ဆေးလိပ် အလွန်အကျွံ သောက်ခြင်း၏ ဆိုးကျိုး

in #myanmar7 years ago

MS (Myanmar Steemit)

"ဦးလေး...ဦးလေးခြေထောက်က ဘာဖြစ်လို့လဲ ခင်ဗျ.."

ကျွန်တော် စရောက်သည့်ရက် နှင့်ဆို တစ်ပတ် တင်းတင်း ပြည့်ပြီမို့ ဦးလေးကြီးနှင့် ရင်းနှီး နေပြီဖြစ်သည်။ကျွန်တော် ပထမနှစ် English စာဖြစ်သည့် အတွက် ကျောင်းတတ်ရန် ကျုံမငေးမှ ပုသိမ်သို့လာပြီး၊ အသိမိတ်ဆွေ မရှိသည့် အလျောက် အဆောင် ငှားရမ်းကာ နေထိုင် ရသည်။

အဆောင်ဟု ခေါ်ရသော်လည်း မိသားစု အိမ်ဟု ပြောရလျှင် ပိုသင့််တော်လိမ့်မည်။ ဆိုလိုချင်သည်မှာ ကျယ်ဝန်းသော ခြံနှင့်ဝန်း ရှိပြီး နှစ်ထပ် ပျဉ်ထောင် အိမ်ဆောက်လုပ်ထားရာ ပိုင်ရှင် အန်တီကြီးမှာ အောက်ထပ်တွင် တစ်ဦးတည်းသီးသန့်နေသည်။ ခြံအတွင်း တွင် နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး အပြင် တစ်ယောက်နေ အဆောင်ငယ်လေး တစ်လုံးလည်းရှိသေးသည်။

ထိုအဆောင် ငယ်လေးတွင် ကျွန်ုပ်နှင့် ရင်းနှီးနေသော ဦးလေးကြီး တစ်ယောက်တည်းနေသည်။ ကျွန်တော့ ကိုတော့ ကျောင်းသားဖြစ်၍ အိမ်အပေါ်ထပ်တွင်ထားသည်။ ထိုဦးလေးကြီးနှင့် ကျွန်ုပ်မှာ တစ်ပတ်အတွင်း ရင်းနှီးမှူ ရခဲ့သည်။ တစ်နေ့ကျွန်ုပ် ကျူရှင်မှပြန်လာပြီး နားနားနေနေ ခြံထဲ ဆင်းကာ ဦးလေးကြီးနှင့်စကားပြောနေရာမှ.............

"ဦးလေး...ဦးလေးခြေထောက်က ဘာဖြစ်လို့လဲ ခင်ဗျ.."

ဟု မေးမိသည်။ ကျွန်ုပ် စရောက် ကတည်း က ဦးလေးကြီး ခြေထောက်တွင် ပတ်တီး စီးထားသည်ကို မြင်၍ မေးချင်သော်လည်း အားနာ၍ ယခုမှသာ မေးလိုက်ခြင်းဖြစ်သည်။

"အေး..ငါ့တူ ဦးလေးကလည်း မင်းတို့လို လူငယ်တွေ ခုလိုမေးတာကို ဖြေချင်နေတာကွ" ဆိုပြီး .... ပြောချင်သော အရာကို ပြောခွင့်ရပြီ ဟုသော သဘောနှင့် အားတတ်သရောလေသံ ဖြင့် ပြောလေသည်။

"ဒီလိုကွ ဦးလေးက ငယ်ငယ် လေး မင်းတို့အရွယ်က တည်းက ဆေးလိပ်စသောက်တာ၊ စွဲစွဲ မြဲမြဲ ကိုသောက်တာ၊ တစ်နေ့ကို တစ်ဗူး ကုန်တယ်"

"ဟုတ်ကဲ့"

"နောက်တော့ကွာ ဆေးလိပ်ဖိုးကို ခြွေတာပြီး ဆေးပေါ့လိပ်(ဖက်ကြမ်း) ဘဲ သောက်တော့တယ်"

ကျွန်တော်လည်း ခေါင်း ဘဲငြိမ့်ပြလိုက်တော့တယ်။ဆက်ပြောတယ်...

