The Kaman- citizens who suffer

in #myanmar6 years ago

The Kaman: Citizens who suffer
နစ်နာနေသော ကမန် လူမျိုးစုများ
A government decision to resettle Kaman from Rakhine IDP camps in Yangon has focused attention on the discrimination they experience, despite being eligible for full citizenship.
အစိုးရက ကမန် လူမျိုးစုများကို ရခိုင်ပြည်နယ် IDP စခန်းများမှ ရန်ကုန်သို့ ပြောင်းရွှေ့ အခြေချစေရန် ဆုံးဖြတ်ထားသော်လည်း ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်နေရသည်။ ကမန် လူမျိုးစုများသည် နိုင်ငံသား အပြည့်အဝ ဖြစ်နိုင်သော တိုင်းရင်းသားများ ဖြစ်သည်။
By SU MYAT MON | FRONTIER
စုမြတ်မွန် ရေးသားသည်။
ALTHOUGH THE Kaman are among the 135 officially recognised ethnic nationalities in Myanmar they face cultural and institutional discrimination because they are not Buddhists.
ကမန် လူမျိုးစုများသည် မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ်ပြုသော တိုင်းရင်းသား ၁၃၅ ခုတွင် ပါဝင်သော်လည်း ဗုဒ္ဓဘာသာ မဟုတ်သောကြောင့် ခွဲခြားဆက်ဆံခံနေသည်။
One of seven Rakhine sub-groups and the only Muslim group among the 135, the Kaman are one of the smallest ethnic minorities, with figures from the 2014 census suggesting there are about 28,000 in Rakhine. Community leaders put the national population at about 45,000.
ကမန် လူမျိုးစုများသည် ရခိုင်လူမျိုးစု ခွဲ ၇ ခုတွင် ပါဝင်ပြီး တိုင်းရင်းသား ၁၃၅ ခုတွင် တစ်ခုတည်းသော မွတ်စလင် ဘာသာဝင် ဖြစ်သည်။ လူဦးရေ အသေးငယ်ဆုံးဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် ၂၈ ၀၀၀ ခန့် ရှိပြီး တစ်နိုင်ငံလုံးအားဖြင့် ၄၅ ၀၀၀ ခန့် ရှိသည်ဟု လူ့အဖွဲ့အစည်း ခေါင်းဆောင်များက ဆိုသည်။
But as tensions increase between majority Buddhists and Muslims, the Kaman have found themselves occasionally at the centre of a political struggle between the government and hard-line nationalists over the response to the conflict in Rakhine State. As a result, their rights appear increasingly under threat.
ဗုဒ္ဓဘာသာဝင် အများစုနှင့် မွတ်စလင်များကြား တင်းမာမှုများ ဖြစ်ပေါ်သောအခါ အစိုးရနှင့် အစွန်းရောက် အမျိုးသားရေး ဝါဒီများကြား ရခိုင်ပြဿနာကို ဖြေရှင်းရာတွင် ကမန်လူမျိုးများသည် နိုင်ငံရေးအရ ဗဟိုချက် ဖြစ်လာခဲ့ရသည်။ ထိုသို့ဖြင့် ၎င်းတို့၏ အခွင့်အရေးသည် ခြိမ်းခြောက်ခံနေရလျှက် ရှိသည်။
A recent debate in the Pyithu Hluttaw served as a reminder of the hostility members of the Muslim group face on a regular basis.
မကြာသေးမီက ပြည်သူ့လွှတ်တော်တွင် အငြင်းအခုံ ဖြစ်ပွားခဲ့သည်ကို ကြည့်လျှင် မွတ်စလင် အုပ်စုများ ပုံမှန် ရင်ဆိုင်နေရသော အကြမ်းဖက်မှုကို တွေ့မြင်နိုင်သည်။
On March 5, Union Solidarity and Development Party MP U Maung Myint (Mingin, Sagaing) submitted a proposal urging the government to review the decision to resettle 157 Kaman from 55 families in Yangon. The families had been living in an IDP camp in Rakhine State’s Ramree Township since communal violence erupted in the state in 2012.
