-သူမနှင့်​ ကျွန်​​တော်​-

in #myanmar6 years ago (edited)

မင်္ဂလာပါ ခင်​ဗျာ..။
ဖြတ်​သန်းခဲ့​သော love time က​​လေးများ..(၃)..အားဆက်​လက်​​ရေးသားခွင့်​ပြုပါခင်​​ဗျာ။

Part-3
သူမ ရန်​ကုန်​သို့ လာမည်​ဟု​ပြောခဲ့သည်​။ဦး​လေး တစ်​​ယောက်​ ​အိမ်​တွင်​တည်းမည်​ဖြစ်​ပြီး အလုပ်​ကိစ္စ တစ်​ခု​ကြောင့်​ဟုသိ ရ သည်​။ မည်​သို့ပင်​ဖြစ်​​စေ လူချင်း​တွေ့၍ ​မေးသင့်​သည်​ကို​မေးရ မည်​ဟုဆုံးဖြတ်​လိုက်​ပြီး ဆိုင်​တစ်​ဆိုင်​အား မိနစ်​ပိုင်း​လောက်​ စကား​ပြောရန်​ ချိန်း​ဆိုခဲ့သည်​။

ကောင်း​ကောင်း မှတ်​မိ​နေခဲ့​သေးသည်​။သူမချိန်းဆိုခဲ့သည့်​ ​နောက်​ထပ်​နှစ်​ရက်​ ​။ ​ရောက်​လာခဲ့ပါပြီ သူမ​ပြောသည်​ နှစ်​ရက်​ ကာလ ​နောက်​တစ်​ကြိမ်​ထပ်​မံ မ​စောင့်​ဆိုင်းလိုသည်​ နှင့်​မိမိက ကြိုတင်​၍ ​မေးလိုက်​​တော့သည်​။သူမ ကလည်းစိတ်​ပါစွာ ဖြင့်​ တက်​တက်​ကြွကြွ ​ဖြေဆိုခဲ့ပါသည်​။

ကျွနု​ပ်​နှစ်​ရက်​ပြည့်​ပြီ၊ ​ပြော​တော​လေ
သူမအင်း​ပြောမယ်​...မျက်​လုံးမှိတ်

ရင်​​တွေခုန်​ရပါပြီ..၊ဘာမှ မမြင်​​တော့ ကားလမ်းကို​ပြေးထွက်​ပြီး အားသွန်​ခွန်​စိုက်​​ပြေးသွားလိုက်​ချင်​မိပါသည်​၊ ဦးတည်​ချက်​​ ​တော့မသိ။ သူမ​ပြောသလို မျက်​လုံးမှိတ်​ထားလိုက်​သည်​။ အသံကို​တော့ နားစွင့်​ထားရသည်​။ စာရွက်​ထုတ်​သံလိုလို မုန့်​ထုတ်​ ဖြည်​သံလိုလို ကြား​နေရသည်​။ ခဏကြာသွားသည်​၊ စိတ်​မရှည်​​တော့ မျက်​လုံးပြန်​ဖွင်​ကြည့်​လိုက်​သည်​။

1652996093.jpg

ဟင်

သူမ...သူမ ဘယ်​​ရောက်​သွားသည်​မသိ၊ ​ဘေးပတ်​ဝန်းကျင်​ ​လိုက်​ရှာကြည့်​သည်​ မ​တွေ့​တော့၊ ကိုယ်​​ပျောက်​​သွားသည်​လား သို့မဟုတ်​ ပိစိ​ကွေး​လေးများ ဖြစ်​သွားသည်​လား။ မဖြစ်​နိုင်​။ စာ​လေး တစ်​​စောင်​ ချန်​ခဲ့သည်​ကို သတိထားမိသည်​။လက်​​ရေး ကဖြင့်​ လှသည်​ ရှင်းလင်းစွာ ​ရေးသားထားသည်​။ ​ရေးသား ထားသည်​က​တော့ တို​တောင်းပြီး ထိ​ရောက်​သည်​။

