ဖက်နှင့်ဆူး

in #myanmar7 years ago

image
Credit Google

  "ဟဲလို မောင်လား ....."

"အေး ဘာတုန်း. ... "
တစ်ဖက်မှခင်ပွန်းသည် ဦးခန့် ညား၏
ခပ်ဆတ်ဆတ် ထူးသံကြောင့် မြရိပ်ညို ပြောမည့်
စကားတွန့်ခနဲဖြစ်သွားသည်။အသံကိုမတုန်အောင် ပြန်ထိန်းလိုက်ရင်း
"မောင်ဒီနေ့ စောစောပြန်လာလို့ ရမလား
သားလေးက ကစားကွင်းသွားချင်လို့ တဲ့"
"သားကစားကွင်းသွားချင်တာများ
မင်းလိုက်ပို့လိုက်လေ မြရယ်
ဘာမဟုတ်တာလေးကို ဘာလို့ ရေးကြီးခွင်ကျယ်
လှမ်းပြီးဖုန်းဆက်နေရတာလဲ
ငါမအားဘူး ဧည့်သည်တွေကို ကျွေးရ
မွေးရအုံးမယ် ......"
"ဘယ်ဧည့်သည်တွေလဲမောင် ကျွေးရမွေးရမယ့်
လူတွေများလှချည်လား ...."
"ဟ စီးပွားရေးလုပ်နေတာ မြရိပ်ညို
အပျော်တမ်းကစားနေတာမဟုတ်ဘူး
စားရင်းသောက်ရင်းနဲ့လည်း
လုပ်ငန်းကိစ္စပြေလည်သွားတာမျိုး. ...."
"ကိုကြီး ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ
သဲစောင့်နေတယ်မြန်မြန်လာ. ...."
ဖုန်းထဲမှ ပျစ်ချွဲချွဲ တစ်ဖက်မိန်းကလေးအသံကြောင့် ဒေါ်မြရိပ်ညို တစ်ကိုယ်လုံးတုန်ရင်လာသည်။
ဖုန်းကို မွေ့ ယာပေါ်သို့ ပစ်ချလိုက်ရင်း
ခြေလှမ်းများက မှန်တင်ခုံရှိရာသို့ ။
မှန်ထဲမှာပေါ်နေသော မိမိအရိပ်ကို ပြန်ကြည့်လိုက်သည်။ပခုံးထိဆံပင်ရွှေအိုရောင်တွေကို အဖျားမှာ
ကောက်ထားပြီး ပိုးသားပျော့ထမိန် ပိုးအင်္ကျီအပါး
နှင့် လှပသပ်ရပ်နေသော မြရိပ်ညိုက အလန်းကြီး
ရှိပါသေးသည်။ အသက်၃၀ဟု မထင်ရလောက်
အောင် နုဖတ်နေကာ ကြည့်လိုက်တာနှင့်
ချမ်းသာသော ဂုဏ်သရေရှိသော မိန်းမတစ်ဦး
အဖြစ် သိသာစေလေသည်။ထိုမိန်းမကို ပစ်ထားပြီး အသစ်အသစ်သော မိန်းကလေးများဆီမှ သာယာမှုရှာတတ်သော ခင်ပွန်းသည်ကိုတော့ မြရိပ်ညို
မထိန်းနိုင်ခဲ့ပါ။
image
Credit Google
လွန်ခဲ့သော ၆နှစ်ခန့်ကအချိန်ကိုပြန်သတိရမိသည်။
မြရိပ်ညိုနှင့်မောင်က အသက်၂၀ ၀န်းကျင်တွင်
အိမ်ထောင်ကျခဲ့ပြီး စီးပွားရေးကို အတူတကွ
ကုန်စိမ်းရောင်းကာ ပင်ပင်ပန်းပန်းရှာဖွေ
စားသောက်ခဲ့ရ၏။ထိုအချိန်တုန်းက စီးပွားရေး
မပြေလည်ခဲ့သော်လည်း မြရိပ်ညိုပျော်ခဲ့ရပါသည်။ မောင်ကလည်း အသောက်အစား အပျော်အပါးလုံးဝရှောင်ကြဉ်ကာ ကြိုးစားခဲ့သည်။ သားလေး
မွေးလာပြီးနောက်ပိုင်း တရိပ်ရိပ်တက်လာသော
စီးပွားရေးနှင့်အတူ ခရီးသွားအေဂျင်စီတစ်ခုကို