"နောက်တော့ ဦးလေး အိမ်ထောင်တွေ ကျပြီး သား/သမီးတွေရပေါ့၊ ဆေးလိပ်ကတော့ လျှော့တယ် မရှိဘူးသောက်မြဲတမ်း သောက်နေတာပေါ့၊ ပြီးခဲ့ တဲ့ (၂)နှစ် လောက်ကမှ စဖြစ်တာကွ"

"သြော်.."

"ဦးလေး လယ်ထဲမှာ အလုပ် လုပ်နေရင်း ခြေသန်း(ခြေချောင်း ငါးချောင်း၏ အစွန်ဆုံး၊အသေးဆုံး ခြေချောင်း)ကို ထိခိုက်မိတာဘဲ၊ဘာနဲ့ ထိမှန်းတောင် မသိပါဘူး အိမ်ပြန်ရောက်တော့ နာနေလို့ကြည်လိုက်တော့ အနာ သေးသေးလေးဖြစ်နေတာ"

"ဟုတ်"

"ဦးလေးလည်း ဆေးထည့်ပြီးထားလိုက်တာ၊ နောက် (၂)ရက်လောက်ကြာတော့ မသက်သာဘူး၊အနာက ပိုကြီးလာပြီး ပြည်တာင်တွယ် နေတယ်"

"အို..အဲ့လောက်တောင်"

"အေး..ဟုတ်တယ်၊ ဦးလေးလည်းဆေးခန်းသွားပြတာပေါ့ ၊ဆေးခန်းက သောက်ဆေးရော လိမ်းဆေးရော ပေးလိုက်တယ်"

"ဟုတ်.."

"ဆေးခန်းက ပေးတဲ့ ဆေးတွေ လိမ်းရင်းသောက်ရင်းနဲ့ နေလိုက်တာ တစ်လလောက် ကြာတော့ အနာက မသက်သာဘဲ ပုတ်နံ ထွက်လာတယ်"

"အိုး..." ကျွန်တော် အံသြ သွားသည်"

"ဦးလေးလည်း ကြောက်ပြီး ပုသိမ်ဆေးရုံကြီးကို သွားပြတော့ ၊ ဆေးလိပ်သောက်တတ်လား မေးတယ်၊ ဆေးလိပ်ကြောင့်ဖြစ်တာ တဲ့၊ ခြေသန်း ဖြတ်ရမယ်တဲ့"

"သြော်..ဦးလေးစိတ်ထဲ ၀မ်းနည်းသွားမှာဘဲနော်..."

"ဘယ်နှယ့် ငါ့တူရာ အမေမွေးထားတာ အကောင်း ၊ ခုလို ခြေသန်း ကို ဖြတ်ရမယ်ဆိုတော့ ဘယ်စိတ်ကောင်းမလဲ ၊ မတတ်နှိုင်ဘူးလေ
ဖြတ်မှ ကောင်းမယ်ဆိုတော့လည်း ဖြတ်ရတော့တာပေါ့"

"စိတ်မကောင်းပါဘူးဦးလေးရယ်"

"ဦးလေးလည်း ဖြတ်မယ်ပေါ့၊ ဒါပေမယ့် ဆေးရုံက ဒီမှာဖြတ်လို့ မရဘူးတဲ့ ရန်ကုန်ကိုလွှဲတယ်(လွန်ခဲ့သော နှစ် နှစ်က)၊ ရန်ကုန်မှာ သွားဖြတ်ခဲ့ရတယ်"

"ဟုတ်"

"(၅)သိန်းလောက် ကုန်သွားတယ် ၊ ဦးလေးသမီးက ထောက်ပံ့တာပေါ့"

"(၅)သိန်းတောင်"

"အေးဟုတ်တယ်၊ ခြေသန်းဖြတ်ပြီး ဦးလေး သက်သာ သွားတော့ ရွာမပြန်ဘဲ ခုလို့ ခြံထဲမှာ ငှားနေပြီး ရေခဲထုပ်ရောင်းပြီး နေတယ်လေ"

"ဟုတ်"