မတ်လ ၅ ရက်နေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ် ဦးမောင်မြင့် (Mingin, Sagaing) သည် ကမန်မိသားစု ၅၅ စုမှ ကမန်လူမျိုး ၁၅၇ ဦးကို ရန်ကုန်မြို့တွင် အခြေချနေထိုင်စေမည် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် အဆိုတင်သွင်းခဲ့သည်။ ထိုမိသားစုများသည် ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဖြစ်ပြီးကတည်းက ရခိုင်ပြည်နယ် Ramree မြို့နယ်ရှိ IDP စခန်းတွင် နေထိုင်လာခဲ့ရခြင်း ဖြစ်သည်။
“I think it will be more appropriate if we treat the cancer that is occurring in Rakhine State within Rakhine State itself,” Maung Myint, a minister in the previous USDP government, told the chamber. Allowing the Kaman families to resettle in Yangon would be “like allowing the cancer to spread across the country”, he said.
ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ကင်ဆာရောဂါကို ရခိုင်ပြည်နယ်နယ်မှာပဲ ကုစားတာ ပိုသင့်တော်ပါတယ်ဟု ယခင် USDP အစိုးရ ဝန်ကြီးဟောင်း ဦးမောင်မြင့် က လွှတ်တော်တွင် ပြောကြားခဲ့သည်။ ကမန်လူမျိုးတွေကို ရန်ကုန်မှာ အခြေချခိုင်းလိုက်တာက ကင်ဆာရောဂါကို တခြားနိုင်ငံ အစိတ်အပိုင်းတွေကို ပျံနှံ့စေနိုင်မယ်ဟု ၎င်းက ဆိုသည်။
Among the 19 MPs who debated the issue on March 15 was U Pe Than (Arakan National Party, Myebon), who expressed dismay at Maung Myint’s “cancer” comment.
မတ်လ ၁၅ ရက်နေ့တွင် ထိုအရေးကိစ္စကို ဆွေးနွေးသော အမတ်များထဲတွင် Arakan National Party မြေပုံ မြို့နယ်အမတ် ဦးဖေသန်းလည်း ပါဝင်ခဲ့သည်။ ၎င်းက ဦးမောင်မြင့်၏ ကင်ဆာဟု ရည်ညွှန်းပြောဆိုမှုကို စိတ်ပျက်မိသည်ဟု ဆိုသည်။
“It saddened me that U Maung Myint says it should only be healed in Rakhine State. If there is cancer in the body it can cause death whatever and wherever it is,” Pe Than said, adding that one of the recommendations in the final report of the Annan commission was for the government to close the IDP camps.
ဒီပြဿနာကို ရခိုင်ပြည်နယ်နယ်မှာပဲ ဖြေရှင်းရမယ်ဆိုလို့ စိတ်ပျက်မိပါတယ်။ ကင်ဆာတစ်ခုဖြစ်ရင် ကိုယ်အင်ဂါ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူကို သေစေနိုင်ပါတယ်။ Annan Commission က အကြံပေးထားတဲ့ အထဲမှာလည်း IDP စခန်းတွေကို ပိတ်ပေးရမယ်ဆိုတာ ပါပြီးသားပါဟု ဦးဖေသန်းက ဆိုသည်။
U Ba Shein (ANP, Kyaukphyu) said that as one of the 135 ethnic nationalities the Kaman had the right as citizens to move freely and their resettlement in Yangon was in line with the law.
ANP ပါတီ ကျောက်ဖြူ အမတ် ဦးဘရှိန်က ပြောကြားရာတွင် ကမန် လူမျိုးစုများသည် တိုင်းရင်းသား ၁၃၅ ခုတွင် ပါဝင်သောကြောင့် နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိရမည်ဖြစ်ပြီး လွတ်လပ်စွာ သွားလာခွင့် ရရှိရမည်ဟု ဆိုသည်။ ထို့ပြင် ၎င်းတို့ ရန်ကုန်တွင် အခြေချသည်မှာ ဥပဒေနှင့် ကိုက်ညီသည်ဟု ဆိုသည်။
“More importantly, those returnees from Bangladesh, if they would be given citizenship, should be treated the same way,” he said.
ပိုအရေးကြီးသည်မှာ ဘင်ဂလားဒေရှ့် နိုင်ငံမှ ပြန်လာသူများသည်လည်း နိုင်ငံသား ဖြစ်ခွင့်ရှိပါက တူညီစွာပင် ဆက်ဆံရမည်ဟု ၎င်းက ဆိုသည်။
The proposal was voted down 136 to 236. Minister for Social Welfare, Relief and Resettlement Dr Win Myat Aye told Frontier that most of the Kaman in IDP camps were civil servants and their families.
