သုံးပင်လိမ် အချစ်အပိုင်း (၁)
ရာသီတစ်ခွင်လုံး မှောင်မှိုင်းအုံ့ ဆိုင်းနေသည်။ မနက်ကတည်းက မိုးက ဖွဲလိုက် သည်းလိုက်နှင့် မစဲနိုင်ဘဲဖြစ်နေလေ၏။ အနွေးထည်ကို ထပ်ဝတ်လိုက်ရင်း လွင်ပြင်နှင့်ချိန်းထားသော ကော်ဖီဆိုင်သို့ ကြည်ဖြူထွက်လာခဲ့လေသည်။ မိုးမစင်အောင် ထီးကို ဂရုစိုက်ဆောင်းနေရင်း သူမနှင့်လွင်ပြင် စတွေ့ ခဲ့သောနေ့ ကို သတိရလာပြန်သည်။ သူမတို့ စတွေ့ တုန်းက အခုလိုဘဲ မိုးတွေရွာနေသည်လေ။
ဒီနေ့ ကျောင်းစဖွင့်သောနေ့ ။ပထမနှစ် ကျောင်းသူမို့ ကြည်ဖြူတစ်ယောက် ယောင်ချာချာ ဖြစ်နေ၏။ အတန်းထဲသို့ ဝင်ကာ ထိုင်ဖို့ နေရာ ရှာနေခိုက်
ဟေ့ ကြည်ဖြူ နင်ကြည်ဖြူမလား
မိန်းကလေးတစ်ယောက်၏ခေါ်သံကြောင့် ကြည်ဖြူ လှည့်ကြည့်လိုက်မိသည်။ ဟင် ၁၀တန်းတုန်းက တစ်ခန်းတည်းအတူကျခဲ့သော သူငယ်ချင်း သီရိကို တွေ့ လိုက်ရသည်။ ဟယ် သီရိ နင်လည်း ဒီအခန်းပဲလား အေးဟုတ်တယ်။ ငါလည်း အင်္ဂလိပ်စာ လျှောက်လိုက်တာလေ။ သီရိကို တွေ့ ရသောကြောင့် ကြည်ဖြူ အားတက်သွားသည် ။လာကြည်ဖြူ ဒို့ အတူထိုင်ရအောင်။ ကြည်ဖြူ လွယ်အိတ်ကိုချကာ သီရိဘေးသို့ ဝင်ထိုင်လိုက်လေသည်။ စာသင်ချိန်နှစ်ချိန်ပြီးတော့ မိုးစတင်ရွာလာလေသည်။ သီရိနင်ထီးပါလား။ အေးပါတယ်နင်ရော။ ငါလည်းပါတယ်။ ဒို့ ကန်တင်းကို ထမင်းသွားစားရအောင်။
ကြည်ဖြူနှင့် သီရိ ထီးတစ်ချောင်းစီနှင့် ကန်တင်းဘက်သို့ ထွက်လာခဲ့လေ၏။
ကန်တင်းထဲတွင် လွင်ပြင်တို့ သုံးယောက်သား ခေါင်းချင်ဆိုင်နေကြသည်။ဟေ့ကောင် လွင်ပြင် ဒီဝိုင်းမင်းရှင်း။ သူငယ်ချင်း ဖြစ်သူ အာကာ၏စကားကြောင့် လွင်ပြင် နှာခေါင်းရှုံ့ လိုက်၏။ အံမာ ဒီနေ့ ငါရှင်းလှည့်မဟုတ်ဘူး။ သူရ မင်းအလှည့်လေ။ ငါပိုက်ဆံအိတ်မေ့နေခဲ့တယ်ကွ။ မင်းပဲဒီနေ့ ရှင်းလိုက်ကွာ။ အာကာက ၀င်ကာ အေးပျော်စရာကောင်းအောင် မင်းတို့ နှစ်ယောက် မရှက်မကြောက် တစ်ခုခု လုပ်မယ်ဆိုရင် ငါဒီနေ့ ကျွေးမယ်ကွာ။ အာကာ့စကားကြောင့် လွင်ပြင်ကော သူရကော ခေါင်းထောင်သွားသည်။ ဒါမျိုးကတော့ စိန်တယ် လွင်ပြင်တို့ က မွေးကတည်းက ရှက်ကြောပြတ်နေတာ။လွင်ပြင်က မျက်နှာချောချောနှင့် မလိုက်ဖက်စွာ ပြောင်စပ်စပ် လုပ်ပြလေသည်။ လွင်ပြင်၊ အာကာနှင့် သူရတို့ မှာ အိမ်နီးချင်းများဖြစ်ပြီး မွေးကတည်းက အတူကြီးပြင်းလာခဲ့သော ငယ်သူငယ်ချင်းများလည်းဖြစ်သည်။ ၁၀တန်းအောင်တော့ ဒဂုံတက္ကသိုလ်တွင် သုံးယောက်လုံး အင်္ဂ်လိပ်စာ အဓိကယူကာ မခွဲမခွါ အတူနေခဲ့ကြတာ အခု အင်္ဂလိပ်စာဒုတိယနှစ် ကျောင်းသားကြီးများ ဖြစ်နေပေပြီ။ အ
ဖွဲ့ ထဲတွင် လွင်ပြင်က အရပ်အရှည်ဆုံးနှင့် အချောဆုံးဖြစ်ကာ ပထမနှစ်တက်တုန်းက king ရွေးခံခဲ့ရသူလည်းဖြစ်သည်။ သုံးယောက်လုံး ရုပ်ရည်မဆိုးကြသော်လည်း အခုထိ ရည်းစားမရှာကြသေး။ ကောင်မလေးချောချောလေးများမြင်လျှင် ပြောင်လိုက်စလိုက်နှင့် Single ဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းနေကြလေ၏။
အာကာက ခေါင်းကို ထောင်ကာ ဘေးဘီကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ တွေ့ ပြီ မြင်ကွင်းထဲတွင် ၀င်လာသော မိန်းကလေးနှစ်ယောက်။ တစ်ယောက်က အဖြူဝမ်းဆက်ဝတ်ထားပြီး တစ်ယောက်က အပြာရောင်အင်္ကျီနှင့် အနက်ထမီကို ၀တ်ထားသည်။ ဟိုမှာကြည့် အာကာက လက်ညိုးထိုးပြလိုက်သည်။ အဲ့မှာ ဘယ်ဘက်က အဖြူလေးဆီက ထီးကို ရအောင်ငှါးနိုင်ရင် ငါရှင်းမယ်ကွာ။Ok လေ။ လွင်ပြင် မတ်တပ်ရပ်ကာ ခါးကို ဆန့် လိုက်သည်။ ပြီးမှ မိန်းကလေး၂ယောက်ဆီသို့ ခပ်သွက်သွက်လှမ်းလာလိုက်လေ၏။
ဒီကညီမတို့ အကူအညီတစ်ခုလောက်တောင်းချင်လို့ ပါ။ လွင်ပြင်စကားစရင်း အဖြူလေးဘက်လှည့်ကြည့်လိုက်သည်။ မဆိုးဘူးအချောလေးပါလား ။ရှေ့ တွင်ရပ်နေသော လူကြောင့် ကြည်ဖြူကော သီရိကော မော့ကြည့်လိုက်သည်။ အဖြူလက်ရှည်နှင့် ပုဆိုးအနက်ကွက်ကို ၀တ်ဆင်ထားသော ယောက်ကျာ်းလေးတစ်ယောက်။ ထိုပုဂ္ဂိုလ်က ဆက်ပြောလိုက်သည်။ ကျနော် ထီးမပါလာလို့ အဲ့ဒါ မိုးကလည်းခုဖွဲဖွဲလေးကျနေတယ်
စာအုပ်တွေရေစိုမှာစိုးလို့ ထီးလေးငှါးပါလားဟင်။ မနက်ဖြန် ဒီကန်တင်းမှာပြန်ပေးပါ့မယ်။
