-မာနတ် ၏ သမီးတော်-Typhoons(2008 may2)
ကျွန်ုပ်တွင် အဖေ၊ အမေ၊ ညီမလေး တစ်ယောက်နှင့် ညီလေး နှစ်ယောက် စုစုပေါင်း မိသားစု ခြောက်ယောက် ရှိပေသည်။ ၂၀၀၈ ခုနှစ်တွင် ကျွန်ုပ်သည် လေးတန်း အောင်၍ ၅တန်း တတ်ရမည့် အချိန်ပင်ဖြစ်သည်။ လေးတန်းအောင်စာရင်းထွက် ကာစ ကျွန်ုပ် ကျုံမငေးမြို့ပေါ်တွင်သာရှိနေသေးသည်။
ကျွနုပ်၏ အဖေသည် သူ၏ ညီအစ်ကိုများ ရှိသော လပွတ္တတာ မြို့နယ် ပိုလောင်းလေး ကျေးရွာတွင် လယ်ယာများနှင့် ရန်ကုန်သို့ ကုန်ပို့သော လုပ်ငန်းရှိပြီး အမေနှင့် ညီလေး ညီမလေးများ သည်လည်း အဖေနှင့်အတူရှိပေသည်။ ညီငယ် ညီမငယ်များသည် ငယ်သေး သဖြင့် မိဘအရိပ်အောက်တွင် ခိုလှုံ့ နေကြရပြီး ကျွန်ုပ်မှာ မိသာစုနှင့် ဝေးကွာသော မြို့တွင် အတန်းစာ သင်ယူနေရသည်။
အဖေသည် အိမ်နောက်ဖေးကမ်းနားတွင် ဆိုက်ကပ်ထားသော သင်္ဘောအား ခိုင်မာတောင့်တင်းသောကြိုးများဖြင့် သေချာစွာ ချည်နှောင်ရစ်ဖွဲ့ စစ်ဆေးနေသည်။ အမေနှင့် ညီမလေးမှာ လည်း အရေးကြီးသော၊ လိုအပ်သော ပစ္စည်းများအား စုဆောင်း၍ နေချေသည်။ ရေဒီယို မှ လည် မုန်းတိုင်သတိပေး သတင်အား အဆက်မပျက် ထုတ်လွှင့်နေသည်။
အချိန်ကား ညနေ ၄ နာရီဝန်းကျင်ခန့် ရှိပြီး ကျွန်ုပ်သည် မြို့ရှိ အဘိုးအဘွား အိမ်တွင် ရှိနေပြီး ပူပန်ကြောင်းကျခြင်းကင်းစွာ
နေလေသည်။ အဘိုးနှင့် အစ်ကို ဝမ်းကွဲ မှာ အိမ်ပေါ်ရှိ ဆန်အိတ်များအား ခုံများ၊တန်များ ခု၍ နေရာချနေကြသည်။ အဘွားမှာလည်း ဘုရားကျောင်း ရှေ့တွင် ထိုင်ကာ ဘုရားရှိခိုး ပုတီးစိတ်နေသည်။ည ၈နာရီ ခန့်ရှိ၍ ကျွန်ုပ်မှာတော့ အိပ်ယာသို့ဝင်ခဲ့ပြီ။
ကျွန်ုပ်သည် တစ်စုံတစ်ယောက်က ပွေ့မသကဲ့သို့ ခံစားရပြီး လန့်နိုးသွားသည်။ ကျွန်ုပ်၏ အဘိုးသည် ကျွန်ုပ်အား မချီ၍ အိက်ယာပြောင်းပေး ခြင်းဖြစ်သည်။ နားထဲတွင်လည်း လေတိုက်သံများ အိမ်မိုးသည့် သွပ်များ ရိုက်ခတ်သည့် အသံများအား ဆူညံစွာ ကြားနေရသည်။ အဘွားမှာတော့ ကျွန်ုပ် မအိပ်ခင်မြင်ခဲ့သည့်အတိုင်း ဘုရားကျောင်းရှေ့တွင် ပုတီးစိတ်နေတုန်းပင်။ အဘိုးနှင့် အဘွားတို့၏ မျက်နှာပေါ်တွင် စိုးရိမ်စိတ်များ ထင်ရှားစွာပေါ်လွင် နေသည်။
အမေသည် နောက်နေ့မနက် အဖေကုန်သင်္ဘောဖြင့် ရန်ကုန်တက်မည်ဖြစ်၍ ပွဲရုံများသို့ ရှင်းပေးရမည် ပိုက်ဆံ သေတ္တာ ကြီးအား မိုးကာစဖြင့် အုပ်နေသည်။ အဖေသည် သင်္ဘောအား စိတ်တိုင်ကျ စစ်ဆေးပြီး မွေးမြူထားသော အိမ်မွေး တိရစ္ဆာန်မျအား ကြိုးချည်ထားပါက ဖြုတ်ပေးပြီး ခြံအတွင်းရှိပါက ခြံတံခါးများဖွင့်ပေးထားသည်။ လေများ တစ်ဖြည်းဖြည်း ကြမ်းလာသည်။ ညနေ ၄နာရီ။
