ငါကိုယ်တိုင် နားမလည်တော့တဲ့ ခံစားချက်များ

in #myanmar6 years ago (edited)

ငါကိုယ်တိုင် နားမလည်တော့တဲ့ ခံစားချက်များ

♥♥♥ဘယ်တော့မှ…ဘယ်သူကိုမှ ဖုန်းမခေါ်တော့ဘူးလို့ …
လူတကာကို ကြေညာနေတဲ့  လူတယောက်ရင်ထဲမှာ တချိန်က ပတ်သက်ခဲ့ဘူးတ၊ဲ့ ဖုန်းဆက်တာတောင် ပြန်လည်ဖြေကြားခြင်းမရှိတဲ့ နံပါတ်လေးတခု အသည်းမှာ ကဗျည်း ထိုးထားတယ်♥♥♥
image

♥♥♥ငါ့ကံကြမ္မာကြီးက …ဆိုးလိုက်တာလို့ …
ကံတရားကိုပဲ အပြစ်တင်နေတဲ့ လူတယောက် ရင်ထဲမှ
မှန်ကန်တဲ့ ရွေးခြယ်မှုတွေ ရှိခဲ့ပေမဲ့  အစားထိုးမရတဲ့  ကြင်နာမှုတွေ ပျောက်ဆုံးခဲ့တယ်ဆိုတာ မျက်ဝန်း ထဲက မျက်ရည်စတွေ သက်သေပြနေတယ်♥♥♥
image

♥♥♥လူတိုင်းကို ဝတ္တရားဆန်ဆန် ပြုမှုနေတဲ့ လူတယောက်မှာ တချိန်က ထင်မှတ်မထားတဲ့ လူတွေစီက သူ ယုံကြည်မှုတွေ ရိုက်ချိုးခံလိုက်ရတယ်ဆိုတာ စက်ရုပ်တရုပ်လို ဖြစ်သွားခဲ့တဲ့  သူအပြုအမှုတွေနဲ့  လှုပ်ရှားမှုတွေက သက်သေပြ နေတယ်♥♥♥
image

♥♥♥အချိန် ဆိုတာ အကောင်းဆုံးဆေးတလက်ဆိုတာ လူတိုင်းပြောကျပေမဲ့  စိတ်နာခြင်း နဲ့ စွဲလမ်းစိတ်တွေ အတွက်တော့ ဖြေဆေးရှိမယ်မထင်ပါဘူး♥♥♥
image

♥♥♥ အလှဆုံး ပြုံးတတ်ခဲ့တာ မဟုတ်ပါဘူး……
တခါတလေ အတိတ်ကာလက အဖြစ်အပျက်တွေ ပတ်သက်မှု တွေ ထဲမှာ အသည်းမာတဲ့ လူတယောက်တောင် မျက်ရည်ကျမိခဲ့ဘူးတယ် ဆိုတော့ ဘယ်လောက်ထိ ခံစားခဲ့ ရတယ်ဆိုတာ သူအပြုံးတွေက သက်သေပြနေပါတယ်♥♥♥
image

♥♥♥ဘယ်လောက်ပဲ ချစ်ခဲ့ပါစေ ဥပေက္ခာ ပြုခံရတာများလာတဲ့အခါ၊ ပေးဆပ်မှုတွေ များတဲ့ အခါ၊ သူတနေ့  ချစ်ရတာနဲ့ ပေးဆပ်ရတာ မတန်တော့ဘူးလို့ ထင်တဲ့ အခါ အချစ် ကို ကြောက်လန့့် မိသွားမှပါ♥♥♥
image

♥♥♥ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ဘယ်လောက်ပဲ အလိုလိုက်လိုက် အမြဲတမ်း လျော့ပေးနေရတာ များလာပြီဆိုရင် တနေ့  မာန တရား နဲ့ သိက္ခာတရားကို တိပါးမိခဲ့ရင် ပေါက်ကွဲ တဲ့ နေ့ ဆိုတာ ရှိလာမှ ပါ♥♥♥
image
Credit :Google Photo
📝ရေးသားသူ ဖြိုးဝေအောင်📝
🔀➿🔀➿🔀➿🔀🔀➿🔀➿🔀➿🔀➿🔀➿

Author @phyowaiaung
MSC-115
image

received_1178917088909060.gif

Sort:  

ကုန်​​သေးဘူးလားဟင်​ ခံစားချက်​​တေ

အများကြီးး ကျန်သေးတယ် ဆက်ရန် ရှိသေးသည် feel တာတွေ များနေလို အမြင်ကပ်နေပြီလား

Bro ကိုယ်​တိုင်​နားမလည်​မှ​တော့
ကျွန်​​တော်​တို့လည်းလည်​ဘူး။အရမ်း​ကောင်းပါတယ်​။

တော်တယ် ပြောရမှပေါ့နော် ကျွန်တော်လဲ နားမလည် သူများလဲနားမလည်

အရေးသားတွေကတော့ရှယ်ပဲဗျာ

မရှယ်ပါဘူး ဗျာ ရေးသာရေးနေတာ ဘာတွေ ဖြစ်သွားမှန်းမသိလိုက်ဘူး

အေး နာလဲနားလည်ဘူး

ဟီဟီ တူတူပဲ ကျွန်တော် လဲ နားမလည်ဘူး ခံစားရတဲ့ အတိုင်းချရေးလိုက်တာ နားကိုမလည်တော့ဘူဖြစ်သွားတယ်

ဖတ်​လို.​ကောင်းပါတယ်​ bro

ကျေးဇူးပါ brother

fighting @zinzinကော်ဖီ မဟုတ်ဘူး နော်

ခံစားချက်တွေ....ခံစားချက်တွေ

ခံစားချက် တချို တလေ ပါဗျာ

ဘာမန့်ရမှန်းတောင်မသိတော့ဘူး ဟီး
နားမလည်တဲ့ခံစားချက်ဆိုတော့

ဟီ comment ရေးစရာ မလိုအောင် ရေးလိုက်တာလေ

နောက်ဆုံးပုံကြီးက ဘာကြီးလားကွာ....

ကောင်မလေးနဲ့ ကောင်လေးပုံလေကွာ ဘာကြီးလဲတော့ ငါလဲ သေချာ မကြည့် မိလိုက်ဘူးဟ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.031
BTC 68622.46
ETH 3788.62
USDT 1.00
SBD 3.66