-"တစ်ခုခုကို မြဲမြဲကိုင်ထား"-
![aid1009600-v4-728px-Be-Successful-in-Life-Step-4-Version-3-01.jpeg](https://steemitimages.com/DQmYSg452q68HkivrSEt8T4UanFkuU2UJJaaaF8UdYsQFyL/aid1009600-v4-728px-Be-Successful-in-Life-Step-4-Version-3-01.jpeg)
စတီးမစ်မြန်မာများ အားလုံး မင်္ဂလာပါခင်ဗျာ။
2017 sep လမှာ ကျွန်တော် steemit account စတင်ခဲ့ ပြီး MSC-071 ဖြင့်လက်တွဲခဲ့ပါသည်။ ကျွန်တော်သည်အမြဲအ ကြောင်း အရာ တစ်ခုကိုနားလည် သဘော ပေါက်မူ လွဲချော်တတ်ပါသည်။ စိတ်ထဲ ရင်ထဲ့ကပါ ၍ကန့့် လန့် တိုက်ပြုလုပ်ခြင်းမရှိပါ။စိတ်ဝင်စားမှူ နည်းပါ၍ နားလည် မူလွဲ ချော်ခြင်းမျိုးလည်း မဟုတ်ပါ။ ကျွန်တော်ကြိုက်၍ လုပ် သော အလုပ်အား ကျွန်တော်စိတ်ဝင်စားပါသည်။
ထိုအကျင့်ဆိုး နှင့်ပတ်သတ်၍ MSC အပေါ် စည်းကမ်း ဖောက်သကဲ့သို့ တလွဲများ နှစ်ကြိမ်တိတိ ပြုလုပ်ခဲ့မိဖူးပါသည်။ ကျွန်တော်ကိုယ်တိုင် ဝန်ခံတောင်းပန်ခဲ့ပါသည်။ အကြောင်း အရာ တစ်ခုမှာ weekly power up ခြင်းပင်ဖြစ်သည်။ သတ်မှတ်ထားသည်က 1 SBD ဖိုးpower up ရမည်။ ကျွန်ုပ်သေချာသိပါသည်။ သို့သော် ကျွန်တော် 1 steem ဖိုးသာ power up မိလိုက်သည်။ Leader များ၏ သတိ ပေး မူကိုခံခဲ့ရပါသည်။ ကျွန်တော်၏ ပေါ့ဆသော အပြု အမူ ကြောင့်သာဖြစ်ပေလိမ့်မည်။ Wallet နှင့်ရင်းနှီးမှူ သိပ်မရှိ သည်လည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ဒုတိယ အကြောင်းအရာမှာ စည်းကမ်းအား ချိုးဖောက်မိသော ပြဿနာဖြစ်ပေသည်။ ရည်ရွယ်ချက် တစ်ခုကြောင့် ချိုးဖောက် ခဲ့ခြင်းမျိုးမဟုတ်။ MSC အားကျွန်တော် သစ္စာဖောက်မည် မဟုတ်ပါ။ MSC မှသတ်မှတ်ထားသော တခြား group များတွင် member ဖြစ်၍ မရပါဟုသော စည်းကမ်း နှင့် ညှိစွန်း မိခဲ့ပါသည်။ ဖြစ်စဉ်မှာ ကျွန်တော် group တစ်ခု တွင် member ဖြစ်နေပါတော့သည်။ member ဆိုသည်မှာ ၄င်း group နှင့်ပတ်သတ်မူမရှိဘဲ face-book group တစ်ခုတွင် ပါဝင်မိနေခြင်းဖြစ်ပေသည်။
