အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာတဲ့အခါ

in #myanmar7 years ago (edited)

ကြိုးစားမှသာ အောင်မြင်နိုင်မည် ဟူသည့် စကားအတိုင်း အမှန်တကယ် ကြိုးစားမှသာ အောင်မြင်တဲ့သူ တစ်ဦးဖြစ်နိုင်ပေမည်။ လွယ်ကူသော အရာမဟုတ်ပေ၊ ခက်ခဲကြမ်းတမ်းသော အရာများ၊ ဒုက္ခများနှင့် ကြုံတွေ့သော်လည်း ကျော်ဖြတ်နိုင်မှသာလျှင် ပန်းတိုင်ကိုရောက်ရှိနိုင်မည်။ တဖြည်းဖြည်း ကြိုးစားလာရင်း တည်ငြိမ်ရင့်ကျက်တဲ့ သူတစ်ဦးအဖြစ်သို့ ရောက်ရှိနိုင်မည်။ထိုသို့ အောင်မြင်ရင့်ကျက်လာတဲ့သူ တစ်ယောက်ဖြစ်လာပေမယ့်လည်း ကိုယ့်ရဲ့တပည့်လေးတွေအပေါ် ကောင်းကောင်းဆက်ဆံနိုင်တဲ့သူဖြစ်ရမည်။ ဒါမှသာ မိမိ၏ တပည့်လေးများကလည်း ကိုယ့်အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံကြလိမ့်မည်။ ဤသို့ဖြင့် သင်သည် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာတဲ့အခါ တပည့်လေးများအပေါ် မည်သို့ ဆက်ဆံသင့်သည်ကို အချက်လက်လေးများဖြင့် ရှင်းလင်းအောင် ဖော်ပြထားလိုက်ပါသည်။
image
၁။တပည့်တွေကိုမလိုအပ်ဘဲ တသွေးတသံ၊တမိန့် နဲ့ မခိုင်းပါနဲ့။
၂။တပည့်တွေကို ခိုင်းတဲ့အခါ အရာရာကို အမိန့်နဲ့ မသုံးပဲ ညင်သာစွာ ခိုင်းပါ။
၃။ တပည့်တွေရဲ့ အခက်အခဲ ပြဿ နာတွေကိုတင်ပြခွင့်ပေးပါ၊ရှင်းပြခွင့် ပေးပါ။နားလည်မှု ရှိပေးပါ။
၎။ တပည့်တွေကို မလုပ်သင့်လို မလုပ်တဲ့အရာတွေကို အတင်းဖိအားပေး မခိုင်းပါနဲ့။ မိမိခိုင်းစေမှုအပေါ် သူတို့ ဘာကြောင့် ငြင်းဆန်သလဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားပါ။ဖြစ်သင့်တာကို ဦးစားပေးပါ။ မိမိ၏ အတ္တကို ရှေ့တန်းမတင်ပါနဲ့။
၅။ တခါတရံ အဆင်မပြေတာလေးတွေကို ဘယ်နေရာမှအသုံးမကျဘူး ။ သုံးစားလို့ကို မရဘူး ။အလကားကောင်တွေပါ စသဖြင့် ထပ်ခါထပ်ခါ အပြစ်တင်ပြောဆိုတာမျိုးတွေ မပြောမိပါစေနဲ့။
၆။ မိမိ မိသားစုနဲ့ ပြဿ နာဖြစ်လာတဲ့အခါ အလုပ်ခွင်မှာ သွားပြီး တပည့်တွေအပေါ် ပေါက်ကွဲမှု မဖြစ်ပါစေနဲ့၊မိမိစိတ်ကို ထိန်းချုပ်ပါ။
၇။ တပည့်တွေအပေါ် စာနာနားလည်ပေးပါ ။မေတ္တာထားပါ။ ဒေါသလွှမ်းမိုးမှု မဖြစ်ပါစေနဲ့။
၈။ တပည့်တွေရဲ့ လုပ်ဆောင်ချက် အောင်မြင်မှုအပေါ် မုဒိတာပွားပေးပါ။
၉။ တပည့်တွေ အထင်သေး အမြင်သေးဖြစ်စေနိုင်တဲ့ ဝတ်စားဆင်ယင်မှု၊ပြောဆိုဆက်ဆံမှု၊ စားသောက်နေထိုင်မှု ၊ အအိပ်ကြီးမှု၊ အစားကြီးမှု တွေကိုလည်း ပြုပြင်ပေးပါ။
