သုံးပင်လိမ် အချစ် ဇာတ်သိမ်းပိုင်း

in #myanmar6 years ago

image
ရက်များကတရွေ့ ရွေ့ နှင့်ကုန်ဆုံးလာသည်။ အချိန်ကြာလာလေလေ ကြည်ဖြူ့ ရင်ထဲက သံသယအမှုန်လေးက ကြီးထွားလာလေလေပင်။ကြည်ဖြူတို့ နှစ်ယောက်အတူရှိချိန်တိုင်း ၀င်လာတတ်သည့်ဖုန်း ၊ အမြဲတမ်းနောက်ကျနေတတ်သည့် ညနေရုံးဆင်းချိန်။ ကြည်ဖြူ တတ်နိုင်သမျှ မျိုသိပ်သည်။ သူ့ ကိုဖွင့်မမေး။ သူ့ ပျော်နေပါစေလေ။
ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်နိုင်တဲ့အတိုင်းအတာထိ ကြည်ဖြူခွင့်လွှတ်နေအုံးမှာပါ။ ပြတင်းဝတွင်ရပ်ကာ အပြင်ဘက်သို့ ငေးနေသော ကြည်ဖြူ့ မျက်ဝန်းတွင် မျက်ရည်များဝေ့လာသည်။ ဘာလိုလိုနှင့် ကြည်ဖြူ နောက်ဆုံးနှစ် ဖြေပြီးလေပြီ။ အပြင်ဘက်တွင် မိုးကသည်းထန်စွာရွာလျှက်။ ပြတင်းအပြင်မှ မိုးစက်များက ကြည်ဖြူ့ကိုလာစင်နေကြကာ ကြည်ဖြူ အင်္ကျီ တစ်ပြင်လုံး ရွှဲနေပေပြီ။ စိုစမ်းပါစေမိုးရယ်။ မိုးရဲ့အအေးဓာတ်က ရင်ထဲကအပူကို ဘယ်မှီနိုင်ပါ့မလဲ။
image
လွင်ပြင်အလုပ်များကို မြန်မြန်အပြီးသတ်နေသည်။ ရုံးတွင် တခြားဝန်ထမ်းများ ဆင်းသွားကြပြီ။ သူနှင့် မမအကြင်နာသာကျန်ခဲ့၏။ ဒီညနေကြည်ဖြူက လာကြိုမည်ဟုပြောသည်။ နာရီကို ကြည့်လိုက်တော့ ၆နာရီ၄၅။ အပြင်တွင် နည်းနည်းမှောင်နေပြီ။ လွင်ပြင် ဒီနေ့ ပျော်နေသည်။ ဒီနေ့ လွင်ပြင်တို့ ချစ်သူသက်တမ်း ၄နှစ်မြောက်နေ့ ။ဒီနေ့ ပင် သူကြည်ဖြူ့ ကို လက်ထပ်ခွင့်တောင်းဖို့ စဉ်းစားထားသည်။ကြည်ဖြူ့ ကိုပိုင်ချင်ပြီ။ ကျောင်းပီးအောင်ထိ စောင့်နေရသည်။

သူလက်ထပ်ခွင့်တောင်းရင် ကြည်ဖြူ ပျော်သွားပေလိမ့်မည်။ ပျော်နေမည့် ကြည်ဖြူ့ မျက်နှာကို မြင်ယောင်ရင်း လွင်ပြင်ပြုံးနေမိသည်။
image
ငွေစာရင်းများကို ဒုတိယအကြိမ်စစ်ရင်းက အကြင်နာသူ့ မျက်နှာကို ခိုးကြည့်လိုက်သည်။ ဒီနေ့ သူ့ မျက်နှာက ခါတိုင်းထက်လန်းနေသည်။ ဘာလို့ ပါလိမ့်။ထိုအခိုက် လမ်းတစ်ဖက်မှ ကူးလာသော လွင်ပြင့်ကောင်မလေးကို လှမ်းမြင်လိုက်မိသည်။ အကြင်နာပင် မတွေးထားမိသော အပြုအမှုတစ်ရပ်ကို လုပ်လိုက်မိလေသည်။