ညီလေး၊ ညီမလေးတို့မှာကြောက်ရွံ့ ထိန့်လန့်နေသည်။ လေရော မိုးပါ ပို၍ ပို၍ ကြမ်းလာသည်။ အဖေနှင့် အလုပ်သများများ ကျွန်ုပ်၏ အစ်ကိုဝမ်းကွဲများနှင့် အဖေ့၏ မယား ညီအစ်ကိုတို့သည် အိမ်အနီးနား ပတ်ဝန်ကျင်ရှိ အမေအပါ အဝင် အဒေါ်များ စသည့် အမျိုးသမီး များအား လှေငယ်ကလေးဖြင့် သင်္ဘောပေါ်သို့ စတင်ကူးပြောင်း ရွေ့ယူကြသည်။
ပတ်ဝန်းကျင် တွင် အပင်များ အကိုင်းအခတ်များ တစ်ခုနှင့် တစ်ခု ပြင်ထန်စွာ ရိုက်ခတ်နေကြသည်။ ပြိုလဲသည့်အပင်က လဲ ပြိုလဲကုန်ပြီ။ လေတိုက်နှုန်း မည်မျှ ပြင်းသည့်နယ် ကိုယ်ပေါ်သို့ကျသော မိုးရေကပင် Acid နှင့်ပတ်ခံရသကဲ့ အလွန်ပင် ပူစပ်လှပေသည်။ သင်္ဘောပေါ်သို့ အမေနှင့် ညီလေး၊ ညီမလေး၊ အဒေါ်များ အလုပ်သမားတို့၏ အိမ်သူ သားသမီးများ အသီးသီး ရောက်ရှိကြပေသည်။
ပြီးနောက် ပစ္စည်များအား တစ်ခေါက်ထပ်ပို့ရန် လှေငယ် ကလေးဖြင့် ပြင်ဆင် ကြပြီး ထိုချိန် လေပြင်းတစ်ချက်၏ အဆုံး အဖြတ်သည် ဇောင်းကလွှတ်သည် မြင်းသဖွယ် သင်္ဘောကြီး၏ ကြိုးများ ပျက်ထွက်၍ ရုန်းကန်လှုပ်ရှားကာ ပျက်လွင့် တော့ ချေသည်။ သတိကြီးစွာလှသော အဖေသည် သင်္ဘော ပဲ့ကြိုး(သေင်္ဘာ၏ နောက်ဖက်တွင် အခိုင်အမာ ချည်သော ကြိုး)အားလျှင်မြန်စွာ ပြေးဆွဲ ၍ သင်္ဘောလွင့်မျောသည့်နောက်
ကြိုးတန်းလန်းဖြင့် ပါခဲ့ပေသည်။ မှော်ရီစပျိုးချေပြီ။
သင်္ဘာကြီးပေါ်တွင် အမျိုးသမီးများ ကလေးငယ်များသာ ပါရှိပြီး ယောက်ျားသားဟု၍ ကျွန်ုပ်၏ ဖခင်သာ သတိကြီး၍ ပါလာခဲ့သည်။ မှတ်မှတ်ရရ အမေပြောသော လှိုင်း နှစ်ချက် ပုတ်ခဲ့၍ သင်္ဘောသည် ကုန်းခေါင်ခေါင် လယ်ကွင်း ပေါ်သို့ရောက်ခဲ့သည်။ လယ်ကွင်း၏ အထက် ပင်လယ်ရေ မျက်နှာပြင်သည် ၁၀ပေခန့်မြင့်တက်နေပေသည်။
များစွာသော ဒုက္ခနှင့် စိုးရိမ်မူတို့သည် လူသားတိုင်း၏ အသိစိတ်အသီးသီး သို့လွှမ်းမိုးနေလေပြီ။ လေများ တစ်ဖြည်းဖြည်း ငြိမ်လာသည်။ ပင်လယ်ရေသည်လည်း တစ်ဖြည်းဖြည်း ကျလာသည်။ အချိန်ကား ည ၂နာရီခန့်ပင်။