၁၀။ တပည့်တွေရဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့်ကို အပြည့်အဝပေးပါ။ သူတို့ကို မိမိအသုံးချလိုက်တဲ့ နာရီတိုင်း သူတို့ရဲ့ရပိုင်ခွင့်ကို အပြည့်အဝပေးဖို့ မမေ့ပါနဲ့။ ဒီအချိန် ဒီနာရီလောက်နဲ့ သူတို့အတွက် ဘာမှမဖြစ်ပါဘူးလို့ သင်ကတွေးခဲ့မယ်ဆိုရင် သင်ကရော ဒီအချိန် ဒီနာရီအထိ ဆက်ပြီးခိုင်းခဲ့ အသုံးပြုခဲ့တာလဲ။သင်ကိုယ်တိုင် အကျိုးရှိမှန်းသိလို့ ခိုင်းခဲ့တာဖြစ်သည့်အတွက်ကြောင့် မိမိခိုင်းတဲ့ အပေါ်မှာ သူတို့ရလဒ်ကိုလည်း ပြန်စဉ်းစားပေးရမည်။
၁၁။ တပည့်တွေရဲ့ လုပ်ဆောင်မှုစွမ်းရည်ကို အမြင့်မားဆုံးလိုချင်လျှင် သင့်ဘက်ကလည်း အမြင့်မားဆုံးလုပ်အားခကို ပေးဖို့ဝန်မလေးပါနဲ့။
၁၃။ လုပ်ငန်းရှင်တိုင်းဟာ အထက်ပါစည်းမျဉ်းစည်းကမ်းကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးနိုင်ပြီဆိုလျှင် သင်ဟာဆရာကောင်း၊လူကောင်း၊လုပ်ငန်းရှင်ကောင်း လူကြီးလူကောင်း တစ်ယောက်ဖြစ်လို့ လူအများရဲ့ ချစ်ခင်မြတ်နိုး ရိုသေလေးစားမှုကို ရရှိစေမည်ဖြစ်ပြီး အစစအရာရာတတ်သိနားလည်တဲ့ စီးပွားရေးလုပ်ငန်းရှင်ခေါင်းဆောင် တစ်ယောက်မလွဲဧကန် ဖြစ်ပါလိမ့်မည်။
image
ထို့သို့သော အချက်များဖြင့် ပြည့်စုံမှသာ ခေါင်းဆောင်ကောင်းတယောက်၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တယောက်ဖြစ်နိုင်ပေမည်။ မည်သည့်အရာမှ လွယ်ကူချောမွေ့လိမ့်မည်မဟုတ်။ အခက်ခဲများကိုလည်း ရင်ဆိုင်ဖြတ်သန်းနိုင်ရမည်။ အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက်။ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်စေရန် ရည်ရွယ်ရေးသားလိုက်ခြင်း ဖြစ်ပေသည်။
Photo from Facebook.
Pyae Sone Aung
MSC 023

Sort:  

ရေးပါ ရေးစရာတွေအများကြီးကျန်နေပါသေးတယ် ဘာလို့ပျောက်သွားလဲ

ဟုတ်အကို နောက်အမြဲရေးပါ့မယ်

ဟုတ်ကဲ့ မှတ်သားထားပါ့မယ်ဗျ

Thanks you bro

Good ပါတယ်​...​ကျေးဇူးပါ

5tin! အောင်မြင်ပါစေ

မှတ်​သားထားပါမယ်

ဟုတ်ကဲ့ပါခည

လာပြောင်နေတယ်နော် ဒိုမီကြီး

မင်္ဂလာပါ အကို ဖတ်ရတာအားဖြစ်စေပါတယ်ဗျ ကျေးဇူးပါ

Follow and vote လေးလုပ်ပေးပါအုံးဗျ အကိုရေ ဒီထက့်မကအောင်မြင်ပါစေ အကို

အနှစ်​သာရရှိတဲ့message​လေးတစ်​ပုဒ်​ပါ

တကယ်အသုံးဝင်တဲ့စာတစ်ပုဒ်ပါ ကျေးဇူးတင်ပါတယ်ဗျ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64349.20
ETH 2673.53
USDT 1.00
SBD 2.83