ကျွန်တော်သည် Steemit သို့ စတင်ခဲ့သည်နှင့် MSC တစ်ခုတည်းနှင့်သာ လက်တွဲခဲ့ပါသည်။ တခြားသော အဖွဲ့အ စည်းများနှင့်လုံးဝ (လုံးဝ)ပတ်သတ်မှူမရှိခဲ့ပါ။ အထက်ပါအ ကြောင်းအရာများသည်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန် ခဲ့သည်မျိုးမဟုတ်ကြောင်း ဆရာ ဦးတင်လှိုင်ဦးနှင့် တကွ ကြီး ကြပ်ရေးအဖွဲ့သို့ အောက်ပါ အတိုင်းဝန်ခံကတိပြုခဲ့ပါသည်။
![received_577393912638206.jpeg](https://steemitimages.com/640x0/https://steemitimages.com/DQmdk3QQg96dmob55HnVXoqzWrFBvULgw1SaphYsvcSnMhQ/received_577393912638206.jpeg)
ကျွန်တော်သည် အလုပ်တစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲ လုပ်ပါ သည်။ ကျွန်တော်စိတ်ဝင်စားသည့် အလုပ်၊ ကျွန်တော် ကျွမ်း ကျင်သော အလုပ်တစ်ခုသာ အာရုံစိုက်ပါသည်။ စာအုပ်များ၊ လူကြီးသူမများက လည်းအလုပ်တစ်ခုကိုသာ ဂရုတစိုက် လုပ်ရန် ဆုံးမမှူကို နာခံ ခဲ့ရပါသည်။ အကြောင်းအရာ အားဖြင့် စပ်လျဉ်း သဖြင့် "တစ်ခုခုကိုမြဲမြဲ ကိုင်ထား" ဟုသော အ ကြောင်းအရာလေးကို ဖော်ပြချင်မိပါသည်။
ရွာကလေး တစ်ရွာတွင် ကျွုန်ပ်၏ ဇာတ်လိုက်ကျော်သည် တက္ကသိုလ် ၌ပညာသင်ရန် ထွက်ခဲ့လေသည်။ တက္ကသိုလ် ရောက်သော် ဆရာကြီးမှ မိမိနှစ်သက်သောပညာကို လေ့လာ စေရန် ကြည့်ရှူ့စေသည်။ ဇာတ်လိုက်ကျော်သည် ဓားခုတ်လှန်ထိုး ပညာရပ်အား စိတ်မဝင်စား၊ ဆင်စီးမြင်းစီး သောပညာရပ်၌လည်း စိတ်မဝင်စား၊ အရောင်းအဝယ် ကုန်သည် ပညာရပ်တွင်လည်း စိတ်မဝင်စားသဖြင့် နောက်ဆုံး မိန်းကလေးများ အများစု သင်ကြားနေသော အချုပ် အလုပ် ပညာတွင် စိတ်ဝင်စားကာ နေတော့သည်။
![029y26ieuh-01.jpeg](https://steemitimages.com/DQmdsjdUnAaStPnMtZ3jPpD27e1qaq2jo6tbv99bMfxzt9o/029y26ieuh-01.jpeg)
ဤတွင် ဇာတ်လိုက်ကျော်သည် မိန်းကလေးများရှိရာ တွင်သာ နေ့စဉ် ဝဲလည်လည်ဖြင့် ငေးမော နေသည်။ ထိုအခြေအနေ အားရိပ်စားမိသော အချုပ်အလုပ်သင်ကြားရေး ဆရာမ များ သည် ဇာတ်လိုက်ကျော်အား ကောင်မလေးများကို ငမ်းနေ သည်ဟုထင်ကာ ဆရာကြီး ထံ တိုင်ကြားလေတော့သည်။
ဆရာကြီး မှ ကျွန်တော်တို့၏ ဇာတ်လိုက်ကျော်အား ခေါ်ကာ မေးမြန်တော့သည်။
"လုလင်ငယ် မိန်းကလေးတွေရှိကာတွင် ဝဲလည်လည်လုပ် နေသည်မှာ မှန်ပါသလား"
"မှန်ပါတယ်ဆရာ"