ထူထောင်နိုင်သည်အထိ အဆင်ပြေခဲ့သည်။
ချမ်းသာလာပြီးနောက်ပိုင်းတွင် မောင်ပြောင်းလဲသွားသည်။နေ့ စဉ် သောက်စားလာမှုများ ၊ ကောင်မလေးငယ်ငယ်လေးများကို စပွန်ဆာပေးမှုများ၊
ဟို ကေတီဗီရှေ့တွင်တွေ့ သည် ဒီနေရာတွင်တွေ့ သည် စသည့်သတင်းများက မြရိပ်ညိုနားကို ၀င်လာသည်။သည်းမခံနိုင်တော့သည့်အဆုံးလွန်ခဲ့
သော ၃နှစ်ကတော့ ပြဿနာအကြီးအကျယ်တက်
ကြသည်။မောင်ကဘာပြောသလဲဆိုတော့
ငါကောင်မလေးတွေနဲ့ ဘယ်လောက်ရှုပ်ရှုပ်
အလင်းထဲကို ဘယ်နှစ်ခါခေါ်ဖူးသလဲ၊ ပွဲဘယ်နှစ်ခါတွဲတက်ဖူးသလဲ မင်းကို ကတော်နေရာမှာ ထားထားတာလေ အဲ့တစ်ခုတည်းနဲ့ မင်းကျေးဇူးတင်
သင့်တယ် ဟူသည့် မောင်၏ အောက်တန်းကျ
လွန်းသော စကားလုံးတွေကြောင့် မြရိပ်ညို ထိုမှစ၍ နှုတ်ဆိတ်သွားခဲ့သည်။ မသိသလို မမြင်သလို နေခဲ့သည်။ဟန်ဆောင်ပြုံးတတ်လာသည်။
နာကျင်မှုကို ကွယ်ဝှက်တတ်လာသည်။အဲဒါတွေအားလုံးက မောင်သင်ပေးခဲ့တာပါပဲမောင်။
image
Credit Google
"မေမေရေ့ ဖေဖေကဘာတဲ့လဲလာမှာတဲ့လား"
ဘောလုံးလေးပိုက်ကာ အခန်းထဲပြေးဝင်လာ
သော သားကို ဖက်ထားရင်း ကျလုလုမျက်ရည်များကို သိမ်းလိုက်သည်။
"သားရေ ဒီနေ့ တော့မေမေနဲ့ သွားရအောင်လေ
နော် သားဖေဖေက အလုပ်များနေတယ်တဲ့
နောက်မှလိုက်ပို့မယ်တဲ့"
"ဟုတ်ကဲ့မေမေ"
မြရိပ်ညို သားကို ငုံ့ နမ်းလိုက်ရင်း ကစားကွင်းဆီ
သို့ကားကို မောင်းထွက်လာခဲ့သည်။
သားဟူသောကြိုးတစ်ချောင်းရှိ၍သာ ဒီခင်ပွန်း
သည်ဒီအိမ်ထောင်ကို ဆက်လက် သည်းခံပေါင်း
နေခြင်းဖြစ်သည်။မိခင်စိတ်ကြောင့်သာ မောင့်ဘေးမှာ ယခုတိုင်နေနေခြင်းဖြစ်သည်။ မိန်းမသားစိတ် တစ်ခုတည်းနှင့်ဆိုလျှင် မြရိပ်ညို ထွက်သွားတာ
ကြာပြီ။ သောကများကို ခဏမေ့ကာ သားကို
အချိန်ပေးနေမိ၏။သားက မြရိပ်ညိုရဲ့ဘ၀ သားကို
ပျော်စေချင်သည်လေ။
အိမ်ထဲသို့ ဝင်လာသော ကားသံကြောင့် တီဗီ
ကြည့်နေသော သားကိုခေါ်လိုက်သည်။
"သားရေဖေဖေပြန်လာပြီ သွားကြိုလိုက်အုံး"
သားက အိမ်ရှေ့သို့ ပြေးထွက်သွားလေသည်။
"ဟော ဖေဖေ့သားကလိမ္မာလိုက်တာကွာ ကဲလာ ထမင်းစားရအောင်"
မိသားစုထမင်းဝိုင်းက စိုပြည်လှသည်။ ဦးခန့် ညားက ဟန်ဆောင်ကောင်းသလို မြရိပ်ညိုကလည်း
ပိရိသည်။ သားကို လု၍ ဟင်းများထည့်ပေးသည်။ သားမျက်နှာလေးလဲ ကြည်လာကာ ပျော်ပျော်ရွှင်