ရုတ်တရက် မိမိအပေါ်သို့ ပစ်လဲကျလာသော မမအကြင်နာကြောင့် လွင်ပြင်လန့် သွားသည်။ ဟင် ဘာဖြစ်လို့ လဲမမ ။မမ ခေါင်းတွေမူးပြီး မိုက်ခနဲ ဖြစ်သွားတာမောင်လေး။ ထထမမ ကျနော်ဆေးသွားဝယ်ပေးမယ်။ လွင်ပြင် အကြင်နာ့ကို ထူလိုက်သည်။
အခန်းထဲမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြည်ဖြူ့ မျက်လုံးများပြာသွားသည်။ လည်ချောင်းဝမှ အသံက ထစ်ငေါ့စွာ ထွက်လာသည်။ ကို ဒါကဘာလဲ ။အခန်းဝမှ ထွက်လာသော ကြည်ဖြူ့ အသံကြောင့် လွင်ပြင်ထိတ်သွားသည်။ တွဲထားသော အကြင်နာ လက်များကို အလျှင်အမြန်ဖြုတ်လိုက်သည်။ ကြည်ဖြူ မဟုတ်ဘူးနော် ကြည်ဖြူ တစ်ခုခုကို အထင်မလွဲနဲ့ ကြည်ဖြူ ထင်သလိုမဟုတ်ဘူး။
image
ကြည်ဖြူ့ မျက်ဝန်းမှ မျက်ရည်များတပေါက်ပေါက်ကျလာသည်။ ကောင်းပြီကို ဒါဆို ကြည်ဖြူ သူ့ ကိုမေးမယ်။ ဒီမှာအမ ဒီအခြေအနေကို ရှင်းပြစေချင်တယ်။ အကြင်နာမဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ မင်းမြင်တဲ့အတိုင်းပဲကွယ် ။ ယောက်ကျာ်းလေးနဲ့ မိန်းကလေး အလုပ်အတူလုပ်ကြတယ်။အနေနီးစပ်တယ် ။ခု မမတို့ တွဲနေကြတယ်။

ဘာ လွင်ပြင့်အံကိုတင်းခနဲကြိတ်လိုက်သည်။ ခင်ဗျားဘာစကားပြောတာလဲ။ ခင်ဗျားခေါင်းမူးတယ်ဆိုပြီး ကျနော့်အပေါ်လဲကျတာလေ။ ဒါကျနော်လက်ထပ်မယ့်မိန်းကလေး။အမှန်တရားကို ပြောလိုက်ပါ။ ဒါအမှန်တရားပဲလေမောင်။ မမက မောင့်ကို မြင်မြင်ချင်းချစ်မိတာ။ မောင့်မှာချစ်သူရှိနေမှန်းသိသိကြီးနဲ့ ကိုချစ်တာ ။ မောင်လည်း မမကိုပြန်ချစ်ခဲ့တယ်မလား ။မညာပါနဲ့ မောင်။ သူ့ ရင်ခွင်ထဲကထွက်ခဲ့ပါ။ မမအမြဲကြိုနေမှာပါ။ ခင်ဗျားခင်ဗျားရူးသွားပြီ။
ကြည်ဖြူ ကိုယ်ပြောတာကိုပဲ နားထောင်ပါနော် ။ကိုယ်ရှင်းပြမယ်။
image
မပြောနဲ့ မကြားချင်ဘူး ကိုလွင်ပြင်။ ရှင်နဲ့ ကျမနဲ့ ပြတ်ပြီ။ ကျမကို နောက်ထပ် ဘယ်တော့မှ မဆက်သွယ်ပါတော့နဲ့ ။ ကြည်ဖြူငိုကာပြေးထွက်လိုက်ရင်း ရုံးရှေ့ တွင် ထွက်လုဆဲဖြစ်နေသော ဘတ်စ်ကားပေါ်သို့ ပြေးတက်လိုက်သည်။ လုပ်ရက်လိုက်တာကိုရယ်။ ကိုတစ်ယောက်တည်းကိုပဲ စူးစူးနစ်နစ် ချစ်ခဲ့မိတဲ့ ကြည်ဖြူ့ အပေါ်မှာမှ လုပ်ရက်လိုက်တာ ။