"ဘာကြောင့်လဲကွဲ့"
"စိတ်ဝင်စားလို့ပါဆရာ"
"မင်းက ဘာကို စိတ်ဝင်စားတာလဲ"ဆရာကြီးဒေါသထွက် သွားသည်။
"အချုပ်အလုပ်ပညာ ပါဆရာ"
ဆရာကြီး အံ့သြသွားပြန်သည်။ ထိုခေတ်၌ အချုပ်အလုပ် ပညာသည် မိန်မများသာ တတ်သင့်၊ လုပ်ကိုင်သင့်သော ပညာ ဟုသတ်မှတ်ထားကြပေသည်။ ယောက်ျား စင်စစ်ဖြစ်လျက် အချုပ်အလုပ်ပညာ အားသင်ယူချင်သည်မှာမဖြစ်နိုင် ကောင်မ လေးများအား စိတ်ဝင်စား၍ သာ ဖြစ်မည်ဟုထင်ကာ ဆရာကြီး က။ လုလင်သင်ကြားလိုသော ပညာရပ်အားသင်ကြား စေခွင့် ပြုခဲ့ပြီ့း တတ်မြောက်နိုင်လိမ့်မည်ဟုမထင်ခဲ့ပေ။
လအနည်းငယ်ကြာသော အချုပ်အလုပ်သင်ကြားရေး ဆရာမ များ သည် ဆရာကြီးထံ လုလင်ငယ်အား သင်ကြားပေးသော ပညာရပ်များ သင်ခန်းစာကုန်သွားပြီးဖြစ်ကြောင်း၊ အများ ခြောက်လခန့် သင်ကြားရသော သင်ခန်းစာအား နှစ်လ အတွင်း တတ်မြောက်သွားပြီး ဖြစ်ကြောင်း ပြောလေသော် ဆရာကြီးမှာ အံဩ ၍ လိုက်ကာ၊ ခန်းစည်း ပြုလုပ်သည့် ပညာ ထပ်မံသင်ကြားစေသည်။ တစ်လခန့်ကြာသော် ထိုပညာရပ် အား တတ်မြောက်သွားပြီးဖြစ်ကြောင်း အများ သုံးလ သင်ကြား ရသည့် သင်ခန်းစာအား တစ်လနှင့်တတ်မြောက်ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြန်သည်။
ဆရာကြီးလည်း လုလင်ငယ်အား မည်ကဲ့သို့သင်ကြားသနည်း သောအခါ ကောင်မလေးများကိုကြောင်၍ အချုပ်အလုပ်ပညာ ရပ်ကိုစိတ်ဝင်စားသည်ထင်၍ တစ်ဦးတည်း သီးသန့်သင်ကြား ပေးခဲ့ကြောင်းပြောကြာပေသည်။ ဆရာကြီးလည်း ချပ်ဝတ်တန် ဆာ ချုပ်လုပ်သည့် အတတ်အား ထပ်မံသင်ကြားပေး ရန်ညွန် ကြားလေသည်။ ထိုနည်းတူစွာ အများ ရှစ်လ သင်ကြားရမည့် သင်ခန်းစားအား သုံးလနှင့် တတ်မြောက်ခဲ့ပြန်သည်။
ဆရာကြီးလည်း တက္ကသိုလ် ပညာရပ်များအား လုံးတတ် ခဲ့ပြီ ဆိုကာ အောင်လက်မှတ် ထုတ်ပေး၍ လူငယ်အား ပြန်လွှတ် လေတော့သည်။ ဇာတ်လိုက်ကျော် လည်း အောင်လက်မှတ် ကိုင်ကာ မိမိရွာသို့ ပြန်လာခဲ့တော့သည်။ အိမ်သို့ရောက်သော် မိဘများ အစ်မများက တက္ကသိုလ် မှပညာဆည်းပူ ၍ ပြန်လာ သော ဇာတ်လိုက်ကျော်အား ဝမ်းပန်းတသာ ဖြင့် ကြိုဆိုကာ တက္ကသိုလ် တွင်မည်သည့် ပညာအား ဆည်းပူးနေကြောင်း ရွာသို့ ခတ္တပြန်လာ သည်လားဟု ခရီးဦးကြို ပြုကြသည်။ အများက သုံးနှစ်သုံးမိုးပညာဆည်ပူးကြသည်ကိုး။
ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် မှလည်းလက်ထဲတွင်ကိုင် ဆောင်ထားသော တက္ကသိုလ် အောင်လက်မှတ်အား ထုတ် ပြလေသည်။ ဖခင်သည် အချုပ်အလုပ်ပညာ၌ အောင်မြင်စွာ တတ်မြောက်သွားပြီဖြစ်ကြောင်း အောင်လက်မှတ် ဆရာကြီး လက်မှတ်ထိုးပေးထားသည်ကိုကြည့် ၍လွန်စွာမှ ဒေါသဖြစ် ကာ အိမ်မှ နှင်ချတော့သည်။
ဆိုခဲ့သည့်အတိုင်း ထိုခေတ်၌ အချုပ်အလုပ်ပညာသည် အမျိုးသမီး များသာ တတ်မြောက်သင့်သောပညာဟု လက်ခံ ထားရာ ယောက်ျား တစ်ယောက်ဖြစ်လျက်ထိုပညာအား အဘယ်ကြောင့်သင်လာသည်ကို ဒေါသဖြစ်ချေသည်။ ဇာတ်လိုက်ကျော်သည်လည်း ယောင်လည်လည်ဖြင့် အိမ်မှ ထွက်လာရတော့သည်။
မိမိတတ်မြောက်ထားသော အတတ်ပညာဖြင့် အသက်မွေး ကြောင်းရမည် ဟုသိကာ အရပ်တကာ ရွာတကာ လှည့်၍ "ပိတ်စ အစုတ်အပြဲများ ရှိကြသလားခင်ဗျ၊ ကျွန်တော် အချုပ် အလုပ်ပညာတတ်ပါသည်" ဟု လမ်း တစ်လျောက် အော် ဟစ် ကာ ခက်ခဲစွာအသက်မွေး ရသည်။ သို့သော် ယောက်ျား ဖြစ်လျက် ထိုအလုပ်အား ပြုလုပ်နေသော လူငယ်အား အံဩစွာ ထွက်ကြည့်သူကကြည့် ကဲ့ရဲ့သူက ကဲ့ရဲ့ဖြင့် မည်သူမျှ ခေါ်၍ မခိုင်းပေ။
အချိန်ကြာလာသည်နှင့် ဇာတ်လိုက်ကျော်သည် မိမိ တတ်မြောက်ထားသော ပညာရပ်အပေါ် သံသယ ဖြစ်လာ သည်။ ယုံကြည့်မှူ လျော့နည်းလာသည်။ ရုပ်ရည်ကဖြင့် အဝတ်အစား ကအစ စုတ်ပြတ် လာတော့သည်။ လူငယ်သည် မိမိပညာအပေါ် မကျေမနပ်ဖြစ်ကာ ဆရာကြီးထံပြန်သွား၍ မိမိ သင်ကြားခဲ့သောပညာရပ်သည် ဟုတ်မှဟုတ်ရဲ့လား ဆရာကြီး ဟုမေးမြန်ခဲ့လေသည်။ ဆရာကြီးကဖြင့် လူငယ်အား ခြေဆုံးခေါင်းဆုံးကြည့်၍ "တပြည့် မင်းမေးသော မေးခွန်းအား မနက်ဖြန် ဆရာကြီးဖြေကြားမယ်" ဟုပြောကြားသည်။
ထိုညက ဖြင့်လူငယ်သည်လည်း ကျောင်း၌သာ အိပ်ခဲ့ပြီး နောက်နေ့မနက်တွင် ဆရာကြီး၏ တပြည့် တစ်ဦးမှ လာနိုး၍ အလူးအလဲ ထခဲ့သည်။ ဆရာကြီးက "တပြည့် မင်း ဟိုရှေ့က သစ်ပင်ပေါ်တက်ကွာ" ဟု ပြောသည်။ ဆရာကြီး ခိုင်း၍ ဇာတ်လိုက်ကျော်သည်လည်း တတ်ရသည်။ သစ်ပင်သည် ဓာတ်တိုင် တစ်တိုင်ခန့်မြင့်၍ လုံးပတ်အားဖြင့် သိပ်မကြီးပေ။ အပင်ပေါ်တွင်တော့ အကိုင်းအခက်တို့ဖြင့် တောင့်တင်းဝေ ဆာ ပေသည်။ လူငယ်လည်း သစ်ပင် အလယ်လောက်ထိ တက်ပြီးသော် "ဆရာကြီးရပြီးလား" ဟုအော်မေးလေသည်။ ဆရာကြီးက "မရသေးဘူး ဟိုးအပေါ်ထိတတ်" ဟုပြောလေ သည်။ သစ်ပင် ထိပ်သို့ရောက်သော် ဆရာကြီးက အားကောင်း မောင်းသန် ယောက်ျား အရင့်အမာကြီး သုံးဦးအား"အဲ့ဒီ သစ်ပင် ကို ခါချကွာ အပေါ်ကကောင် ပြုတ်မကျမချင်းခါချ ပေတော့" ဟုပြောလေသည်။
![poplar-tree-400x600-01.jpeg](https://steemitimages.com/640x0/https://steemitimages.com/DQmcuGT1unTH3SU5BcA2bhcq2sEM5ixxuRfT8cANQm2MkzV/poplar-tree-400x600-01.jpeg)
လူကြီး သုံးယောက်ကလည်း ဆရာကြီး ခိုင်းသည့်အတိုင်း ပြင်းထန်စွာ အပင်အား ခါချတော့သည်။ ဇာတ်လိုက်ကျော် သည် "ဆရာကြီး ကယ်ပါဦး ဆရာကြီးကယ်ပါဦး ပြုတ်ကျပြီး သေတော့မယ်ဗျ" ဆရာကြီးက မကြား။ ကြားသော်လည်း မကြားချင်ယောင်ဆောင်နေသည်။
အတန်ကြာတော့ ဆရာကြီးက "တပြည့် မင်း တစ်ခုခုကို မြဲမြဲ ကိုင်ထား" "တစ်ခုခုကို မြဲမြဲ ကိုင်ထား" "တစ်ခုခုကို မြဲမြဲ ကိုင်ထား" ဟု အော်ပြောလေသည်။ တပြည့်ကလည်း ဆရာကြီးပြောသည့်အတိုင်း သစ်ကိုင်းတစ်ခု မြဲမြဲကိုင်ထား တော့သည်။ ကြာလာတော့ အောက်က ယောက်ျားအသန် အမာကြီးသုံးယောက်ကဖြင့် "ဆရာကြီး ကျွန်တော်တို့ မရတော့ဘူး၊ အားအင်တွေလည်းကုန်နေပြီ၊ အပေါ်ကကောင် လည်းပြုတ်ကျမှာမဟုတ်ဘူး" ဟုပြောလေသည်။
ဇာတ်လိုက်ကျော် သည်လည်း အပင်ပေါ်မှ လျှင်မြန်စွာ ဆင်း၍ "ဆရာကြီး ဘယ်လိုလဲ တပြည့်မေးတာက တစ်ခု ဆရာကြီး လုပ်တာက တစ်မျိုးဖြစ်နေတယ်" ဟုစိတ်ဆိုးသည့် ဟန်ဖြင့် ပြောသည်။ ဆရာကြီးက "တပြည့်အပင်ပေါ်မှာ ဒုက္ခ ရောက်နေ တုန်း ဆရာဘာပြောလဲ" တပြည့်က" တစ်ခုခုကို မြဲမြဲကိုင်ထားလို့ပြော..ပြော.. ဆရာကြီးတပြည့်နားလည်ပါ ပြီဆရာကြီး"ဟု တောင်းပန်က ပြန်သွားတော့သည်။
ဇာတ်လိုက်ကျော်လည်း အားမလျော့ တတ်သည့်ပညာဖြင့် အရပ်တကာ လှည့်ကာ အချာပ်အလုပ်ပညာဖြင့် ကြိုးစားက အသက်မွေးကြောင်းသည်။ ကြာလာသည်နှင့် လူများက မနေသာ ခေါ်ယူက ပိတ်စ အစုတ်အပြဲများ အားအပ်သည်။ အပိုငွေစပင်မရပေ ထမင်းစားရလောက်သည်သာ အသပြာ ရပေတော့သည်။ ထို့မှ တစ်စတစ်စ လက်ရာ သေသပ် စနစ်ကျ မူကြောင့် တစ်အိမ်ပြီး တစ်အိမ်၊ တစ်ရွာပြီး တစ်ရွာ သတင်း ပြန့်ကာ နန်းတော်အတွင်းထိ ပေါက်ကြားသွားသည်။