"ငါ ညကားနဲ့ ပုသိမ်​ပြန်​ရမယ်​။ ငါ့ဦး​လေးလိုက်​ပို့မှာ...
နင့်​ကိုငါ သံ​ယောဇဉ်​ ရှိပါတယ်​။ နင့်​မှာ အပြစ်​​ပြောစရာ မရှိပါဘူး။ ငါနင့်​အတွက်​စဉ်းစား​ပေးပါမယ်​၊ သင်​တန်း တစ်​ဖက်​နဲ့မို့ နားလည်​​ပေးပါ။ ကားက ည 7:30 ထွက်​မှာငါ့ဦး​လေးလည်းပါလိမ့်​မယ်​ သတိထား​နော်​။"

သည်​​လောက်​ပါဘဲ။ နာရီကြည့်​လိုက်​​တော့ ​နေ့လည်​ နှစ်​နာရီ ​ကျော်​​နေ​လေပြီ။ သူဘာကိုဆိုလိုသည်​ ကျွနု​ပ်​ သိလိုက်​သည်​ ကားဂိတ်​တွင်​ ကျွနု​ပ်​အား မြင်​​စေချင်​သည်​ထင်​ပါသည်​။ အ​ ဆောင်​သို့ ခပ်​သွပ်​သွပ်​ ပြန်​ ​မပြီးပြတ်​​သေးသည့်​ အလုပ်​များ လက်​စသတ်​ ​ရေမိုးချိုးပြီး အ​ဝေး​ပြေး​ရောက်​သည့်​ ကားမှတ်​ တိုင်​​သို့ ရပ်​ကာ​စောင့်​​နေသည်​။ နာရီဝက်​​​​လောက် ​​​စောင့်​လိုက်​ ရသည်​။ ကားဂိတ်​​ရောက်​သည့်​နှင့်​ ၇နာရီထိုး​မှောင်​စပျိုး​လေပြီ။

FB_IMG_1512992683583.jpg

သူမ...သူမသို့လိုက်​ရှာသည်​ မ​ရောက်​​သေးထင်​ပါသည်​။ မကြာပါ taxi ​လေးတစ်​စီး ဝူးခနဲ့ ဝင်​လာသည်​ သူမနှင့်​ ဦး​လေး ကာ​ပေါ်မှ ဆင်းလာပြီး ​Express ကားထက်​သို့တတ်​သွား​တော့သည်​ ပထမ​တော့သူမလည်း ဂဏာနာမငြိမ်​ ဟိုကြည့်​ သည်​ကြည့်​ မိမိအားလိုက်​ရှာသည်​ထင်​လက်​က​လေး ပြ​တော့မှဖြင့်​ ပြုံးကာ တတ်​သွားသည်​။ ကား​ပေါ်​ရောက်​​နေပြီ ကျွနု​ပ်​အား ကြည့်​​နေသည်​ထင်​ပါသည်​၊ ကားထဲသို့အပြင်​မှ လှမ်းကြည့်​၍ မမြင်​ရသည်​ကိုး။ ကားလည်းထွက်​ခွာသွားပြီ မိမိရင်​ထဲလွမ်းသလိုလို ​ဆွေးသလိုလိုဖြင၊့်​ သူမငှားစီးလာေ​သာ taxi အားပြန်​ငှါး၍ မိမိလည်း ပြန်​လာခဲ့​တော့သည်​။taxi ကားထဲ တွင်​သူမ၏ အ​ငွေအသက်​တို့ဖြင့်​ အ​ဖော်​ပြုရင်း....။

မောနင်း......။
မောနင်း......ပါ။
အိပ်​ယာထ​တော့​နော်​...​ရေမိုးချိုးပြီးမှ အလုပ်​သွား

ထိုစဉ်​ကတည်း ကျွနု​ပ်​ အိပ်​ယာထ ​နောက်​ကျတတ်​သူဖြစ်​ သည်​။ ​နောက်​ကျသည်​ မှာ ညဘက်​တွင်​ ​တော်​​တော်​နှင့်​မအိပ်​ ဘဲ ရှိသည်​ကလဲပါသည်​။ သူမကဖြင့်​ မနက်​အ​စောကြီး ထကာ စာကျတ်​တတ်​သူ့မို့ ကျွုန်ုပ်​အား ​နေ့စဉ်​ မနက်​တိုင်း နှိုး​ပေး ရ​သောတာဝန်​ကို မခန့်​အပ်​ဘဲ ယူထား​လေသည်​။ ​နေ့လည်​စာ စား​တော့ဖြင့်​ သူမ အတန်းပြီးချိန်​အား​စောင့်​ပြီး တူတူစား ကြသည်​။ သို့​သော်​ messager မှ V call ဖြင့်​သာ မြင်​​နေရပြီး တစ်​​ယောက်​တည်းသာ စား​နေရသည့်​ အဖြစ်​မျိုး။

သူမ ​ကျောင်းဆင်းချိန်​ဆို ကျွုန်​ပ်​မှာ အတန်​တန်​မှာရသည်​ အ​ဆောင်​တန်းပြန်​ဖို့နှင့်​ လမ်းကူးရင်​ သတိထားဖို့။သူမ ကလည်း နား​ထောင်​ပါသည်​ လမ်းကာရင်​ သတိထားပါသည်​ နို့မဟုတ်​ ထိခိုက်​နိုင်​သည်​ကိုး..။ ကာလ တစ်​ခုထိ ကြာပြီး​နောက်​ သူမ စာ​မေးပွဲ ​ဖြေဆိုရင်​ နီးကပ်​လာပြီး ကျွန်ုပ်​တို့ အဆက်​အသွယ်​ကျဲလာသည်​ တစ်​​နေ့မှ တစ်​​ခေါက်​သာဖုန်း​ပြောဖြစ်​ကြသည်​။သို​သော်​လည်း အကြားကြီးမ​နေပါသူမ အချိန်​​တွေ ယခုတန်​ဖိုးရှိစွာ အသုံးချရ​တော့မည်​။သူမလည်းကြိုးစားသည်​။

ရိုးသား၊ ကြိုးစား၊ ဧရာဂတီသား ဟု​သော ​ဆိုင်းဘုတ်​ကြီးက မြင်​ကွင်း​ရှေ့ ထီးထီးကြီး​ပေါ်လွင်​​နေသည်​။ မိမိသတိထားမိ လာသည်​ ပုသိမ်​မြို့သို့ ဝင်​လာပြီ။ သူမနှင့်​​တွေ့ရ​တော့မည်​။ ရင်​​တွေ ခုန်​လာပြီ။ အ​ဝေး​ပြေဝန်းထဲတွင်​သူမ လာကြို​ နေမည်​လား အကြည့်​ တစ်​ချက်​ဖြင့်​ ​ဝေ့ကြည့်​မိသည်​။ မဖြစ်​နိုင်
ပါ သူမ လာမကြိုနိုင်​ရှာ။ သူမ ​စာ​မေးပွဲ ​ဖြေဆို​နေ့သည့်​ အ​ဆောက်​အဦး​ရှေ့ က​ဖေး ဆိုင်​တွင်​ ထိုင်​ကာ ​စောင့်​​မျှော်​​နေသည်​။ သူမ​လျှောက်​လာပါသည်​ မိမိရှိရာသို့ ကျွနု​ပ်​ ထိုင်​​နေရာမှ လျှင်​မြန်​စွာ ထကာ ​ပြေး၍ ​ပွေ့ဖက်​လိုက်​သည်​ ပတ်​ဝန်းကျင်​ကိုလည်း သတိမထားမိ​တော့ ရင်​ထဲတွင်​ ​နွေး​ထွေးသွား​တော့သည်​။