အလင်းရောင် အနည်းငယ် ရသည်နှင့် ပတ်ဝန်းကျင်၏ အပျက်အဆီးများ၊လူသေများ၊ တိရစ္ဆာန် မျအား နေရာ အနှံအပြားတွင် မနှစ်လိုဖွယ် မြင်တွေ့နေရသည်။ သင်္ဘော ၏ ရှေ့ကိုက် ၂၀၀ ခန့်တွင် ဆားငံရေတို့ဖြင့် မြစ်တစ်စင်းက ဆီးကြိုနေလေသည်။ ကံကောင်းစွာဖြင့် လှိုင်းလေများ ငြိမ်သက်၍ ပင်လယ်ရေကျသွားသော့ကြောင့်သာ၊ မဟုတ်ပါက လှိုင်းအနည်ငယ် ပုတ်ခတ်ရုံဖြင့် မြစ်ထဲသို့ကျကာ နှစ်မြုပ်ခံရပေတော့မည်သာ။
ကျွန်ုပ်၏ ဦးလေးသည် ကျုံမငေး-ပိုးလောင်း လိုင်းသင်္ဘော ခုတ်မောင်းသူဖြစ်ပြီး အဘိုးအဖွားနှင် သင်္ဘောသားတို့သည် ဆွေမျိုးများရှိသည့် ပိုလောင်းသို့ စတင်ခုတ်မောင်းခဲ့ပေသည်။ ရေလမ်းတစ်လျောက်တွင် အပျက်အဆီများတို့သည် နေရာအနှံ။ မြစ်ဘေး ရွာ ငယ်များရှိလူများ၏ ပြောကြားချက်အရ ဘယ်ရွာကဖြင့် ပင်လယ်ရေ မည်မျှ တက်ခဲ့သည် ဘယ်ရွာက မည်မျှ ရေမြုပ်ခဲ့သည့်တို့ဖြင့်။ ရှေ့ဆက်သွားရန်ပင် ထိန့်လန့်နေတော့သည်။ အစာရေစာ ပျက်လပ်သူတို့ကလည်း ပါလာသော ရိက္ခာ အချိုကိုတောင်းခံကြသဖြင့် ရှိသမျှ အကုန်ပေးကမ်းကာ နောက်ကြောင်းပြန်လှည့်ခဲ့တော့သည်။ အဘိုးနှင့် အဘွားမှာတော့ အငိုတစ်ပိုင်းဖြင့်။
ကျုံမငေးသို့ပြန်ရောက်သော် သင်္ဘော အပြည့် သောက်ရေများ၊ ဘဲဥ ပြုတ်များ ထမင်းများချက်ပြုတ်၍ တစ်ဖန် ပိုးလောင်းသို့ ထွက်ခွာ ကြပေသည်။ လမ်းတစ်လျောက်တွင် အစာရေပျက်သူများအား ထမင်းထုတ်များ ဘဲဥ ပြုတ်များရေများ ပေးကမ်းခဲ့သည်။ ပိုးလောင်းရွာသို့ရောက်ရန် နာရီအနည်ငယ်သာ လိုတော့သည်။ သို့သော် သင်္ဘောသည် ပဲုမှန်လောက်ခရီး မတွင်လှချေ။ အညှီနံများ နေရာအနှံ ပျံ့နှံနေပြီး သင်္ဘောပင် ရှေ့ဆက်မရအောင် မြစ်ထဲ လူသေကောင်များ နေရာအနံ။
အဖေတို့ သင်္ဘောပေါ်ရှိ လူတစ်သိုက်နှင့် ပိုးလောင်းရွာပေါ်ရှိ ညီအစ်ကိုတို့သည် ကျွန်ုပ်ဦးလေး၏ ဆန်စက် စပါးဂိုထောင် တွင် တစ်စု တစ်စည်းတည်း စုနေကြသည်။ ကံကောင်းစွာဖြင့် ဆွေမျိုးအရင်းအခြားတို့တွင် အသေအပျောက် မရှိခဲ့ပေ။ ပစ္စည်း များငွေများအားဖြင့် မကျန်လှအောင် ဆုံးရှုံးကြပေသည်။
ပိုးလောင်ရွာသို့ ကျုံမငေးမှ လာသော သင်္ဘောသည် ဆိုက်ကပ်သည့်နှင့် အဘိုအဘွား အဖေအမေ ဦးလေးအဒေါ် တို့သည် ပွေ့ဖက်၍ ဝမ်းနည်းစွာ ငိုပွဲဆင်ခဲ့ကြပေသည်။ ယောက်ျား အရင့်အမာကြီးတစ်ယောက်ကပင် မျက်ရည်မခိုင်စွာ ဝမ်းနည်းဖွယ်ကောင်းလှသည့် မြင်ကွင်းတစ်ခု။
ပါလာသော စားနပ်ရိက္ခာ အားလုံးအား ရွာထဲရှိ အသက်ရှင် ကျန်သော သူများအား ဝေငှပြီး မိမိဆွေမျိုးများအား သင်္ဘောဖြင့် မြို့သို့ပြန်သယ်ကာ ကျန်ရှိခဲ့သော သူများလည်း မည်သို့မည်ပုံ ကူညီညီရမည်ကို ပြန်လည်ပြင်ဆင်ကြရ ပေတော့သည်။