ဘတ်စ်ကားပေါ်ပြေးထွက်သွားသော ကြည်ဖြူကို ကြည့်ကာ လွင်ပြင် တာလမ်းပေါ်တွင် ဒူးထောက်ချလိုက်သည်။ မဟုတ်ဘူးကြည်ဖြူ ။မဟုတ်ဘူး။
မျက်ရည်များဖြင့်ပြည့်နေသော လွင်ပြင့်မျက်ဝန်းတွင် နာကြည်းရိပ်များ သမ်းလာသည်။ ရုံးခန်းတွင်းသို့ ဝင်လိုက်၏။ အကြင်နာက ကျောက်ရုပ်တစ်ရုပ်အတိုင်း မမှိတ်မသုန် ရပ်လျက်။ လွင်ပြင် လက်ညိုးငေါက်ငေါက်ထိုးလိုက်သည်။ မုန်းတယ်။ ခင်ဗျားကို ကျုပ်အရမ်းမုန်းတယ်။ ခုဒီလိုအခြေအနေဖြစ်သွားပြီလေ။ ခင်ဗျားပျော်လား။ ခင်ဗျားဖြစ်စေချင်တာဒါလား။ ဟင် ပြောစမ်းပါဒေါ်အကြင်နာရဲ့။ အကြင်နာ အားတင်းကာ စကားစလိုက်သည်။ အကြင်နာမောင်လေးကို တစ်ကယ်ချစ်ခဲ့တာပါ။
image
တော်စမ်းပါ။ ချစ်တယ်ဟုတ်လား။ ခင်ဗျားအချစ်ကို ဘယ်လောက်နားလည်လို့ လည်း ခင်ဗျားလို စိတ်ဓာတ်ရှိတဲ့လူဆီမှာ အချစ်မရှိဘူး။ ခင်ဗျားမှတ်ထား ဒီလောကကြီးထဲမှာ ခင်ဗျားကို အမုန်းဆုံးလူတစ်ယောက်ရှိတယ် ။အဲ့ဒါကျုပ်ပဲ။ လှည့်ထွက်သွားသော သူ့ ကျောပြင်ကို ကြည့်ကာ အကြင်နာ ဒူးထောက်ကျသွားသည်။အကြင်နာဘာတွေလုပ်ခဲ့မိပြီလဲ။ အကြင်နာဘာမှားခဲ့လို့ လဲမောင်ရယ်။အကြင်နာ့မှာ အပြစ်ရှိခဲ့ရင်တောင် မောင့်ကိုနောက်ကျမှ တွေ့ ခဲ့မိတဲ့ အပြစ်ပဲရှိတာပါ။ ပိုင်ဆိုင်သူရှိနေပြီးသားလူတစ်ယောက်ကို တစ်ဖတ်သတ်ချစ်ခဲ့မိတဲ့အပြစ်ပဲရှိတာပါမောင်ရယ်။
နံရံတွင်ကပ်ထားသော စောင်းဘောက်ဆီမှ သီချင်းသံသဲ့သဲ့ ပျံ့ လွင့်နေသည်။ အကြင်နာ့ကိုလှောင်နေတာလား။

"တိမ်တွေ ဆီကိုပျံကာဝဲတဲ့ဒို့ ရဲ့ရောင်စုံအိပ်မက်စက္ကူစွန်ငယ်.....
အတူတူပျော်ရွှင်ပျံနေဆဲမှာ ချစ်ကြိုးတွေပြတ်သွားတယ်"!
image

လေယာဉ်ကွင်းတွင် ကြည်ဖြူ ပစ္စည်းများကိုစစ်နေမိသည်။ စိတ်နှင့်ကိုယ်နှင့်မကပ်။ ဘေးနားမှသီရိက ကြည်ဖြူ့ လက်ကိုဆုပ်ကိုင်ထားသည်။ နင့်ဒဏ်ရာတွေ ပျောက်သွားတဲ့နေ့ ကျရင်တော့ ပြန်လာခဲ့ပါကြည်ဖြူ။ မြန်မာပြည်နဲ့ ငါကနင့်ကိုစောင့်နေမှာပါ။ အင်းပါ။ ကြည်ဖြူအားတင်းကာညာလိုက်သည်။ ကြည်ဖြူဘယ်တော့မှပြန်မလာတော့ဘူးဆိုတာ ကြည်ဖြူပဲသိတယ်လေ။ ဘေးမှခရီးသည်၏ ဖုန်းမှ သီချင်းသံပျံ့ လွင်လာသည်။

"ကန်ရေပြင်ကိုကြည့်ငေးရင်း ဒဏ်ရာတွေကိုရေတွက်နေ...
ကိုယ်စီကိုယ်စီစိတ်ကူးထဲ ဒီအလွမ်းတွေ ဘယ်လိုရင်ဆိုင်ရမှာလဲ...
အတူထိုင်နေပေမယ့် ပင်လယ်ပြင်လိုကွာဝေးဆဲ
အိုဘယ်လို ဟန်ဆောင်လည်း လမ်းခွဲချိန်နှုတ်ဆက်အနမ်းတွေ အေးစက်တယ်...
မျှော်လင့်ခြင်းတွေရယ် ယုံကြည်ခြင်းတွေရယ် တိမ်စိုင်များကို လေနှင်ရာပြိုကွဲတယ်.."