ထိုအဆိုပြုလွှာကို မဲခွဲရာတွင် ၁၃၆ မဲ ၂၃၆ မဲဖြင့် ရှုံးနိမ့်ခဲ့သည်။ လူမှုဖူလုံရေး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က Frontier ကို ပြောကြားရာတွင် IDP စခန်းများရှိ ကမန်လူမျိုး အများစုမှာ အစိုးရ ဝန်ထမ်းများ ဖြစ်ကြသည်ဟု ဆိုသည်။
“When the conflict suddenly erupted, they were forced into the camps and were not allowed to leave. It is a kind of confinement. When our government came to office, we planned to close the camps because they are citizens and if they are kept in the camps any longer, they will suffer socially, economically and in terms of education,” he said.
ပဋိပက္ခတွေ ရုတ်တရက် ဖြစ်ပွားလာတော့ သူတို့ကို ဒုက္ခသည် စခန်းတွေဆီ ပို့လိုက်ရပြီး ဘယ်မှ သွားလာခွင့် မပြုခဲ့ဘူး။ ဒါက အကျဉ်းချထားသလိုပဲ။ ကျွန်တော်တို့ အစိုးရ အာဏာရလာတော့ ဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းဖို့ စီစဉ်ခဲ့တယ်။ သူတို့ကလည်း နိုင်ငံသားတွေပါ။ သူတို့ကို ဒီလို ပိတ်လှောင်ထားမယ်ဆိုရင် လူမှုရေးအရ စီးပွားရေးအရ ပညာရေးအရ သူတို့တွေ နစ်နာလိမ့်မယ်ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
He said that they had been given the choice of taking compensation for their properties and moving to Yangon or returning to their original homes in Ramree.
သူတို့ကို သူတို့ပိုင်ဆိုင်တဲ့ လယ်ယာတွေအတွက် လျော်ကြေးယူပြီး ရန်ကုန်ကို ပြောင်းရွှေ့မလား။ Ramree မြို့နယ်က သူတို့ရဲ့ မူလအိမ်တွေကို ပြန်မလား ရွေးချယ်ခိုင်းထားတယ်ဟု သူက ဆိုသည်။
“Compensation was calculated according to the current value of their estate. A minority chose to stay in Ramree and for them the Ministry of Border Affairs built new houses. Everybody is doing well.”
လျော်ကြေးတွေကို သူတို့ လယ်ယာတွေရဲ့ ကာလပေါက်ဈေးနဲ့ တွက်ချက်ပေးထားတယ်။ အနည်းငယ်ကသာ Ramree မှာ ပြန်လည်နေထိုင်ဖို့ ရွေးချယ်ကြတယ်။ သူတို့အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနက အိမ်အသစ်တွေ တည်ဆောက်ပေးတယ်။ အားလုံး အဆင်ပြေနေပါတယ်ဟု ၎င်းက ဆိုသည်။
But the minister’s comments jar with the reality for those Kaman who have moved to Yangon. Although they are pleased to have left IDP camps, beginning new lives in the commercial capital has not been easy – particularly for the few households who did not have a member working for the government.
သို့သော် ဝန်ကြီး၏ စကားသည် ရန်ကုန်သို့ ပြောင်းရွှေ့လာသော ကမန်များ၏ အဖြစ်မှန်နှင့် ကွဲလွဲနေသည်။ ၎င်းတို့သည် IDP စခန်းများမှ ထွက်ခွာရသဖြင့် ပျော်ရွှင်ကြသော်လည်း စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ဘဝသစ် စတင်ရသည်မှာ မလွယ်ကူပေ။ အထူးသဖြင့် မိသားစုဝင်များတွင် အစိုးရ ဝန်ထမ်း မရှိသော အိမ်ထောင်စုများတွင် ဖြစ်သည်။
Rebuilding lives
ဘဝသစ် ပြန်လည် တည်ဆောက်ခြင်း
Since 2012, many Kaman families have gradually migrated to Yangon to escape the prospect of communal violence.
၂၀၁၂ ခုနှစ် ကတည်းက ကမန်လူမျိုး အများအပြားသည် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ရန်ကုန်သို့ တဖြည်းဖြည်း ပြောင်းရွှေ့လာကြသည်။
Some have sought the help of a Kaman community leader, U Tun Ngwe, who runs the Kaman Social Network.
တစ်ချို့သည် Kaman Social Network အဖွဲ့အစည်းကို တည်ထောင်ထားသော ကမန်လူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးထွန်းငွေ ထံတွင် အကူအညီ ရယူကြသည်။
For almost 15 years, Tun Ngwe ran a poultry farm on land he rented from the Tatmadaw in northern Yangon. When the military ended the lease in 2014, he and some other Kaman pooled their funds and bought land in the Taukkyan area of Mingaladon Township to run their own farm. Most of the workers on the farm are Kaman from Ramree; more than 100 Kaman people from 32 families live on his property, including five households that were until recently in the Ramree IDP camp.