ရက်စက်လွန်းလှ သည့်နာဂစ်မုန်တိုင်းသည် ၂၀၀၈ ခုနှစ်တွင် လူတိုင်း၏ မျှော်လင့်ချက်များ၊ အသက်အိုးအိမ် စည်းစိမ်များ အား ပျက်ဆီး ဆုံးရှုံးခဲ့ရသည်အထိ တိုက်ခိုက်သွားခဲ့ပေသည်။
ကျွန်ုပ်တို့၏ မိသားစုသည် ကံကောင်းထောက်မစွာဖြင့် တစ်စုံ တစ်ဦးမှ အသေအပျောက် မရှိဘဲ များစွာသောဒုက္ခအား ခံစားခဲ့ကြရပြီး စုံစုံလင်လင် ပြန်ဆုံခွင့်ရခဲ့ ပေသည်။ များစွာသော ပစ္စည်းများအား ဆုံးရှုံးသွာသည် ကိုပင် ဝမ်းနည်းမနေတော့ဘဲ မိသားစု စုံစုံလင်လင် ပြန်ရသည်ကိုပင် ကျေးဇူးတင်ကာ ဝမ်းနည်း ဝမ်းသာဖြင့် ဤpost လေးအား အဆုံးသက်လိုက်ပါတော့သည်။
မိသားစု အားလုံးပြန်ဆုံကြသော်လည်း ကျွန်ုပ်၏ အဒေါ် အငယ်ဆုံး အဘိုးအဘွားတို့၏ သမီးထွေးသည် လသား အရွယ် ကလေးဖြင့် မေလ၃ရင်နေ့တွင် ပြင်စလူမြို့နယ် မှ ပျောက်ဆုံးနေပြီး မေလ ၈ရက်နေ့တွင် လပွတ္တတာ ကယ်ဆယ်ရေး စခန်းတွင်ပြန်လည်တွေ့ရှိခဲ့ပါသည်။
ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး
Writing by phyozawoo
@phyozawooburmes
MSC-071
မောင်လေးလည်းမကြုံရပုမမ မေမေတို့ပြန်ပြောပြတာ။
နာဂစ်ကတော့ နာကျည်းစရာကောင်းလွန်းတဲ့ အဖြစ်အပျက်ကြီးပါ
ဟုတ်ပါတယ် အစ်ကို။ တကယ်ကို နာကျည်းစရာပါဗျာ။
ဖတ်ရတာ စိတ်မကောင်းလိုက်တာဗျာ
ထပ်မဖြစ်စေဖို့ဘဲဆုတောင်းပါတယ်ဗျာ
လွန်ခဲ့တဲ့ ၁၀နှစ်အတိုင်းအတာက ခုထိ
တကယ့်ကိုကြောက်ဖို့ကောင်းလိုက်တာ...မိသားစုတွေပြန်ဆုံရလို့တော်သေးတယ်....😓
ဟုတ်တယ် အစ်မ။ အရမ်းကြောက်ဖို့ကောင်းတယ်။
မာနတ်ရဲ့သမီးတော်ဆိုလို့ ချောလားလို့ဖတ်ကြည့်တာ
နာဂစ်ကြီးဟ အဟတ် အဟတ်
အမယ် မာနတ် ရဲ့သမီးကို လာချောင်းနေသေးတယ် ဟား။
အဲဒီတုံးကကျွန်တော်တို့စက်ရုတောင် အမိုးပွင့်သွားတယ်
ဟုတ်တယ် အစ်ကို မထိဘူးဆိုတောင် အမိုးတော့ လှန်တာဘဲနော်။
သဘာဝဘေးဆိုးတွေကမေ့ဖျောက်မရတဲ့ပုံရိပ်တွေလိုပါဘဲဗျာ
ဟုတ်တယ် အစ်ကို ကိုယ်တိုင်ထိတဲ့သူတွေပိုဆိုးတယ်။
ရက်စက်ပြင်းထန်လွန်းခဲ့တဲ့ ဂြိုဟ်ဆိုးကြီး နာဂစ်
ဟုတ်ပဂြိလ်ဆိုးကြီးလေ။
နာဂစ်ကတော့ ဘဝရဲ့အမှတ်တရလေးတစ်ခုပါ
မကောင်းတဲ့ အမှတ်ရစရာပါ။ကြိုတင်ပြင်ဆင်တွေ အတွက် အတွေ့အကြုံရတာပေါ့။
ဖတ်လိုက်ရတာ စိတ်မကောင်းကြီးစွာ ပြန်ခံစားရတယ် အစ်ကိုရယ် ဆုံးရှုံးမှုများစွာကို ပေးသွားခဲ့သော နာဂစ်ကို အခုထိနာကျဉ်းနေဆဲပါဗျာ