အကောက်တောင် သို့အလည်တစ်ခေါက်

in #myanmar6 years ago (edited)

20171229090522_IMG_1863.JPGပြည်မြို့နယ်စု ထုံးဘိုမြို့အနီးမှာ တည်ရှိတဲ့ "အကောက်တောင် (ခ) ရတနာ ပုဥ္ဒတောင်တော်မြတ် "

ဗုဒ္ဓဆင်းတုတော်တွေကိုအကုန်လုံးကို ကျောက်သားနံရံမှာထွင်းထုထားပြီး ရှေးဟောင်းကျောက်ဆစ်လက်ရာများဖြစ်ပါတယ်။ ကျောက်သားနံရံများရေဆေးပန်းချီများကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။
ထူးခြားချက်ကတော့ အဲ့ဒီဘုရားဆင်းတုတော်တွေကို ရှေးခေတ်သင်္ဘောကုန်သည်ကြီးတွေကထွင်းထုခဲ့တာဖြစ်ပါတယ်။ ဘာလို့အဲ့လိုထွင်းလည်းဆိုတော့ အစက ကုန်သည်ကြီးတွေကဧရာဝတီမြစ်ကြောင်းအတိုင်းကုန်ရောင်းကုန်ဝယ်လုပ်တော့ ရက်ရှည်လများခရီးထွက်ကြရတယ်လေ အဲ့တော့ အိမ်ကဇနီးသည်တွေကိုလွမ်းကြတော့ ဒါနဲ့ပဲဒီအကောက်တောင်နားရောက်တော့ အနားယူကြရင်နဲ့သူတို့ရဲ့လွမးဆွတ်တဲ့အိမ်ကဇနီးမယားရုပ်တွေကိုပုံဖော်ကြတာပေါ့။ (ဒီဘက်ခေတ်လို ဓါတ်ပုံမှမရှိတာကိုးနော့်) အာ့နဲပဲ ကုန်သည်အကြီးအကဲခေါင်းဆောင်က အဲ့လိုရုပ်တုထုမယ့်အစား နောင်လာနောက်သားတွေပါကိုးကွယ်လို့ရအောင် ဘု၇ားဆင်းတုတော်ပဲထုကြဆိုပြီး ပြောင်းထုကြတယ်တဲ့။
ဆင်တုတော်များထဲတွင်

  • ထိုင်တော်မူဆင်းတု (246)ဆူ
  • ရပ်တော်မူဆင်းတု (109)ဆူ
  • လျှောင်းတော်မူဆင်းတု (15) ဆူခန့်၇ှိပါသည်။ (ကိုယ်တိုင်ေ၇ထားခြင်းမဟုတ်ပါ ။ အကောက်တောင်မှရှင်းပြသောညီမလေးပြောပြတာကိုရေးသားခြင်းဖြစ်ပါသည်။ :)

နောက်တစ်ခုထူးဆန်းတာက တော့အကောက်တောင်ဟာ ပဲခူးတိုင်းတွင်ရှိတဲ့ထုံးဘိုမြို့ရဲ့အဆုံး ဧရာဝတီတိုင်းကြံခင်းမြို့ရဲ့အစ ကြားမှာတည်ရှိပြီး ရေလည်မှာတော့ ပဲခူးတိုင်းမှကြိုဆိုပါ၏ နှင့် ဧရာဝတီတိုင်းမှကြိုဆိုပါ၏ ဆိုပြီးရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။
အကောင်တောင်ကိုေ၇လမ်းကသွားပြီး လှေခါးလေးတွေကနေတတ်ရင်း ရှူခင်းကြည့်ရင်းနဲ့ အပေါ်ကိုမမောမပန်းနဲ့ရောက်သွားပါတယ်။ တောင်ပေါ်မှာ သတ်သတ်လွှတ်ကျွေးတဲ့ဘုန်းကြီးကျောင်းလေးလည်းရှိပါတယ် ။

မြန်မာပြည်ရဲ့အလှအပနဲ့ ရှေးကျောက်ဆစ်လက်ရာများကို သဘောကြတယ်ဆိုရင်ဖြင့် တစ်ခေါက်တော့ သွားလည်စေချင်ပါတယ်။

Welcome Myanmar : PYAY ** Akauk Taung**
Akauk Taung Pagodas with the boat. Boats can see the side of the mountain pagodas.!
20171229090717_IMG_1866-01.jpeg20171229090933_IMG_1872-01.jpeg20171229092745_IMG_1897-01.jpeg1299717279.jpg932708466.jpg20171229090826_IMG_1870.JPG20171229091023_IMG_1874.JPG

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 64381.21
ETH 3475.67
USDT 1.00
SBD 2.50