ရွှင် စားသောက်ပြီးစီးခဲ့လေသည်။သားကို အိပ်ပျော်သွားအောင် သိပ်လိုက်ပြီး နှစ်ယောက်သား အခန်းထဲဝင်လာခဲ့သည်။ အခန်းတံခါးကို ပိတ်လိုက်တာ
နှင့် နှစ်ယောက်စလုံး၏ ဟန်ဆောင်မျက်နှာဖုံးက ကွာကျသွားကာ မျက်နှာများ တင်းမာသွားလေ
သည်။
"အရမ်းဟန်ဆောင်ကောင်းတာပဲနော် ဦးခန့်ညား"
မြရိပ်ညိုက မဲ့ခနဲ တစ်ချက်ပြုံးလိုက်ရင်း ပြောလိုက်သည်။
"မင်းလည်း တူတူပါပဲမြရိပ်ညို မင်းသမီးလုပ်ရင်
အကယ်ဒမီရမှာသေချာတယ်"
"ရှင်လွန်လွန်းနေပြီလို့ မထင်ဘူးလား ဦးခန့်ညား
သားလေးက တစတစနဲ့ အရွယ်ရောက်လာပြီ
ရှင်လုပ်နေတဲ့ လုပ်ရပ်တွေကို ဆင်ခြင်ဖို့
ကောင်းတယ်။အခုရှင့်ရှေ့မှာရှိနေတဲ့ရှင့်မိန်းမက
အလန်းကြီးရှိပါသေးတယ်"
ဦးခန့်ညားကဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။
"မင်းတရားမရသေးဘူးလားမြရိပ်ညို
သူဌေးကတော်ဘ၀ကို ခံယူပြီး အေးအေးဆေး
ဆေးနေစမ်းပါ။ ငါမောလာတယ်။ဘာစကားမှ
လာမပြောနဲ့"
ဦးခန့် ညားက ဟိုဘက်လှည့်လိုက်သည်။
မကြာမီပင် တရှုးရှုးနှင့် အိပ်ပျော်သွားလေပြီ။
အိပ်မပျော်နိုင်သေးတာက မြရိပ်ညို။ မောင်တို့
ယောက်ျားတွေကို နားမလည် ။ယောက်ျားတွေဟာ ဆင်းရဲဒဏ်ကိုခံနိုင်သလောက် ချမ်းသာဒဏ်ကို
မခံနိုင်ဘူးဆိုတာ တစ်ကယ်လား။မိန်းမသားတွေက အစစအရာရာကို ချုပ်တည်းပြီး သိက္ခာရှိစွာ နေနိုင်သလောက် မောင်တို့ယောက်ကျာ်းတွေဟာ
သာယာမှုနောက်ကို လိုက်လေ့ရှိသလား။အချစ်နဲ့ သာယာမှုဆိုတာ ယောက်ျားတစ်ယောက်ဆီမှာ
ထပ်ခါထပ်ခါ ဖြည့်စွက်ခံစားလို့ ရတဲ့အရာမျိုးလား။မိန်းမတစ်ယောက်ကတော့ တစ်ခါပဲချစ်ပြီး အဲ့ဒီ
တစ်ယောက်ထံပါးမှာပဲ သာယာမှုရှိရတာမျိုးလား။
ယောက်ျားတစ်ယောက်က ပြင်ပမှာ သာယာမှု
အကြိမ်ကြိမ်ရှာလည်း အဲဒါကို အပြစ်ရယ်လို
့မသတ်မှတ်ပဲ တစ်သက်လုံး လိပ်ပြာလုံလုံနေသွား
နိုင်တာမျိုးလား။မိန်းမတစ်ယောက်က ပြင်ပမှာ
တစ်သက်မှာတစ်ခါသာ သာယာမှုရှာခဲ့ရင်တောင် အပြစ်ရယ်လို့ သတ်မှတ်ခံရပြီး တစ်သက်လုံး
စိတ်မလုံစွာ နေသွားနိုင်တာမျိုးလား။
မတရားလိုက်တာမောင် ။မြရိပ်ညိုတို့ မိန်းမသား
တွေဘ၀ မတရားလိုက်တာ။ ဆူးပေါ်ဖက်ကဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ် ဆူးကျလည်းဖက်ပေါက်
တစ်ဆိတ်တော့ မတရားလွန်းလှပါတယ်မောင်။
ညကတဖြည်းဖြည်း တိတ်ဆိတ်လာသည်။ မြရိပ်ညို၏ မျက်ဝန်းမှ မျက်ရည်ပူများကတော့ အခုထိ အရှိန်ကောင်းစွာ စီးဆင်းနေဆဲ...........
image