ဦးထွန်းငွေသည် ရန်ကုန်မြောက်ပိုင်း တပ်မတော်ပိုင် မြေယာကို ငှားရမ်းပြီး ကြက်မွေးမြူရေး လုပ်ကိုင်လာသည်မှာ ၁၅ နှစ် ကြာပြီဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် တပ်မတော်က ငှားရမ်းစာချုပ်ကို အဆုံးသတ်လိုက်သောအခါ ဦးထွန်းငွေနှင့် တခြား ကမန်လူမျိုး တစ်စုသည် ၎င်းတို့၏ ငွေများကို စုပေါင်းပြီး မင်ဂလာဒုံမြို့နယ် ထောက်ကြန့်တွင် မြေယာဝယ်ယူကာ မွေးမြူရေး ခြံတစ်ခုကို တည်ထောင်ခဲ့သည်။ ထိုမွေးမြူရေးခြံမှ အလုပ်သမား အများစုသည် Ramree မြို့နယ်မှ ကမန်များ ဖြစ်ကြသည်။ ဦးထွန်းငွေတို့ စုပေါင်းတည်ထောင်ထားသော မွေးမြူရေးခြံတွင် ကမန်မိသားစု ၃၂ ခုမှ ကမန်လူဦးရေ ၁၀၀ ခန့် နေထိုင်သည်။ Ramree IDP စခန်းမှ မကြာသေးမီက ပြောင်းရွှေ့လာသော ကမန်မိသားစု ၅ ခုလည်း ပါဝင်သည်။
Tun Ngwe said Kaman wanted to resettle in the commercial capital due to concern about the possibility of further communal violence and because they were attracted to “the prospect of freedom in Yangon”.
ဦးထွန်းငွေက ပြောကြားရာတွင် ကမန်များသည် စီးပွားရေး မြို့တော် ရန်ကုန်တွင် အခြေချလိုခြင်းမှာ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ခြင်းနှင့် ရန်ကုန်တွင် လွတ်လပ်စွာ နေထိုင်နိုင်ခြင်းကို သဘောကျသောကြောင့် ဖြစ်သည်။
He said they were provided with a free air ticket and K500,000 for each family, plus K100,000 for each person in the family. But since arriving in Yangon they have not received any state support – despite Yangon Region Minister for Rakhine Ethnic Affairs U Zaw Aye Maung encouraging them to seek assistance from the government during a visit to Taukkyan late last year.
ကမန်များကို ရန်ကုန်သို့ ပြောင်းရွှေ့နိုင်ရန်အတွက် လေယာဉ်လက်မှတ် အခမဲ့ ပေးထားပြီး မိသားစု တစ်ခုလျှင် ကျပ် ၅၀၀ ၀၀၀ နှင့် မိသားစုတွင်းမှ လူတစ်ဦးချင်းစီအတွက် ကျပ် ၁၀၀ ၀၀၀ ပေးထားသည်ဟု ဦးထွန်းငွေက ဆိုသည်။ သို့သော် ရန်ကုန်သို့ ရောက်ရှိပြီးကတည်းက ရန်ကုန်တိုင်းအနေဖြင့် ဘာမျှ လုပ်ဆောင်ပေးခြင်း မရှိကြောင်း ပြောသည်။ သို့သော် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြီးခဲ့သော နှစ်အတွင်း ထောက်ကြန့်သို့ လာရောက်လည်ပတ်သောအခါ ကမန်များကို အစိုးရထံက အကူအညီ ရယူကြရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
“Despite multiple requests to government officials to provide assistance to those people living in Yangon, the response has been silence,” Tun Ngwe said.(pic)
ရန်ကုန်တွင် နေထိုင်နေသော ကမန်များကို အကူအညီပေးရန် အစိုးရ အရာရှိများထံ အထပ်ထပ် တောင်းခံခဲ့သော်လည်း ဘာမျှ တုန့်ပြန်ပြောကြားခြင်း မရှိခဲ့ပေ။
As a result, the families have had to rely heavily on relatives and members of the Kaman community living in Yangon. “Their situation is like floating in the middle of the ocean without nearing the coast; they have nothing, no jobs, and they live from hand to mouth,” Tun Ngwe said.