"ခု နောက်ထပ် ထပ်ဖြစ်တာက ခြေညှိုး မှာ ၊ အရင် တစ်ခါလိုတော့ ဒဏ်ရာ ရပြီးဖြစ်တာမဟုတ်ဘူး အလိုလိုနေရင်းနဲ့ ဖြစ်တာ၊ပုသိမ်ဆေး ရုံဘဲ သွားလိုက်တာ ဒီတစ်ခါတော့ ဒီမှာဘဲဖြတ်ပေးလိုက်တယ် ၊ (၅)သောင်းဘဲကျတယ်ကွ၊ ခုတော်တော်လေးသက်သာနေပါပြီ"

"ဒီတစ်ခါတော့ ကုန်ကျစရိတ် သက်သာ တာပေါ့နော် "

"ဟုတ်တယ် ၊လမ်းစရိတ်ကအစ သက်သာတာပေါ့ တူကြီးရာ"

ဆိုပြီး ဖြစ်ကြောင်းကုန်စင်ပြောပြပါသည်။ပြီးနောက် ခြေထောက်တွင် ဖြတ်တောက် ကုသထားသော နေရာ ကို ရိုသေစွာ ခွင် တောင်းပြီး ဓာတ်ပုံ ဖမ်းယူရိုက်ကူခဲ့ပါသည်။ ဆေးလိပ်အလွန် အကျွန်သောက်ခြင်းကြောင့် ခြေတွေလက်တွေ ဖြတ်တောက်ကုသရသည်ကို ပညာပေး စာစောင်တွေမှာသာ တွေဖူးပြီး ၊ယခုလိုအပြင်တွင် တစ်ခါမှ မတွေ့ဖူးသေး။ ကျွန်ုပ် လေ့လာဖူးသော စာစောင်တွေထဲတွင် ယခုလိုရောဂါမျိုး ကို ဘာဂါး ရောဂါဟုခေါ်ပြီး၊ ဘာဂါး ရောဂါ ကို မည်သည့်ဆေးဝါးနှင်မှ ကုသ၍ မရပေ။
IMG_20171015_172544.jpg

ဘားဂါးဆိုတာဟာ ခြေထောက်နဲ့ လက်တွေမှာ ရှိတဲ့ သေးငယ်သော သို့မဟုတ် အလယ် အလတ် ရှိသော သွေး လွှတ်ကြော နဲ့ သွေးပြန်ကြောတွေ ယောင် ရမ်းခြင်း နှင့် ပိတ်ဆို့ခြင်းတို့ ခဏခဏ ဖြစ်ပေါ်နေခြင်းကို ခေါ်ပါတယ် ။ ဆေးလိပ် သောက်သုံး သူများ အပါအ၀င် ဆေးလိပ်မသောက်ပေမယ့် လည်း ဆေးရွက်ကြီးစားသုံးသူတွေ မှာ ဖြစ်နိုင်ပါတယ်။

ဘားဂါးရဲ့ ရောဂါ လက္ခဏာတွေကတော
၁ ။ ခြေထောက်မှာ နာကျင်လာခြင်းနဲ့ အားနည်းလာခြင်း လက်များနာကျင်လာခြင်း လက်မောင်းများ နာကျင်လာ ခြင်းနဲ့အားနည်းလာခြင်း ။
၂ ။ သင့်ရဲ့ လက်တွေ ခြေထောက်တွေ ရောင်ရမ်းလာခြင်း ။
၃ ။ လက်ချောင်းလေးတွေနဲ့ ခြေမ ၊ ခြေချောင်းလေးတွေဟာ ဖြူဖျော့လာပြီး အထူးသဖြင့် အေးတဲ့အခါမှာ ပိုသိသာပါတယ် ။

ဘားဂါးရောဂါက ပိုဆိုးလာပြီဆိုရင် လက်တွေ ခြေထောက်တွေ ကို သွေးပို့မှုနှုန်းသွေး စီးဆင်းမှုနှုန်း နည်းလာပါတယ် ။ သွေးတွေက လက်ချောင်းလေးတွေ ခြေချောင်းလေး တွေဆီ စီးဆင်းရာမှာ ပိတ်ဆို့တဲ့ အတားအဆီးတွေ ရှိနေတဲ့အ တွက်ကြောင့် သွေးတွေက အောက်ဆီဂျင်နဲ့ အာဟာ ရတွေကို တစ်ရှုးတွေဆီကို မပို့ပေးနိုင်တော့ ပါ ။ ဒါကြောင့် ခြေဖျားလက်ဖျားလေးတွေမှာ ရှိတဲ့ တစ်ရှုးလေးတွေ သေဆုံးသွားပါတယ် ။