Author by Pyae Sone Aung

MSC - 023

Sort:  

အရေးအသားအများကြီးကောင်းပါတယ်

ဟုတ် ကျေးဇူးပါ ကိုစိုးရေ
ဆက်ပြီးကြိုးစားပါ့မယ်ဗျ

အသက်ကြီးလာတဲ့ခါ ဦးခန့်ညားကြီး နားလည်လာမှာပါ။
သိပ်နောက်မကျပါစေနက် လို့ပဲဆုတောင်းလက်ပါဒေ :D
အားပေးခဲ့ပါတယ်နော်

ဟုတ်ကဲ့ပါ ဒေါ်အပျိုကြီးရယ်.....သဘောတရားလေးတွေ မြင်တတ်အောင်လို့ တင်ပြလိုက်တာပါဗျာ

ငင့် နာမျန်း ဒေါ်အပျိုကြီးလုပ်နာ ။ mazin လောက်တော့လုပ်လက် a

သနားပါတယ်မြရိပ်ညို၊မတရားဘူး

သဘောတရားလေးတွေ မြင်တွေ့လာအောင် တင်ပြပေးလိုက်တာပါ
စိတ်မကောင်း ဖြစ်ပါနဲ့ အပျိုကြီးရယ် ဟဲ ဟဲ

ကောင်းတယ် ညီလေး

ကျေးဇူးတင်ပါတယ်ဗျာ ခုလိုအားပေးတဲ့ အတွက်...

အရေးအသားမိုက်တယ် bro

ကျေးဇူးပါဗျာ..

ဟုတ်ပါ့ကွယ် အမှန်တရားလေးတွေပါ။ စိတ်ကူးနဲ့ အရေးအသားလေးကောင်းတယ်။

ဟုတ်ကဲ့ပါအကို ကျေးဇူးပါပဲဗျာ အခုလိုလာအားပေးသွားလို့

တေိာတယ်ဗျာ

ကျေးဇူးပါဗျာ....

ဇာတ်လမ်းလေးကောင်းတယ်..bro

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57475.27
ETH 2375.39
USDT 1.00
SBD 2.34