ဘုရင့်တာဝန်ထမ်းဆောင်သူများကလည်း နန်တော်အတွင်းသို့ ဇာတ်လိုက်ကျော်အား ခေါ်ဆောင်ကာ ပိတ်စ များအား ယုံကြည့်စွာ အပ်နှံ၍ ချုပ်လုပ်စေခဲ့သည်။ တစ်နေ့ တခြားတိုင်း ပြည်မှ မိမိတိုင်ပြည်အား စစ်ထိုးရန် စိန်ခေါ်လေသည်။ ဘုရင် ကြီးသည် မိမိတိုင်းပြည်၌ စိတ်ထားနူးညံ ကြသည့် သူများသာဖြစ်၍ အထိုးအခုတ် အသတ်အဖြတ် မည်သူမှ ပြုလုပ်ဝံ့သူမရှိ။ အားလုံးက စိတ်ထားနူးညံ့ သူများဖြစ်သည်။ ဘုရင်ကြီးလည်း အခက်တွေ့နေတော့သည်။
ထိုအကြောင်းကို ကျွန်ုပ်တို့ ဇာတ်လိုက်ကျာ် ကြားသိသော် မိမိပညာ ဖြင့် စစ်ထိုးမည်သူအား ချပ်ဝတ်တန်ဆာ ချုပ်လုပ် ပေးမည် အပ်ထိုးလျှင်တောင် ပေါက်မည်မဟုတ်ဟုပြော လေသည်။ ထိုစကားကို မင်းကြီး ကြားသော် ဆင့်ခေါ်ယူစေ၍ အမှန်ပင် ထိုကဲ့သို့ စစ်ဝတ်တန်ဆာ ချုပ်လုပ်နိုင်သည်လော။ သင်ကိုယ်တိုင်ဝတ်၍ စမ်းသပ်ခံနိုင်မည်လော။မေးရာ ဝန်ခံလေသည်။ မင်းကြီးလည်း ချုပ်လုပ်ရာတွင် လိုအပ်သည့် ပစ္စည်းကို အချိန်မရွေးတောင်းပါ ဆောင်ရွက် ပေးမည်ဟုပြော ကြားလေ သည်။
ချုပ်လုပ်ပြီးသော် မင်းကြီးသည် ကျွုန်ုပ်တို့၏ ဇာတ်လိုက်ကျော် အား ဝတ်ဆင်စေလျက် စစ်သူကြီးတို့အား ဓားဖြင့်ခုတ် လှန်ဖြင့် ထိုးစေ သည်။သို့သော် မည်သို့မျှ ခုတ်၍ မပျတ်၊ထိုး၍ မပေါက်၊ အင်းအားချင်း မမျှ၍သာ လဲကျသွားသည်သာရှိသည်။ ဘုရင် လည်းများစွာ သဘောကျသွားသည်။ ထိုအဖြစ်အပျက်အား မြင်တွေ့ကြသော တခြား တိုင်းပြည်မျှ သူလျှိုတို့သည် "၄င်းတိုင်ပြည်အား စစ်မကြေငြာ တော့နှင့် ထိုကဲ့သို ချပ်ဝတ်တန်ဆာမျိုးရှိနေကြောင်း အခက်မသင့်ပါက တပ်သားတိုင်းအား ထိုကဲ့သို့ ဝတ်ဆင်စေပြီး နယ်ချဲ့ လာပါက ဒုက္ခရောက်ကြမည် ဖြစ်ကြောင်း" အသီးသီး ပြန်လည် ပြောကြား ကြသည်။ ထိုအခါ စစ်ထိုးရန် ပြန်လည်ရုပ်သိမ်းပြီး ပြန်လည် မိတ်ဆွေဖွဲ့ခဲ့ ပေတာ့သည်။
