ကျွန်တော့် ဘဝအတွေ့အကြုံများ

in #myanmar7 years ago (edited)

လွန်ခဲ့သော ၁၄ နှစ် ၂၀၀၄ ခုနှစ် ပတ်ဝန်းကျင် ကာလကဖြစ်ပါသည်။
အဆိုပါအချိန်တွင် ကျွန်တော်သည် ကျောင်းပြီးခါစ ကာလသာဖြစ်ပြီး
လက်ရှိအလုပ်သို့လည်း မဝင်ရသေးပဲ ဖြစ်နေပါသည်။ အဆိုပါ ကြား
ကာလတွင် ကျွန်တော်သည်ဂျာနယ်တိုက် တစ်ခုတွင် အလုပ်တစ်နေ
ရာစာ ဝင်ရောက် လျှောက်ထားခဲ့ပါသည်။ အတိုချုံးဆိုရလျှင် အင်တာဗျူး
အောင်မြင်ခဲ့ပြီး အဆိုပါ ဂျာနယ်တိုက်တွင် အလုပ်လုပ်ခွင့်ရခဲပါသည်။
ထိုသို့ဝင်ရောက် လုပ်ကိုင်ခွင့်ရခဲ့ခြင်းသည်ပင် ကျွန်တော့် ဘဝအတွက်
အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများကို ရရှိစေခဲ့ပါသည်။

translate

အဆိုပါဂျာနယ်တိုက်သည် အမေရိကန်က အီရတ်ကို တိုက်သည့်အချိန်
မှ စ၍ နာမည်ကျော်ကြားလာခဲ့ပြီး နောက်ပိုင်းတွင် နာမည်ကျသွားခဲ့ပါ
သည်။ မြန်မာ့ဂျာနယ်လောကတွင် အစောဆုံးပေါ်ပေါက်ခဲ့သော နိုင်ငံ
တကာရေးရာ သတင်းဂျာနယ်ဖြစ်ပါသည်။ လက်ရှိအချိန်တွင်လည်း
ဆက်လက်လည်ပတ်ဆဲဖြစ်သည်ဟုထင်ပါသည်။ အဆိုပါ ဂျာနယ်၏
အားသာချက်မှာ ဈေးနှုန်းချိုသာခြင်းပင်ဖြစ်ပါသည်။ ပိုင်ရှင်မှာ ဆရာ
ဝန်တစ်ဦးဖြစ်သည်ဟု သိရှိရပါသည်။

အဆိုပါဂျာနယ်တိုက်၏လုပ်ငန်းဆောင်ရွက်ပုံမှာ အခြားဂျာနယ်တိုက်
များနှင့် မတူဟုထင်မြင်မိပါသည်။(အခြားဂျာနယ်တိုက်များ မည်သို့
လုပ်ဆောင်သည်ကိုမူ မသိပါ)ကျွန်တော် လုပ်ခဲ့ဖူးသော ဂျာနယ်တိုက်
တွင် တစ်ပတ်လျှင် ဂျာနယ် ၆ စောင်ထွက်ပါသည်။ နိုင်ငံတကာရေးရာ
နှင့် ပတ်သက်၍ ဂျာနယ်နှစ်စောင် (နိုင်ငံတကာရေးရာ သတင်းဂျာနယ်
နှင့် ရောင်ခြည်မိုး သတင်းဂျာနယ်) အလားတူပင် ဘောလုံးနှင့် ပတ်
သက်၍ ဂျာနယ်နှစ်စောင် နှင့် အခြား ဂျာနယ်နှစ်စောင်တို့ဖြစ်ပါသည်။
ကွန်ပျူတာ၊ စာစီသမား၊ အယ်ဒီတာနှင့် ဘာသာပြန်တို့ကို မျှဝေသုံးစွဲ
ပါသည်။ ဂျာနယ်ခြောက်ခုလုံးအတွက်ကို လစာတစ်ခုထဲနှင့် ခိုင်း
ထားခြင်းဖြစ်ပါသည်။အခြာဂျာနယ်တိုက်များ ထိုမျှလောက်ပမာဏကို
ထုတ်နိုင်မည်မဟုတ်ဟု ထင်မြင်ယူဆမိပါသည်။ အယ်ဒီတာ ဆို
သည်မှာလည်း ဘာသာပြန်သမား ဘာသာပြန်နေချိန်တွင်
ထိုင်စောင့်နေပြီး ဘာသာပြန်သမားပြီးသွားပါက အဆိုပါစာမူကို
စာစီသမားထံသို့ပို့၍ စာရိုက်ရာတွင် အမှားအယွင်းမရှိစေရန်
စစ်ပေးခြင်း၊ ဘေးမှပြောပြခြင်းများကို ပြုလုပ်ရပါသည်။

