုစိုးလာခဲ့လေ စီးမယ်

Congratulations @pyaesonekhinkhin! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You published a post every day of the week
Award for the number of upvotes
Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ပျော်စရာစိတ်၏လွတ်လပ်ခြင်း

အလို...ညည်းအဲ့ဒါကြီး စီးရဲတယ်ပေါ့

မစီးရဲဘူးလို့ ထင်တာတွေ အကုန်စီးပစ်တာ မတေရုံဘဲအော်လိုက်ရတာ

‌‌ပျော်‌စရာကြီး‌ပေါ့။

ဟုတ်အကို

ဘာဘာဘာမှ ဆော့စရာမရှိ

အရုပ်ဝယ်ပေးလို့ 

မနေ့ က မိုးရွာလို့  တစ်နေ့ လုံး စောင်ခြုံကွေးနေရတယ်ကွယ်

ဟယ် ဘုန်းတို့ ဆီက မိုက်တာအေ

super sunday​ပျော်​စရာပါ.....

ဟုတ်စစ်

အမြဲပျှော်ရွှင်ပါစေ ဘေဘီရေ

ရေးချင်သလိုသာ ရေးတင်ပါကွာ

ကသက် ပို့စ် က စာသားလေးတွေ ပြောမယ်ကွာ
အတော့်လုပ်ပါ ကိုမြသာရယ် ... ရှင်တို့က ရဲတွေကိုး😁😁😁

အယ်လယ့်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64513.89
ETH 3155.04
USDT 1.00
SBD 4.00