တမ်းတနေတုန်းပဲလား

in #myanmar6 years ago

တမ်းတ​နေတုန်းပဲလား......
ကိုယ့်​ဘက်​က အရာရာနားလည်​​ပေးထားတာ​တောင်
တန်​ဖိုး မထားပဲ စွန့်​ပစ်​သွားတဲ့ သူကို။

သတိရ​နေတုန်းပဲလား.....
အရမ်းချစ်​ပါတယ်​​ပြောပြီး အချိန်​တိုင်း
နာကျင်​မှု​တွေသာ ​ပေး​တတ်​တဲ့ သူ့ကို။

မ​မေ့နိုင်​​သေးဘူးလား.....
ကိုယ်​ကသာ သူ့အတွက်​ အမြဲတမ်း​ပထမ​နေရာ ဦးစား​ပေး​ပေမဲ့သူ့ဘက်​ကျ ကိုယ့်​အတွက်​ဆို အပျင်း​ပြေ လိုသုံးသ​ဘောထားတဲ့သူကို။

မနာကျည်း​သေးဘူးလား.....
ကိုယ်​က သူ့အ​ပေါ် တွယ်တာ​မြတ်​နိုး သ​လောက်
ကိုယ့်​ကို ​ဂျောင်​ထိုးထားတဲ့သူကို။

ဥ​ပေက္ခာမပြုနိုင်​​သေးဘူးလား.....
သူ့​ကြောင့်​ ​နေ့စဉ်​ရက်​ဆက်​ စိတ်​ဆင်းရဲ​သောကမျက်​ရည်​ကျ​​နေရတာ​တောင်
တစ်​ချက်​​လေးမှ ​စောင်းငှဲ့ မကြည့်​တတ်​တဲ့သူကို။

စဉ်းစားပါ၊ ​တွေးပါ၊ ခွဲခြားသိမြင်​ပါ။

ကိုယ့်​ကို တန်​ဖိုးမထားတဲ့ သူ.....
ကိုယ့်​ကို နာကျင်​​စေတဲ့ သူ.....
ကိုယ့်​ကို ညှာတာသနားစိတ်​မရှိတဲ့သူ.....
ကိုယ့်​ကို စိတ်​ချမ်းသာမှု မ​ပေးတဲ့သူတစ်​​ယောက်​​ကြောင့်​....

ကိုယ့်​ဘဝတစ်​ခုလုံးကို အနစ်​မွန်းခံမလား။
ပူ​ဆွေး​နေ​တော့မလား။ အချိန်​ဖြုန်း​နေ​တော့မလား။

ကျလက်​စ မျက်​ရည်​ တို့ကိုသုက်​လိုက်​ပါ။
ပြီးရင်​ အရဲရင့်​ဆုံးပြုံးလိုက်​စမ်းပါ။

ငို​ကြွေးမ​နေနဲ့။
ခံစားမ​နေနဲ့။
ကြေကွဲမ​နေနဲ့။
တမ်းတမ​နေနဲ့။

ဘဝကို အ​ကောင်းမွန်​ဆုံးနဲ့ အ​ကောင်းဆုံးဖြတ်​သန်းသွားဖို့ သတ္တိခွန်​အား​မွေးပါ။

ကိုယ့်​နဲ့ မထိုက်​တန်​တဲ့ သူတစ်​​ယောက်​အတွက်
ကိုယ်​တိုင်​ဖန်​တီးနိုင်​မဲ့
လှပတဲ့ အနာဂတ်​ များစွာကို အဆုံးရှုံးမခံပါနဲ့။

မှတ်​ထားပါ၊
ဘဝမှာ အချစ်​ထက်​အ​ရေးကြီးတာ​တွေအများကြီးရှိပါ​သေးတယ်​။

ကိုယ်​နဲ့ထိုက်​တန်​တဲ့ သူ​ရောက်​လာဖို့
ကိုယ်​နဲ့မထိုက်​တန်​သူဟာ တစ်​နည်းနည်းနဲ့
ထွက်​ခွာသွားကြရမှာပဲ။

အလှပဆုံး အပြုံး​တွေနဲ့ မနက်​ဖြန်​ များစွာကို
ပျော်​​ပျော်​ရွှင်​ရွှင်​ ဖြတ်​သန်းပြလိုက်​စမ်းပါ ။

ကိုယ့်​ဘဝ အတွက်​ ကိုယ့်​ကိုယ်​ကို သာ တန်​ဖိုးထား
ချစ်​ပြလိုက်​စမ်းပါ​လေ။
@phyozaw12

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by phyozaw12 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64400.33
ETH 3140.71
USDT 1.00
SBD 3.93