လက္ခဏာတွေကတော့ အရေပြား ဟာ အမဲေ၇ာင် အပြာရောင်ပြောင်းသွားခြင်း၊ ဖြစ်တဲ့ ခြေချောင်းလက်ချောင်းမှာ အာရုံခံစားမှု မရှိတော့ခြင်း၊ ဖြစ်တဲ့ နေရာမှာ အနံ့ နံလာခြင်း စသည်တို့ ဖြစ်ပါတယ် ။ဂမ်ဂရင်း ဖြစ်ပြီဆိုရင်တော့ ဖြစ်တဲ့ ခြေချောင်းလက်ချောင်းကို ဖြတ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ် ။
IMG_20171016_111248.jpg

ဘာဂါး ရောဂါ ကိုကုသနိုင်တဲ့ဆေးမရှိပါ ခံစားမူတွေနဲ့ လက္ခဏာတွေကို လျော့နည်းသွားအောင် ကုသမှု အမျိုးမျိုးနဲ့ ကုသဖို့ဘဲ ရှိပါတယ်။ဘယ်လိုကုသရမလဲဆိုတာကတော့

၁ ။ ဆေးလိပ်ဖြတ်ဖို့ အကူအညီပေးနိုင် တဲ့ ဆေး ၀ါးတွေ နှစ်သိမ့်ဆွေးနွေးပေးခြင်း။ သွေးကြောတွေ ရောင်ရမ်းမှု သက်သာအောင် ဆေးစားခြင်း ။
၂ ။ သွေးလည်ပတ်မှုကောင်းအောင် ခဲနေတဲ့သွေးတွေ ပြန်ကျဲ သွားအောင် ဆေစားခြင်း
၃ ။ ဖြစ်ပွားတဲ့ နေရာက အာရုံကြောတွေကို ဖြတ်တောက်ပစ်ခြင်း ( နာကျင်မှူကို သက်သာစေဖို့ပါ )
၎ ။ ခြေထောက် လက် ဖြတ်ထုတ်ပစ်ခြင်း တို့ဘဲဖြစ်ပါတယ်။လုံးဝ ပျောက်ကင်အောင် မတတ်နိုင်ပါ။

ဆေးလိပ် လျှော့သောက်ကာ ကာကွယ်ခြင်းဖြင့်လည်း သက်သာစေပါတယ်။

@phyozawooburmes
MSC-071

2:28 PM
10/17/2017

Sort:  

ဆေးလိပ်သောက်တက်တဲ့ သာအေးအတွက်

သာအေးရေ ဖြတ်မှာနော်

လုပ်ပါနဲ့ဂျာ

လျှော့သောက်ပေါ့

မ​သောက်​​တတ်​ဘူး​ဗျာဘိုလုပ်​ပါ့😉😉

ကောင်းတာပေါ့ဗျ

လျှော့တောသောက်နေတာပဲ
ဒါပေမယ့်ကော်ဖီကြိုက်တော့ဖျက်ရအခက်သားဗျ

ဟုတ်တယ်ဗျို့ coffee နဲ့ ဆို ဒင်းက လိုက်တယ်လေ

ကြောက်စရာကြီးဗျာ ကျွန်တော်လဲလျှော့ဦးမှပါ
ဂိမ်းဆော့နေရင် လက်ကဆေးလိပ်ဆီ အလိုလိုရောက်သွားတာ
တစ်ရက်ကို တစ်ဗူးကျော် နှစ်ဗူးလောက်ကုန်တယ်
မျှဝေပေးတဲ့အတွက်ကျေးဇူးပါဗျာ

အကို အဲ့တာဆိုရင်တော့ သတိထားတော့ဗျ လက်တွေခြေထောက်တွေ ထုံကျင်လာရင်တော့ မဖြစ်မနေ လျှော့သောက်သင့်ပြီ

သတိပြု​ရှောင်​ရှားသင့်​တဲ့အရာပါ
Thank for your post

ဗဟုသုတရပါဗျာ…ကျေးဇူးနော်

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63396.80
ETH 2615.51
USDT 1.00
SBD 2.86