ကန်တော့ပွဲ အမျိုးမျိုး

in #myanmar9 years ago (edited)

Steemit Myanmar
20171022144034.gif
ရာသီဥတု ကလည်း ဆောင်းတွင်းကာလသို့ ကူးပြောင်းလာပြီ ဖြစ်၍ အေးမြသော ခံစားချက်ကို ကျွန်ုပ် စတင်ခံစားရလေပြီ။ထိုအေးမြ သော ခံစားချက်နှင့်အတူ အစောကြီးမဟုတ်သော်လည်း နေမထွက်ခင်ချိန်တွင် ကျွန်ုပ်နိုးထလာခဲ့ရပြန်ပြီ။ဆောင်းတွင်းကာလ နံနက်ခင်းတွင် စောင်ခြုံ၍ ကွေးရသော အရသာကို အလွန် နှစ်သက်သော် လည်း တစ်နေ့တာအတွက် လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရ ဦးမည်ဖြစ်သောကြောင့် စောင်ခြုံ၍ ကွေးမည့်အစီအစဉ်မှာ စိတ်ကူးနှင့်သာ ပြီးဆုံးရလေပြီ။

မျက်နှာသစ်ကာ ကိုယ်လက်သန့်စင်ပြီး၊ နေစတင်ထွက်ပေါ်လာပြီဖြစ်၍ ၀ရန်တာသို့ထွက်ထိုင်ကာ နေပူစာ လှုံနေသည်။ထိုစဉ်တွင် အိမ်ရှေ့ မျက်စောင်းထိုး အိမ်အတွင်းသို့ ကန်တော့ပွဲရွက်၍ ၀င်သွားသော လူတစ်ယောက်ကိုလမ်းမြင်ပြီး STEEMIT တွင် မည်သည့် POST ကိုတင်ရမည်ကို အချိန်းတိုင်းစဥင်္းစားနေသူ ကျွန်ုပ် အတွက် ကုန်ကြမ်းတစ်ခုရလေတော့သည်။

ကန်တော့ပွဲ ရွက်၍ ၀င်သွားသည်ကို မြင်သည်နှင့် မည်သို့သော ကုန်ကြမ်းကိုရမည်နည်းဟု မေးလာလျှင် ဖြင့် ကျွန်ုပ်တွင် အဖြေတစ်ခု ရှိပါသည်။ "ကန်တော့ပွဲ" ကန်တော့ပွဲဆိုသည်မှာ ကျွန်ုပ် နှင့် စိမ်းသောအရာမဟုတ်၊ ဆိုလိုသည်မှာ ကျွန်ုပ်၏ အဒေါ် ဖြစ်သူသည် နတ်ပွဲ၊ ကနားပွဲ တို့အား အလွန်ဝါသနာ ပါသူတစ်ဦးဖြစ်ပြီး နှစ်စဉ် နှစ်တိုင်း နတ်ပွဲငှား ၍ နတ်ကကြသည်။ကျွန်ုပ် ငယ်စဉ် ကတည်းက အဒေါ် ၏ ကန်တော့ပွဲပြင်ဆင် ပုံတွေ မြင်တွေ့ နေရပြီး ကန်တော့ပွဲ အကြောင်းကို အတော်အသင့်ပင် နားလည်ခဲ့သည်။

ကန်တော့ပွဲကို ဘာသာတရားအရ သော်လည်းကောင်း၊ လောကိ အစီအရင် အရသော်လည်းကောင်းအမျိုးမျိုး အသုံးပြုလေ့ရှိသည်။ ကန်တော့ပွဲ အမျီုးအစား များစွာရှိပါသည်။ အနန္တောအနန္တ ငါးပါး ကန်တော့ပွဲ၊ သာသနာပွဲ နတ်ကြီးပွဲ ဟု၍ အစရှိသည်။ထိုထဲတွင် ကျွန်ုပ် သိသလောက်နှင့် မသိသော အရာ များကို ကျွန်ုပ်အဒေါ်အားမေး၍ ဖော်ပြပေးပါမည်။
20171101_080411-picsay.jpg

ကန်တော့ပွဲ အမျိုးမျိုးများ

အနန္တောအနန္တ ငါးပါး ကန်တော့ပွဲ၊ သာသနာပွဲ၊ နတ်ကြီးပွဲ၊ ဒါနပွဲ၊ မင်္ဂလာ ကန်တော့ပွဲ၊ ရိုးရာပွဲ၊ အိမ်တွင်းပွဲ စသည်တို့ဖြစ်ပါည်။ ထို့ထက်မက ကန်တော့ပွဲများလည်း ရှိပါသည်။ ကျွန်ုပ်သိ သလောက်သာ ဖြစ်၍ များစွာပြည်စုံအောင် မဖော်ပြနိုင်သည်ကို ကြိုတင် တောင်းပန်အပ်ပါသည်။

အနန္တောအနန္တ ငါးပါး ကန်တော့ပွဲ

အနန္တောအနန္တ ငါးပါး ဆိုသည့် အတိုင်း ကျေးဇူးရှင်ကြီးများကို ရည်စူးပြီး ကန်တော့သော ပွဲ ဖြစ်ပါသည်။ ကန်တော့ပွဲပြင်ရာတွင်တော့ အုန်းသီး တစ်လုံး ၊ ငှက်ပျောသီး ငါးဖီး၊ ကွမ်း၊ ဆေး၊ လက်ဖက်နှင့် အမွှေးနံသာများပါဝင်ပါသည်။