ထို့ကြောင့် မိသားစုများသည် ရန်ကုန်မြို့ရှိ ဆွေမျိုးများနှင့် ကမန်လူ့အဖွဲ့အစည်းကို မှီခိုရေသည်။ သူတို့ရဲ့ အခြေအနေက ပင်လယ်ထဲမှာ မျောနေတဲ့ လူတွေလိုပဲ။ သူတို့မှာ ဘာမှ မရှိဘူး။ အလုပ်အကိုင်လည်း မရှိဘူး။ တစ်နေ့စားဖို့ တစ်နေ့ရှာနေရတာဟု ဦးထွန်းငွေက ပြောပြသည်။
He rejected the minister’s suggestion that the Kaman had been adequately compensated and suggested they may have been misled into giving up their land in Ramree.
ကမန်လူမျိုးများကို အလုံအလောက် လျော်ကြေးပေးပြီးပြီဆိုသော အချက်ကို သူက ငြင်းပယ်သည်။ ထို့ပြင် ကမန်များသည် သူတို့၏ Ramree မြို့နယ်မှ နေအိမ်များကို စွန့်လွှတ်ရန် အယုံသွင်း ခံခဲ့ရခြင်း ဖြစ်သည်ဟု ဦးထွန်းငွေက ဆိုသည်။
Tun Ngwe said the cash from the government was to help the Kaman resettle in Yangon, but a subsequent article in state media said it was compensation for their land.
အစိုးရက ပေးသော ငွေကြေးမှာ ကမန်လူမျိုးများ ရန်ကုန်တွင် အခြေချနိုင်အောင် အကူအညီပေးရန် ဖြစ်သင့်သည်ဟု ဦးထွန်းငွေက ဆိုသည်။ သို့သော် နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြသော ဆောင်းပါးတွင် ၎င်းမှာ သူတို့၏ မြေယာများအတွက် လျော်ကြေးပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
“We’ve informed the government already that the amount of money given does not come close to covering their losses. The land and the houses they own are worth far more than what was given,” he said. “In addition, our land in Ramree was bestowed by the king of Rakhine for serving the king. It cannot be transferred to anyone – we possess it forever and we will never give it up.”
အစိုးရက ပေးသော ငွေကြေးသည် ကမန်များ၏ ဆုံးရှုံးမှုများကို ကာမိနိုင်ရန် အများကြီး လိုအပ်နေသေးသည်ဟု အစိုးရကို အသိပေးပြီး ဖြစ်သည်ဟု ဆိုသည်။ သူတို့ ပိုင်ဆိုင်သော အိမ်နှင့် မြေယာသည် ၎င်းထက် အဆများစွာ တန်သည်ဟု သူကဆိုသည်။ ဒါ့ပြင် Ramree ဒေသက ကမန်တွေရဲ့ မြေယာတွေက ရခိုင်ဘုရင်က သူဆီမှာ အမှုထမ်းလို့ ပေးအပ်ထားတာ။ တခြားသူဆီ လွှဲပြောင်းပေးအပ်လို့ မရဘူး။ ကျွန်တော်တို့ ဒီမြေကို ဘယ်တော့မှ အဆုံးရှုံးခံမှာ မဟုတ်ဘူးဟု ဦးထွန်းငွေက ပြောသည်။
The Kaman community is also watched closely by plain-clothed police and has been instructed to notify the military-controlled General Administration Department before talking to journalists.
ကမန် လူ့အဖွဲ့အစည်းကို အရပ်ဝတ်နဲ့ ရဲများက အမြဲတမ်း စောင့်ကြည့်နေသည်။ ထို့ပြင် သတင်းသမားများနှင့် စကားပြောဆိုမည်ဆိုလျှင် စစ်တပ်က ထိန်းချုပ်သော အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားရန် ညွှန်ကြားထားသည်။
When Frontier tried to interview Tun Ngwe and other Kaman community members, the interview had to be moved from their home to a teashop in Mingaladon because of pressure from the local authorities.
Frontier က ဦးထွန်းငွေနှင့် တခြား ကမန်လူ့အဖွဲ့အစည်းကို အင်တာဗျူးရာတွင် ၎င်းတို့၏ နေအိမ်အစား လက်ဖက်ရည်ဆိုင်တွင် ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။ ဒေသခံ အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ဖြစ်သည်။
They kept a close eye on the conversation and even called Tun Ngwe while he was being interviewed by Frontier to inquire about his whereabouts. He said it was unfair for GAD to try and stop them from talking to journalists. “We should have the right to talk to media,” he said.