ကျမတို့ လည်း စာအုပ်ရေစိုမှာစိုးလို့ ပါ ပြန်ပြောနေရင်းက ထိုလူတော်တော်လေးကြည့်ကောင်းမှန်းကြည်ဖြူမှတ်ချက်ချလိုက်သည်။ဆံပင်များကို အညိုရင့်ရောင်ဆိုးထားပုံပေါ်ပြီး ဂျယ်နှင့်ထောင်ထားပုံပေါ်သည်။ မျက်ခုံးထူထူနှစ်ဖက်ရှိပြီး နှာတံလည်းစင်းနေကာ စူးရှသော မျက်လုံးများက အသနားခံနေသည့်ဟန် ငြိမ်နေကြသည်။ ခပ်ထူထူနှုတ်ခမ်းများက လျော့ရဲရဲ ပြုံးပြနေသည်။
ကြည်ဖြူကလည်းဟယ် ငှါးလိုက်ပါ ငါ့ထီးကို နှစ်ယောက်ဆောင်းကြမယ်လေ။သီရိက ၀င်ပြောလိုက် လေသည်။သီရိအကြောင်းကို ကြည်ဖြူသိသည်။ သီရိက အသားဖြူဖြူ ၀၀တုတ်တုတ်နှင့် အတော်လေးသဘောကောင်းလေသည်။ အားနာတတ်တာလည်း လွန်ရော။သီရိကပါဝင်ပြောနေသောကြောင့်ကြည်ဖြူ မပေးချင်ပေးချင်နှင့် ထီးကို ပေးလိုက်၏။ လွင်ပြင်က ထီးကိုယူလိုက်ရင်း အာကာတို့ ဘက်လှည့်ကာ အောင်နိုင်သူအပြုံးဖြင့် တစ်ချက်ပြုံးပြရင်း လှည့်ထွက်ခဲ့လေသည်။ ရှင်းမယ်ဟေ့ အာကာ၏ ခပ်ဆောင့်ဆောင့်စကားသံကို ခပ်လှမ်းလှမ်းရောက်နေပြီဖြစ်သော လွင်ပြင်က ကြားဖြစ်အောင်ကြားလိုက်လေသည်။ ဘယ်ရမလဲ လွင်ပြင်ပဲဟာကို သီချင်းတစ်ပုဒ်ကို ခပ်မြူးမြူးဆိုရင်း လွင်ပြင့်ခြေလှမ်းများက စာသင်ခန်းဘက်ဆီသို့ ..............
Be Continue
Author; Pyae Sone Aung
MSC;023
Credit Photo from Facebook
ရေ့ရေ့
အီစကိုက အာကာဝေ့
လွင်ပြင်ကြီးရေ
သုံးယောက်မက ဘူးဟ
လေးယောက်ဟ
ချိန်ပါကျန်သေးတယ်
ဆက်ဖတ်မယ် ...
comme on
hurry up...
မကြာမှီ လာမည် အပေါင်းသင်းတို့ရေ
Good
Thanks
Good post
Thanks
Good post.ဆက်ဖတ်ချင်သေးတယ်
Thanks ဆက်ရန်ရှိပါသေးတယ်ဗျ
သြော် အချစ် အချစ်
အချစ် ခါးခါးလေးပါဗျ
ချိုချင်လို့လား
သူများတွေတက္ကသိုလ်များဇာတ်လမ်းတွေရှိ
တို့တွေတက္ကသိုလ်များဘာမှန်းတောင်မသိ
အမှတ်တရ လေးတွေပေါ့ဗျာ
ဆက်ရန်ရှိသေးလား
ရှိသေးတယ်ဗျ ဟဲဟဲ
အချစ်လား သူဖျားနေတယ်
ဖျားနေရင် ထိုးပေးလိုက်ပါကွီး ဆေးပြောတာ
အယ် သူပြန်ပေါ်လာပြီ
ပြန်လာတာ ကြာပါပေိချေစ်ရယ် နိတာပျောက်နေတာ
good bro@pyae
Thanks bro