ပြင်ပမှ နာမည်ကြီးဆရာကြီးများကို စာမူခများများပေး၍ ငှားရမ်းထား
ပါသည်။အသစ်ဝင်ရောက်လာသူများကို လုပ်ခအနည်းငယ်
သာပေး၍ ခိုင်းစေပါသည်။ လပြည့်ပြီး ငါးရက်မြောက်နေ့တွင်မှ
လစာထုတ်ပေးပါသည်။ လစာထုတ်ပြီးချိန်တွင် အလုပ်မှထွက်မည်
ဆိုပါက ၅ရက်စာ လစာဆုံးရှုံးပါသည်။ ဂျာနယ်ကို ဈေးပေါပေါဖြင့်ရောင်း
၍ ဂျာနယ်စောင်ရေများများထုတ်ပါသည်။ လစာတစ်ခုထဲနှင့် ဂျာနယ်
ခြောက်ခုစာလုပ်ရပါသည်။ ကျွန်တော်အလုပ်ဝင်ခဲ့စဉ်က ဘာသာပြန်
အနေဖြင့် ဝင်ခဲ့ခြင်းဖြစ်ပါသည်။ မှတ်မှတ်ရရ overtime ဆင်းခဲ့ရပါ
သည်။ အဆိုပါညတွင် စာမူများမပြီးသေး၍ သူဌေးလူယုံမှ စာမူများရေး
ခိုင်းခဲ့သဖြင့် ည ၈ နာရီလောက်မှ ပြန်ခဲ့ရပါသည်။ အဆိုပါ ဂျာနယ်တိုက်
မှာ ထိုအချိန်က ရန်ကုန်ဘူတာကြီး ကုန်းကျော်တံတားအဆင်းတွင်ရှိပါ
သည်။ နောက်ထပ်အမှတ်တရ တစ်ခုမှာ ထိုလမ်းထဲတွင်ပင် ပေါက်စီ
ဆိုင်တစ်ဆိုင်ရှိပါသည်။ ထိုဆိုင်တွင် လားရှိုး ခုနှစ်လွှာပေါက်စီရောင်း
ပါသည်။ ကျွန်တော်သည် ထမင်းချိုင့်ထည့်လေ့မရှိပါ။ထို့ကြောင့် အဆို
ပါဆိုင်တွင် နေ့လည်စာအဖြစ် ပေါက်စီစားလေ့ရှိပါသည်။ ထိုဆိုင်၏
ထူးခြားချက်မှာ ပေါက်စီစားရန်အတွက် တူချပေးခြင်းပင်ဖြစ်ပါသည်။

အဆိုပါအလုပ်တွင် စစချင်း ၇၅၀၀ ခန့်ရရှိပြီး ကျွန်တော်အလုပ်မှ ထွက်
သည့်အချိန်တွင် ၁၀၀၀၀ ကျော်ခန့်ရနေပြီဖြစ်ပါသည်။ ခန့်မှန်းခြေ သုံး
လခန့်လုပ်ခဲ့သည်ထင်ပါသည်။ ထို့နောက် ထိုအချိန်က လစာ ၅၇၀၀
သာရသည့် အစိုးရအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ယခုအချိန်
တွင် လစာ ၂၅၀၀၀၀ ရရှိနေပြီဖြစ်ပါသည်။ ဘာသာပြန်အလုပ်ကို ဆက်
လက်လုပ်ကိုင်နေခဲ့ပါက ယခုအချိန်တွင် လစာ မည်မျှရမည်ကို မသိနိုင်
ပါ။သို့ပေမဲ့ အဆိုပါ အလုပ်တွင် လုပ်ကိုင်ခဲ့ရသော အချိန်များကို ယနေ့
ထက်တိုင် အမှတ်ရနေဆဲဖြစ်ပါသည်။ ယခုအချိန်တွင် ရန်ကုန်
ဘူတာကြီး ကုန်းကျော်တံတားမှ ဖြတ်သွားဖြစ်သည့်အချိန်တိုင်း
ထိုဂျာနယ်တိုက်ကို လှည့်ကြည့်မိပါသည်။ ပထမဆုံးစလုပ်ခဲ့ရသော
အလုပ်ဖြစ်ခြင်းကြောင့် ယခုအချိန်ထိ မမေ့နိုင်သေးပါ။အဆိုပါအ
လုပ်ကြောင့် ကျွန်တော့်၏ translaion skill ပိုမိုကောင်းမွန်လာသည်
ဆိုသည့်အချက်ကိုတော့ ငြင်းစရာ အကြောင်းမရှိပါ။
(အဆိုပါဂျာနယ်တိုက်သည် ယခုအချိန်တွင် မူလနေရာမှ ပြောင်းရွှေ့
ခဲ့ပြီးဖြစ်ပါသည်။)


myanmar steemit greeting.PNG

upvote

Written by @ptcmyanmar
MSC 095

msc.PNG

Image link : 1,2,3

Sort:  

ဘဝအတွေ့အကြုံလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်
နောက်လဲဝေမျှပါဦးခင်ဗျ

စတိုင်ပြောင်းရေးထားပါတယ်။ နေ့လည်ပိုင်းလောက်အထိတော့ အားမယ်မထင်ဘူး။၇ နာရီမထိုးခင်အထိတော့ reply ပြန်နိုင်အောင်ကြိုးစားသွားပါ့မယ်။ vm ပေးသူများကို ကျေးဇူးတင်ပါတယ်။

good post par

This post has received a 0.57 % upvote from @booster thanks to: @ptcmyanmar.

ကောင်းပါ့ဆရာကြည်

စာရိုက်တာဝါသနာမပျောက်သေးလို့ အခု steemit မှာ အလုပ်ဝင်နေတာပေါ့ ဟိ စတာပါဆရာ အတွေ့အကြုံလေးတွေ ဗဟုသုတ ရပါတယ် ကျေးဇူပါဆရာ

The @OriginalWorks bot has determined this post by @ptcmyanmar to be original material and upvoted it!

ezgif.com-resize.gif

To call @OriginalWorks, simply reply to any post with @originalworks or !originalworks in your message!

Please note that this is a BETA version. Feel free to leave a reply if you feel this is an error to help improve accuracy.

အစဦးဆုံး​တွေဆို ပိုပြီးမှတ်​မိတတ်​ကြပါတယ်​။

ရန်ကုန် ဘုတာကြီး ဂုံးကျော် ဆိုတော့
ပန်းဆိုးတန်း ဂုံးကျော် ပေါ့ ဆရာ ကြည်

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 63345.39
ETH 3130.58
USDT 1.00
SBD 2.48