သို့​သော်​ လက်​တစ်​ဖက်​ကဖြင့်​ ထုံကျင်​လာသည်​ မခံနိုင် ​​​အောင်​ဖြစ်​လာသည်​ ​နောက်​ဆုံ ကျွနု​ပ်​ လန့်​နိုးသွားသည်​။ က​ဖေးဆိုင်​တွင်​ ခုံ​ပေါ်၌ လက်​တင်​ကာ ​မှေး​နေရာမှ အိပ်​​ပျော် ​​သွားခြင်းဖြစ်​သည်​။ အိပ်​မက်​ထဲတွင်​သာယာ​နေသည်​။

"မြည်​ပါကွယ်​ တယ်​လီဖုန်း​လေး...အို..တယ်​လီဖုန်း​လေး..."

မိမိဖုန်းမှ အသံမြည်​လာသည်​။ ဘယ်​သူက အလိုက်​မသိ ဖုန်း​ခေါ်ရသနည်း။ ကြည်​မိလိုက်​​သည်​နှင့်​ အသင့်​ မှတ်​ထား​ သော content ထဲမှ သူမ ၏ နာမည်​အား​ ဖော်​ပြ​နေသည်​။
စာ​ဖြေ​နေသည်​ မဟုတ်​​လော အဘယ်​သို့ ဖုန်းဆက်​နိုင်​မည်​ နည်း။ နာရီ ကြည့်​​တော့ ​ဖြေဆိုချိန်​အား တစ်​နာရီ​ကျော်​ လုနီးဖြစ်​​ချေသည်​။ မိမိ အိပ်​​ပျော်​သွားသည်​က........။

FB_IMG_1512992766103.jpg

ဟယ်​လို....
ဟယ်​လို...ဟယ်​လို...

-COMMING SOON-
(ခင်​မင်​​လေးစားစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး)
Writing by phyozawoo
Photo by facebook
MSC-071

Sort:  

love storyကောင်းလေးတစ်ပုဒ်ပါဗျာ

ကျေးဇူးပါ အစ်​ကို

အရမ်းဖတ်လို့ကောင်းတဲ့စာလေးပါ

ခုလိုမှတ်​ချက်​​ပေ​တာ ​ကျေးဇူးပါ။

ဖတ်​လို့​ကောင်း​နေတုန်း....ဆက်​အား​ပေးပါ့မယ်​...

ဟုတ်​ကဲ့ ဆက်​​ရေးပါ့မယ်​။

ဖတ်​လို့​ကောင်းလိုက်​တာဗျာ

ကျေးဇူးတင်​ပါတယ်​ ညီ။

အချစ်လို့ ခေါ်သလား.....ဟီး သီချင်းဆိုကြည့်တာဘာ

ဟီး..ဆိုပါဗျာ။

ဟယ်လို ဖုန်းဆက်တာ ဘယ်သူလဲကြားလားကြားလား ဟာကွာ လိုင်းကစုတ် ဘား..မကြားဂပု😋😋

အာ့​ပြောတာ။

အချစ် ဇတ်လမ်းကောင်းလေး

အဟီး..။

အချစ်ဇာတ်လမ်းလေးရေးထားတာ စိတ်ဝင်တစားဖတ်နေရင်း ဟယ်လို ဟယ်လို ဆိုပြီးငုတ်တုတ်မေ့ခဲ့ရပါတော့သည်။ဆက်အားပေးမည်။

ဟယ်​လို..ဟယ်​လို..😁

အချစ်‌ ဝတ္ထု‌ရေးတာ ကျွမ်းသဗျ။

အဟီး..ကိုယ်​​တွေ့​...ကိုယ်​​တွေ့..။

"​ဒေါက်​ ​ဒေါက်​ "
"ဘယ်​သူလဲ"
"အချစ်​ပါ"
"ဝင်​ခဲ့​လေ"

အဟား.. ဝင်​ခဲ့ဝင်​ခဲ့။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52