MSC လှူဒါန်းခဲ့တဲ့ မွန်မြတ်လှတဲ့အလှူ နဲ့  ငလှိုင်စာသင်ကျောင်းက ပညာရေးစုံညီပွဲတော်

in #myanmar7 years ago (edited)

MSC လှူဒါန်းခဲ့တဲ့ မွန်မြတ်လှတဲ့အလှူ နဲ့  ငလှိုင်စာသင်ကျောင်းက ပညာရေးစုံညီပွဲတော်

ငလှိုင်ရွာကလေး ရဲ့  အာရုဏ်တက် လင်းကြက်တွန်သံလေးကတော့ ဟိုးးးအဝေးကနေ ကြားနေရပါပြီ အရင်နေ့ များနဲ့ မတူ တမှုထူးခြားတဲ့ နေ့ လေးတရက်ဆိုတာတော့ ကျေးရွာက လူတွေ ရင်ထဲမှာ အလိုလိုခံစားမိနေမယ်ထင်ပါတယ်။ကျွန်တော့် ရင်ထဲမှ မျှော်လင့် မိနေတဲ့  နေ့ လေးတရက် ဖြစ်လာပြီဆိုတာကို တွေးမိတိုင်း ရင်ထဲမှာ ပျော်ရွှင်ကြည်နူးမိပါတယ်။ဒီနေ့  လေးကိုစောင့်မျှော်နေခဲ့တာ ရက်ပေါင်း၂၄ ရက် ကြာညောင်းခဲ့ပြီဆို ရင် ပိုမှန်ပါတယ်။

image
ဟိုးးး လွန်ခဲ့တဲ့ ရက်ပေါင်း၂၄ ရက်လောက်က ကျွန်တော့် ငလှိုင်ကျေးရွာ စာသင်ကျောင်းလေးကို လေ့လာဖို့ သွားရင်း ကလေးတွေ ရဲ့ ဆူဆူညံညံ အသံလေးတွေ နဲ့ စာအုပ်လေးကို ကိုင်လို့ ကလေးတွေကို စာသင်နေတဲ့  ဆရာမတယောက်ရဲ့ မျက်ဝန်းထဲက မေတ္တာတရားတွေကိုကြည့်ပြီး ကျွန်တော့်ရင်ထဲကို အတွေးစလေး တခုဖြစ်ပေါ်စေခဲ့ပါတယ်။ရင်ထဲက အတွေး စလေးတွေကို စုစည်းပြီး
""ငလှိုင်ရွာကလေး က မေတ္တာရှင်လေးများ """
image
ဆိုတဲ့ ဆောင်းပါးလေးကို ရေးသားပြီး Steemit မှ တင်ဖြစ်ခဲ့ပါတယ်။
အတွေးစလေးတွေကို စုစည်းပြီးရေးသားထားတဲ့ """ငလှိုင်ရွာက မေတ္တာရှင်လေး"""
https://steemit.com/myanmar/@phyowaiaung/ngli-ngyayakelk-emt-ayawngelundefined-e95dcba95aca3

စာသင်ကျောင်းလေးက မြို့ ပြနဲ့ ဝေးကွာလွန်းတဲ့ အတွက် နိုင်ငံတော်ရဲ့ ထောက်ပံမှုကို အပြည့်အဝ မရရှိသလို ကျေးရွာမှာနေထိုင်တဲ့ ကျေးရွာသူ/သားတွေကလဲ တောင်ယာအလုပ်သာ လုပ်ကိုင်တဲ့ အတွက် သီးနှံ ဈေးကောင်းမှသာ ပြေပြေလည်လည် ဖြစ်တာကြောင့် စာသင်ကျောင်းလိုအပ်ချက်တွေက ခုလို များပြားနေတာပါ။ကလေးတွေ ရဲ့ လိုအပ်ချက် ဖြစ်တဲ့  စာအုပ် ဘောပင် ခဲတံဆိုတာ တနေ့ လုပ်မှ တနေ စားရတဲ့  မိဘတွေ အနေ နဲ့ အလွယ်တကူဝယ်မပေးနိုင်ကျပါဘူး။စာသင်ကြားမှုအတွက် စာအုပ် ဘောပင် ခဲတံ အတွက် Steemit Myanmar Community အဖွဲ့ ကနေ လှူဒါန်းချင်တယ်လို့ အကြောင်းကြားတာ့ ရင်ထဲမှ ပျော်ရွှင်ကြည်နူးမိသွားတာ ဝန်ခံပါတယ်။ MSC ရဲ့ ပထမဆုံး အလှူတခုဖြစ်ခဲ့သလို မွန်မြတ်လှတဲ့ အလှူတခုမှ တစိတ်တဒေသ အဖြစ် ပါဝင်ခွင့်ရတာကို ကျေးဇူးတင်နေမိပါတယ်။