သာသနာပွဲ

သာသနာပွဲ ဆိုသည်မှ သာသနာကို စောင့်ရှောက်သော နတ်မင်းကြီးများကို ရည်စူးပြီး လှူဒါန်းသော ပွဲ ဖြစ်ပြီး ၊ ပွဲပြင်ရာတွင်တော့ အုန်းသီး တစ်လုံး၊ ငှက်ပျောသီး သုံးဖီး၊ ကွမ်း၊ ဆေး၊ လက်ဖက်နှင့် အမွှေးနံသာများပါဝင်ပါသည်။

နတ်ကြီးပွဲ

နတ်မင်းကြီးလေးပါးအား ကန်တော့သောပွဲဖြစ်ပြီး အုန်းသီး၊ ငှက်ပျောသီး လေးဖီး ၊ ကွမ်း၊ ဆေး၊ လက်ဖက်နှင့် အမွှေးနံသာများပါဝင်ပါသည်။ နတ်မင်းကြီးလေးပါးနာမည် ကိုတော့မဖော်ပြတော့ပါ(မသိ၍ဖြစ်သည်) ၊ မိမိ ကန်တော့မည် ပုဂ္ဂိုလ် ကိုသိမှ ကန်တော့ရာတွင် ပိုကောင်းပါသည်။

ဒါနပွဲ

အလှူ အတန်းများတွင် လှူဒါန်း ကန်တော့သောပွဲဖြစ်ပြီး အုန်းသီး တစ်လုံး၊ ငှက်ပျောသီး သုံးဖီး၊ အမွှေးနံသာ တို့သာပါဝင်သည်။

မင်္ဂလာကန်တော့ပွဲ

မင်္ဂလာဆောင်တွင် နှစ်ဖက်ောမိဘများကို ကန်တော့ရသောပွဲဖြစ်ပါသည်။နှစ်ဖက်မိဘ ဖြစ်၍ ကန်တော့ပွဲ နှစ်ပွဲပြင်ရပါသည်။ တစ်ပွဲစီတွင် အုန်းသီးတစ်လုံး၊ ငှက်ပျော သုံးဖီး၊ ကွမ်း၊ဆေး၊ လက်ဖက် ၊သပြေပန်း ၊ သစ္စာပန်း များဖြင့် ပြင်ဆင်ကန်တော့ရပါသည်။

ရိုးရာပွဲ

မိမိရိုးရာ နတ်များကို ရည်စူး၍ ကန်တော့သော ပွဲဖြစ်ပါသည်။ အုန်းသီးတစ်လုံး၊ ငှက်ပျောသီး သုံးဖီး ၊ စားသောက်ဖွယ် များပါဝင်ပါသည်။
ြ.jpg
photo credit ;google image.

ကန်တော့ပွဲပြင်ရာတွင် (၇)ရက်သားသမီးများ နေ့အလိုက်အုန်းသီး ကြွက်မြီးကိုလှည်ပေးရသည်။

တနင်္ဂနွေ----- အရှေ့မြောက် အရပ်
တနင်္လာ ----- အရှေ့ အရပ်
အင်္ဂါ ----- အရှေ့တောင် အရပ်
ဗုဓ္ဒဟူး ----- တောင် အရပ်
ကြဿပတေး ----- အနောက် အရပ်
သောကြာ ----- မြောက် အရပ်
စနေ ----- အနောက်တောင် အရပ်
ရာဟု ----- အနောက်မြောက် အရပ်

ဟု၍ နေ့နံ အလိုက် အုန်းသီးကြွမြီးကို ထားပြီး ကန်တော့ပွဲ ပြင်စင်ကာ ကန်တော့ရပါမည်။

ကန်တော့ပွဲ အကြောင်းရေးရာတွင် ဤမျှဖြင့်ပြီးဆုံးရပါတော့မည်။မဟုတ်လျှင် ဘေး၌ရှိသော ကျွန်ုပ် အဒေါ် ဗျင်းသည်ကိုခံရ တော့မည်။ကန်တော့ပွဲ အကြောင်းရေးရာတွင် အမှားအယွင်းများ ပါသွားမည်ကိုစိုးရိမ်သောကြောင့် ကျွန်ုပ်ဘေး၌ ခေါ်ထားခြင်း ဖြစ်သည်။

@phyozawooburmes
MSC-071

20171022143428.gif
@phyozawooburmes

Sort:  

ဗဟုသုတရပါတယ်

ဟုတ်ကဲ့ကျေးဇူးပါ...

ကျေးဇူးပါရှင့်

ကန်တော့ပွဲတွေနဲနေသေးတယ်ထင်ပါ့

မှန်တာပေါ့ဗျာ

ဗဟုသုတရပါတယ်

သတ်ပုံအမှားလေးတွေတော့တွေ့တယ်ကွယ်၊ အုန်းသီးအညှာကို ကြွက်မြီး ဟုရေး မှအမှန်ဖြစ်ပါသည်ဗျာ။

ဟုတ်ကဲ့ ကျနော် အမှားကိုပြင်လိုက်ပါမယ်....😁

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.086
BTC 59893.70
ETH 1566.97
USDT 1.00
SBD 0.42