အချုပ်အားဖြင့်ဆိုသော် မိမိစိတ်ဝင်စား၍ တတ်မြောက်ထား သောပညာရပ်အပေါ် ယုံကြည့်မှူအပြည့်အဝ ရှိပြီး စွဲစွဲမြဲမြဲ လုပ်ကိုင်ပါက တိုင်းပြည် လူမျိုးများအထိ အကြိုးပြုနိုင်ကြောင်း သိရ၍ ကျွန်ုပ်တို့ စတီးမစ်တွင်လည်း "စခဲစခဲ့သည်နှင့် တပြိုင်နက်" ယုံကြည် စွာ ရှေ့ဆက်စေရန်၊ ကျွန်ုပ်ကဲ့သို့ အဖြစ်မျိုး မရှိစေရန် "တစ်ခုခုကို မြဲမြဲကိုင်ထား" ဟုသော ဆုံးမစကားအား ပြန်လည် မျှဝေဖော်ပြလိုက်ပါသည်။
![1522465158704.png](https://steemitimages.com/DQmPR2nuKuEejuT71pNQp6FpAGizQJMbGXWRnmR2PCHwHTS/1522465158704.png)
(ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး)
Writing by phyozawoo
MSC-071
photo by http://johndrury.biz and https://steemitimages.com
အားမငယ်နဲ့ကိုဖြိုးအမှားမကင်းတဲ့သူမရှိဘူးလေ အမှားကိုသိအမှန်ကိုပြင်နိုင်ပီဆိုအောင်မြင်မှာပါတွေဝေမှု့ဘေးဖယ်ကိုယ်ယုံကြည်ရာကိုစွဲစွဲမြဲမြဲလျှောက်ပါဒါကျနော့်အတွေးဘဲ
ဟုတ်ကဲ့ အစ်ကို။အစ်ကို့ အတွေးလည်း မှန်ကန်တာဘဲ။ တွေဝေမှူ့ကို ဘေးဖယ်။
fightingအစ်ကိုရေ
လူဆိုတာအမှားမကင်းကြပါဘူးရှင်။
ဟုတ်ကဲ့ မအိ။
The Tree of Life, or Etz haChayim (עץ החיים) has upvoted you with divine emanations (Sephiroths) of Gods creation itself ex nihilo. We reveal Light by transforming our Desire to Receive for Ourselves to a Desire to Receive for Others. I am a Curation-Bot and Front-Run all Bid-Bots used to promote this post.
ဗဟုသုတရပါတယ်...ဥပမာနှင့်ပြပေးတော့ပိုကောင်းပါတယ်....
ဟုတ်ကဲ့ အစ်မ။ကျေနပ်ပါပြီ။
ထို့ကြောင့် ဝါသနာကို အရင်းခံသောအလုပ်သည် အောင်မြင်မှုကို ပိုမိုရရှိစေတာပေါ့နော် အစ်ကို
ဒါပေါ့ အစ်ကိုရယ်။ ဝါသနာ ကိုအရင်းခံပြီး တစိုက်မတ်မတ် လေ့လာရင် အောင်မြင်မှာပါ။
ကိုယ် နှစ်သက်ရာ လုပ်ရမှ အောင့်မြင်မှာ အာ့ အသေအချာပဲ
ဟုတ်တယ် မမ။
ညီ ခုလိုမျိုးတွေက လူတော်တော်များများဖြစ်တတ်ပါတယ်။စိတ်မကောင်းမဖြစ်ပါနဲ့။
ဟုတ်ကဲ့ပါ အစ်ကို ညီ MSC ကိုချစ်ပါတယ်။
အင်း နားလည်မှုလွဲတာပါ
ဟုတ်ကဲ့ အစ်ကို။
Congratulations! This post has been upvoted from the communal account, @minnowsupport, by phyozawoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.