သတင်းသမားများထံသို့ ပြောကြားသော စကားများကိုလည်း သေချာစောင့်ကြည့်နေပြီး Frontier က အင်တာဗျူးနေစဉ်မှာပင် ဦးထွန်းငွေ ဘယ်ရောက်နေသည်ကို လိုက်မေးကြသည်ဟု သိရသည်။ ကျွန်တော်တို့ကို မီဒီယာနဲ့ စကားပြောဆိုခွင့် မပေးတာက အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက တရားမျှတမှု မရှိတာပဲ။ ကျွန်တော်တို့ကလည်း မီဒီယာနဲ့ စကားပြောဆိုခွင့် ရှိသင့်ပါတယ်ဟု ဦးထွန်းငွေက ဆိုသည်။
‘We would like to return to Rakhine’
ကျွန်တော်တို့ ရခိုင်ပြည်နယ် ပြန်ချင်တယ်။
Daw Nwe Nwe Win, 51, a widow with two daughters and two sons, told Frontier she had decided to resettle in Yangon because living at Ramree IDP camp had become intolerable.
သား ၂ ယောက် သမီး ၂ ယောက် ရှိသော အသက် ၅၁ နှစ်အရွယ် ဒေါ်နွယ်နွယ်ဝင်းက ပြောကြားရာတွင် ရမ်းဗြဲမြို့နယ် IDP စခန်းများတွင် နေထိုင်ရခြင်းမှာ ခက်ခဲလာသောကြောင့် ရန်ကုန်တွင် အခြေချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“My only hope in moving to Yangon was escape five years of difficulties in the camp,” she said.
ကျွန်မ ရန်ကုန်ကို လာရတဲ့ မျှော်လင့်ချက်က IDP စခန်းမှာ ဒုက္ခခံရတာက လွတ်မြောက်ဖို့ပါဟု သူမက ဆိုသည်။
Nwe Nwe Win said that if the government does not provide housing for the resettled Kaman, living in Yangon will not make a great difference to their lives.(pic)
နွယ်နွယ်ဝင်းက ပြောကြားရာတွင် ပြောင်းရွှေ့အခြေချလာတဲ့ ကမန်တွေကို အစိုးရက အိမ်ယာ မစီစဉ်ပေးဘူးဆိုရင် ရန်ကုန်မှာ နေရတာကလည်း IDP စခန်းနဲ့ ဘာမှထူးမှာ မဟုတ်ဘူးဟု ဆိုသည်။
“All of our troubles remain the same because we do not own a house and with neither a house or a business how can it be okay for us?” she said.
ဒုက္ခတွေကတော့ အရင်အတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ နေစရာအိမ်လည်း မရှိဘူး။ အလုပ်အကိုင်လည်း မရှိဘူးဟု သူမက ဆိုသည်။
“Frankly, rather than living here with nothing, we would like to return to Rakhine if law and order can be assured by the government,” said Daw Nwe Nwe Win.
ပွင့်ပွင့်လင်းလင်း ပြောရရင် ရန်ကုန်မှာ လက်ချည်းဗလာနဲ့ နေရမယ့်အစား တည်ငြိမ်အေးချမ်းမှုကို အစိုးရက အာမခံပေးနိုင်ရင် ရခိုင်ပြည်နယ်ကိုပဲ ပြန်ချင်ပါတယ်ဟု ဒေါ်နွယ်နွယ်ဝင်းက ဆိုသည်။
She said her house was one of 21 destroyed by arson in Ramree during the first round of communal violence that wracked Rakhine in June 2012, but the government had provided no support. Owners of 45 houses torched in Ramree during the second round of violence in October that year had received compensation from the government, she said.
၂၀၁၂ ခုနှစ် ဇွန်လတွင် ပထမအချီ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ရမ်းဗြဲတွင် မီးရှို့ဖျက်ဆီးကြရာ ပျက်ဆီးသွားသော နေအိမ် ၂၁ လုံးတွင် သူမ၏ နေအိမ် ပါသွားခဲ့သည်ဟု ဆိုသည်။ သို့သော် အစိုးရက ဘာမျှ ထောက်ပံ့ခဲ့ခြင်း မရှိဟုဆိုသည်။ ထိုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ဒုတိယအကြိမ် အကြမ်းဖက်မှုတွင် မီးလောင်သွားသော နေအိမ် ၄၅ လုံးကို အစိုးရက လျော်ကြေးပေးခဲ့သည်ဟု သူမက ဆိုသည်။
Some Kaman families, totalling about 60 people, moved to Yangon of their own volition before the group of 55 families were sent to the commercial capital.