ကြည်ဖြူ့ မျက်ဝန်းမှ မျက်ရည်များ တလိမ့်ချင်းစီးကျလာသည်။ ဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့။
ထိုင်ရာမှ ထလိုက်၏။ ငါသွားတော့မယ်သီရိ ။

ထွက်ခွါသွားသော ကြည်ဖြူ့ ကျောပြင်ကိုကြည့်ကာ သီရိ ငိုချလိုက်မိသည်။

image
လွင်ပြင်အရေးကြီးနေမိသည်။ ခုလေးတင် အာကာဖုန်းဆက်သည်။ကြည်ဖြူသူ့ အကိုရှိရာ နိုင်ငံခြားထွက်သွားတော့မည်တဲ့ လေယာဉ်ကွင်းနားနီးမှ ကားများက ပို၍ ကြပ်နေသည်။ ကားပေါ်မှ ဆင်းကာ လေယာဉ်ကွင်းဆီသို့ ပြေးထွက်လာခဲ့သည်။ ကိုယ့်ကိုစောင့်ပါအုံးဖြူ ။ဒီလိုကြီးတော့မထားခဲ့ပါနဲ့ ။ကိုယ် ကြည်ဖြူ့ ကိုအရမ်းချစ်တာ ကြည်ဖြူရဲ့။ပြေးလွှားနေသော လွင်ပြင့်မျက်ဝန်းမှ မျက်ရည်များစီးကျနေသည်။

"လေနှင်တဲ့ဆီပြေး ဝေးပြီကမ္ဘာတစ်ဖက်စီ အိုရက်စက်လွန်းတဲ့ ဘ၀ကံတရားရယ်.....
လေနှင်တဲ့ဆီပြေး ကွဲပြီဒို့ အသည်းတွေ မျောလွင့်နေ ကြိုးမဲ့စွန်လေးများရယ်...."!!

လွင်ပြင်နောက်ကျသွားခဲ့ပေပြီ။ မိမိခေါင်းပေါ်မှ ထွက်ခွါသွားသော လေယာဉ်ကြီးကို ငေးကာ လွင်ပြင်ဒူးထောက်ကျသွားသည်။ အချစ်ကအာ့လောက်မလွယ်ဘူးကြည်ဖြူ့ ရဲ့ ဒီလိုမျိုး အဝေးကိုရှောင်ပြေးသွားရုံနဲ့ ပြီးသွားပြီလို့ ထင်တာလား။ တစ်ကယ်တော့ အချစ်ဆိုတာ ဘယ်လောက်ပဲ ရှောင်ပြေးပြေး ဘယ်လောက်ပဲ မေ့ပျောက်ထားထား အမှတ်တရတစ်ခုကို သတိရမိရုံနဲ့  အတူနားဆင်နေကြ သီချင်းတစ်ပိုင်းတစ်စကို ကြားလိုက်မိရုံနဲ့ ပြန်လည်သစ်လွင်လာတဲ့အရာမျိုး။ တစ်နေ့ တော့ မင်းနားလည်လာမှာပါ။
ကိုယ်မင်းကို အရမ်းချစ်ခဲ့တယ်ဆိုတဲ့အကြောင်း
image

လေယာဉ်ကွင်းဘေးမှ တမာပင်တန်းပေါ်တွင် ကြိုးပြတ်နေသော စက္ကူလေတံခွန်လေးက လေအဝေ့တွင် ၀ဲနေခဲ့လေသည်။
image

Author ; Pyae Sone Aung
MSC. ; 023
Credit Photo from Google

Sort:  

အမလေး အခုမှ ဇာတ်သိမ်းခန်းရောက်တော့တယ် စောင့်နေတာ ကြာပြီ

ဒါတောင် သိမ်းချင်မဟုတ်သေးဘုးဗျ ဟဲ

အ​တော်​ခံစားပြီး​ရေးထားတာပဲဗျ။ကောင်းတယ်​ဗျာ။

ကျေးဇူးပါဗျာ တူတူခံစားပေးလို့

ဇာတ်သိမ်းpလား

အရမ်းရှည်သွားလို့ သိမ်းလိုက်တာပါ အမရ

happy ending လေးဖတ်ချင်ထာ

ဝမ်းနည်းဖွယ်လေးနဲ့ အဆုံးသတ်လိုက်တာပါဗျာ

လွမ်းရပီပေါ့ သဲရယ်...
အချစ်တွက် ဓားတောင်ကိုပဲကျော်ကျော်
မီးပင်လယ်ဂျီးကို ဖြတ်ဖြတ် ခိုခို လိုက်ခဲ့မယ်😁😂

ခိုခိုစောင့်နေပါ့မယ် အမြန်ပြန်လာပါနော် သဲရေ

ပြန်ပေါင်းမပေးတော့ဘူးလား အစ်ကို သနားပါတယ်

မပေါင်းပေးတော့ဘုးလေ အဲ့တာမှ ကောင်းတာဗျ ဟဲ

စိတ်ကောင်းဘူးကွယ်

ထပ်တူပါပဲဗျာ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.029
BTC 69095.98
ETH 3678.90
USDT 1.00
SBD 3.48