သတိရပေးပါ (Remember Me)
သတိရပေးပါ (Remember Me)
သတိရတဲ့အခါ အတိတ်ကအမှတ်တရတွေ
ပြည့်နေတဲ့ ဓာတ်ပုံလေးကို ထုတ်ကြည့်မိတယ်
အရင်တုန်းကလို ပဲ သတိရတုန်း
အရင်တုန်းကလို ပဲ နင်နဲ့ ပတ်သက်ရင်
မျက်ရည်စက်တွေ မြေခ ဖို့ လွယ်တုန်းပဲ
ငါ့ လက်ကနေ ရုန်းထွက်ချင်တဲ့
ငှက်ကလေးတကောင်ကို ပျော်ရွှင်ပါစေဆိုတဲ့
ဆန္ဒတခုနဲ့ ပျံသန်းခွင့်ပြုလိုက်သလိုပေါ့………။
❤❤❤❤❤❤❤❤❤❤❤❤❤❤
(ဆိုတေး)အဝေးရောက်ချစ်သူ သီချင်းသံလေး
ကြားတဲ့ အခါ ငါလွမ်းတယ်………
(Bunny phyo)အလွမ်းပြေအနမ်းလေး
ကြားတော့ ပို လွမ်းခဲ့ရတယ်………
ငါ မရှိတဲ့ အရပ်မှာ
ငါ နဲ့ ဝေးရာနေရာတခုမှာ
ငါ့ အတွက် သတိရခြင်းမရှိပဲ လွတ်လပ်စွာ
ပျံသန်းသွားပါတော့ ကွာ………။
💛💛💛💛💛💛💛💛💛💛
ငါ့ အတွက်ကတော့ အလွမ်းကဗျာတွေနဲ့ 
မင်းကို ဆက်လွမ်းနေအုံးမှာပါ
တနေ့ ထက်တနေ့ 
မင်းကို ဆက်ချစ်သွားမယ်
ငါဆီက မင်းမရခဲ့တဲ့ မျှော်လင့်ချက်တွေ
မင်းပိုင်ဆိုင်နိုင်ပါစေလို့  သတိရတိုင်း
ဆုတောင်းပေးနေဆဲပါ…………။
💚💚💚💚💚💚💚💚💚💚
ဆောင်းရာသီ ရောက်လို့ အချမ်းတွေ ပိုလာတဲ့အခါ
နွေးနွေးထွေးထွေး နေပါနော်
မိုးတွေ သည်းတဲ့အခါ နွေးထွေးတဲ့ ရင်ခွင်လေးမှာ
ခေါင်းလေးမှေးစက် နိုင်ပါစေကွာ
ငါ့ ရင်ခွင် ထက် ပိုတဲ့ လုံခြုံမှုပေးတဲ့
လူတယောက်ကို ပိုင်ဆိုင်ပါစေ ငှက်ကလေးရယ်။
💙💙💙💙💙💙💙💙💙💙
မင်း ထွက်ခွာသွားတဲ့ ဘဝမှာ ငါ့ရင်ဘတ်ထဲမှာ
ပြည့်နေတာက အလွမ်းကဗျာတွေပဲ ဖြစ်မှာပါ
ငါ ကဗျာ တွေ မရေးဖြစ်ခဲ့ရင်
လွမ်းစရာတွေ ကုန်သွားတယ် မထင်ပါနဲ့ 
ဘယ်တော့မှ မပြောင်းလဲခြင်းတွေနဲ့ 
မင်းကို လွမ်းနေပါတယ်………။
💜💜💜💜💜💜💜💜💜💜
တချိန် ချိန် မှာ ပေါ့
ငါပျောက်ကွယ်သွားခဲ့ရင် မင်းကိုချစ်ခဲ့ဘူးတဲ့ လူတယောက်အတွက် ခဏလောက်တော့ သတိရပေးပါ ……။
Credit :Facebook Photo
📝ရေးသားသူ ဖြိုးဝေအောင်📝
Author @phyowaiaung
MSC-115




Vote ခဲ့ ပြီ
ကျေးဇူးပါ ဆရာ
လွမ်းလွန်းရင် ကျွမ်းသွားတတ်တယ်
ကျွမ်းလွန်းရင်တော့ မြေမြုပ်လိုက်ရတတ်တယ်
မြေမြုပ်လိုက်ရတော့မယ် ထင်တယ် လောင်းကျွမ်းပြာကျနေပြီ