လူဦးရေ ၆၀ ခန့် ပါဝင်သော ကမန် မိသားစုများသည် သူတို့အစီအစဉ်ဖြင့် သူတို့ ရန်ကုန်သို့ ပြောင်းရွှေ့သွားကြသည်။ ထို့နောက်တွင် မိသားစု ၅၅ ခု ကို အစိုးရက ရန်ကုန်သို့ ပြောင်းရွှေ့ပေးခဲ့သည်။
Among them was Daw Ma Sai Kay, 42, a Buddhist married to a Kaman who had to move into an IDP camp with their three sons after the violence in 2012.
၂၀၁၂ ခုနှစ် အကြမ်းဖက်မှု အပြီးတွင် သား ၃ ဦးနှင့်အတူ IDP စခန်းသို့ ပြောင်းရွှေ့ခဲ့ရသော အသက် ၄၂ နှစ်အရွယ် Daw Ma Sai Kay လည်း ပါဝင်ခဲ့သည်။ Daw Ma Sai Kay သည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပြီး ကမန်အမျိုးသားကို လက်ထပ်ထားသူ ဖြစ်သည်။
Her Buddhist relatives had helped the family when there were food shortages in the camp, Ma Sai Kay told Frontier.
IDP စခန်းတွင် အစားအစာ မလုံလောက်သောအခါ သူမ၏ ဗုဒ္ဓဘာသာဝင် ဆွေမျိုးများက အကူအညီပေးကြသည်ဟု Ma Sai Kay က ဆိုသည်။
“When food aid was not sufficient, I would call my family on the phone to ask them for more rice; that’s how I survived,” she said.
အစားအစာ မလုံလောက်ရင် ကျွန်မက မိသားစုဝင်တွေကို ဖုန်းဆက်ပြီး ဆန်တောင်းရတယ်။ ဒီလိုနည်းနဲ့ ရှင်သန်နေထိုင်လာရတာဟု သူမက ဆိုသည်။
Over the years, Ma Sai Kay’s family gradually migrated to Yangon. She travelled alone by bus to Yangon in 2016, about two years after her husband. Her three sons came to Yangon separately, travelling via Thandwe because Muslims are not able to take buses directly from Ramree to Yangon. Ma Sai Kay said money and religion prevented the family from travelling together.
Ma Sai Kay ၏ မိသားစုဝင်များသည် တဖြည်းဖြည်းချင်း ရန်ကုန်သို့ ပြောင်းရွှေ့လာနေသည်။ သူမ၏ ခင်ပွန်းဖြစ်သူ ရန်ကုန်သို့ ပြောင်းရွှေ့အပြီး ၂ နှစ်အကြာ ၂၀၁၆ ခုနှစ်တွင် Ma Sai Kay သည် ရန်ကုန်သို့ တစ်ဦးတည်း လိုက်လာခဲ့သည်။ သူမ၏ သား ၃ ယောက်သည် သီးခြားစီ ရန်ကုန်သို့ လိုက်လာခဲ့သည်။ မွတ်စလင်များသည် ရမ်းဗြဲမြို့နယ်မှ ရန်ကုန်သို့ တိုက်ရိုက် ကားစီးသွားခွင့် မရှိသောကြောင့် သံတွဲမြို့မှတဆင့် လာရသည်။ သူမတို့ မိသားစုသည် ပိုက်ဆံနှင့် ဘာသာရေးကြောင့် အတူတူ ခရီးသွားခွင့် မရခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
She says she enjoys the greater sense of freedom in Yangon compared with Ramree.
သူမသည် ရမ်းဗြဲမြို့နှင့် နှိုင်းယဉ်လျှင် ရန်ကုန်တွင် ပိုမိုလွတ်လပ်စွာ နေထိုင်နိုင်သဖြင့် သဘောကျသည်ဟု ဆိုသည်။
“I especially enjoy the freedom from worry because there are no threats here,” she said, adding that if she was confident that Rakhine was safe she would like to return because she misses her family. “All my seven siblings are there.”
ဒီမှာက စိုးရိမ်စရာတွေ မရှိဘူး။ ကြောက်ရွံ့စရာလည်း မရှိဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ အန္တာရာယ် ကင်းသွားရင် ပြန်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ မောင်နှစ်မ ၇ ယောက်စလုံးက ရခိုင်ပြည်နယ်မှာပဲလေဟု သူမက ဆိုသည်။
“We do not have a home here; we are staying in a room next to a poultry shed that smells bad,” she said, laughing.
ကျွန်မတို့က ရန်ကုန်မှာ အိမ်လည်း မရှိဘူးလေ။ ကြက်ခြံဘေးက အဖီမှာ နေနေရတာ။ ကြက်စော်လည်း နံပါတယ်ဟု ရယ်မောရင်း ပြောသည်။
Broken trust
ယုံကြည်မှု ကင်းမဲ့လာခြင်း
U Min Naing, deputy chairman of the Kaman Social Network, said he was shocked by the violence and arson at Ramree in 2012 because it involved a community that had previously been fairly harmonious.
Kaman Social Network ၏ ဒုဥက္ကဌ ဦးမင်းနိုင်က ပြောကြားရာတွင် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် သူအံ့သြခဲ့ရသည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် အကြမ်းဖက် ဖျက်ဆီးမှုများတွင် ယခင်က အတူယှဉ်တွဲ နေထိုင်လာသော လူ့အဖွဲ့အစည်းဝင်များ ပါဝင်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။
Most Kaman in Ramree have Rakhine Buddhist relatives, Min Naing said, adding that his grandmother and mother were Buddhists.(pic)
ရမ်းဗြဲမြို့မှ ကမန်အများစုတွင် ဗုဒ္ဓဘာသာဝင် ဆွေမျိုးများ ရှိကြသည်ဟု ဦးမင်းနိုင်က ပြောပြသည်။ သူ၏ အမေနှင့် အဖွားတို့သည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်ဟု ဆိုသည်။
Some of his Buddhist relatives had set fire to homes in Ramree’s sixth quarter where many Kaman lived, he said.
သူ၏ ဗုဒ္ဓဘာသာဝင် ဆွေမျိုးများသည် ကမန်အများစု နေထိုင်သော ရမ်းဗြဲမြို့ ၆ ရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။
He did not understand how this could happen in a country with a Buddhist majority that valued metta, which means “loving kindness”.
မေတ္တာတရားကို တန်ဖိုးထားသော ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် ထိုသို့ ဖြစ်ပွားခဲ့ရသည်ကို နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။
The trust between members of different religions can be fragile ­– particularly when tensions are being inflamed for political purposes, Min Naing said.
မတူညီသော ဘာသာဝင်များကြားတွင် ယုံကြည်မှုများ ကင်းမဲ့နေကြသည်။ အထူးသဖြင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် တင်းမာမှုများကို မီးထိုးပေးသောအခါတွင် ဖြစ်သည်ဟု ဦးမင်းနိုင်က ဆိုသည်။
“The situation in Rakhine is due to a political game,” he said.
ရခိုင်ပြည်နယ်မှာ ဒီလိုဖြစ်နေရတာက နိုင်ငံရေး ကစားသူတွေကြောင့်ပါဟု သူက ဆိုသည်။
The government could protect its image from international criticism that it discriminates against Muslims by ensuring that the Kaman were treated the same as other citizens, he said.
အစိုးရက မွတ်စလင်တွေကို ခွဲခြားဆက်ဆံနေတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ချေဖျက်ဖို့က ကမန်လူမျိုးတွေကို တခြားနိုင်ငံသားတွေနည်းတူ ဆက်ဆံနေတယ်ဆိုတာ ပြသဖို့လိုတယ်ဟု သူက ဆိုသည်။
“This is the right time to act on it and remove the bad image,” Min Naing said.
ဒီအချိန်က ဒီနာမည်ဆိုးကြီးကို ချေဖျက်ဖို့ အချိန်ကောင်းပဲဟု သူက ဆိုသည်။
Tun Ngwe said USDP lawmaker Maung Myint’s opposition to the resettlement decision was contrary to the constitution, which states that every citizen had the right to freedom of movement.
ဦးထွန်းငွေက ပြောကြားရာတွင် USDP အမတ် ဦးမောင်မြင့်က ကမန်များ ရန်ကုန်တွင် အခြေချနေသည့်အပေါ် ဆန့်ကျင်နေခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်နေသည်ဟု ဆိုသည်။ ဖွဲ့စည်းပုံတွင် နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ သွားလာခွင့် ရှိသည်ဟု ပါရှိသည်။
“They [MPs] should study the constitution,” he added.
အမတ်တွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သေချာလေ့လာထားသင့်တယ်ဟု ဦးထွန်းငွေက ဆိုသည်။
TOP PHOTO: Su Myat Mon | Frontier

Coin Marketplace

STEEM 0.19
TRX 0.18
JST 0.036
BTC 90080.39
ETH 3207.90
USDT 1.00
SBD 2.75