image
MSC လှူဒါန်းမှုလေးကို ကျောင်းဆရာမကြီး နဲ့ တိုင်ပင်ရင်း ပညာရေးစုံညီပွဲတော်မှာ လှူတန်းဖို့ အတွက် ဖြစ်ခဲ့ပါတယ်။ကျောင်းသား/သူ မိဘတွေ ရဲ့ ပျော်ရွှင် မှုလေးတွေကို ခံစားလို့ ရအောင် ဆရာမကြီးအနေနဲ့ စီစဉ်ပေးခဲ့ပုံပါ။ပညာရေး စုံညီပွဲ တော်လေးဖြစ်မြောက်အောင် အတွက် ရွာဦးဘုန်းတော်ကြီးကျောင်းက ဆရာတော် နဲ့ ရွာလူကြီး ရဲ့ ဦးဆောင်မှု နောက်မှာ မဏ္ဏန်ဆောက်ရန်အတွက်တရွာလုံးက တက်ညီလက်ညီ မြန်မြန်ဆန်ဆန် ဆောက်လုပ်ခဲ့ကြပါတယ်။ ဧည်ခံကျွေးမွေးဖို့ အတွက် ပစ္စည်းအစုံ နှင့် အသံချဲ့ စက်အထိ အစအဆုံး ကို ဆရာတော်ကနေ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ဖိတ်ကြားထားတဲ့ ဆရာ/ဆရာမတွေနဲ့ ရွာသူ/ရွာသားတွေကို ထမင်းဟင်းနဲ့  ဧည်ခံ ကျွေးမွေးခဲ့သလို ကျောင်းကပွဲ ကြည့်တဲ့ အခါ အချို ပွဲလေးတွေ နဲ့  ကြည့်ရူ နိုင်အောင် စီမံ ပေးထားတာမြင်မိပါတယ်။
ကျောင်းကပွဲ မစခင် MSC ကနေ လှူတန်းတဲ့  ပစ္စည်းလေးတွေ နဲ့ အတူ ကျောင်းသား/ သူတွေကို အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။
image
image
အမှတ်တရ ဓာတ်ပုံ ရိုက်ပြီးတာနဲ့ ပညာရေး စုံညီပွဲတော်ကို စတင်ကျင်းပခဲ့ပါတယ်။၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဆုရသူများ ကို ဆုပြီးတဲ့နောက်မှ ၂၀၁၇-၂၀၁၈ ကာယ စွမ်းရည် ပြိုင်ပွဲ ဆုရရှိတဲ့  လူတွေ ကို ဆက်လက် ဆုပေးခဲ့ပါတယ်။ ဆုပေးပွဲပြီးတော့ အားလုံး စောင့်မျှော်နေတဲ့  အကတွေ သီချင်းတွေ နဲ့ ဆက်လျက်ဖျော်ဖြေ ခဲ့ပါတယ်။ ကျောင်းသား/သူတွေ ရဲ့ ဖျော်ဖြေမှုအောက်မှ ဧည်သည် တွေ နဲ့ မိဘတွေရဲ့ မျက်နှာ ပေါ်မှာ ပျော်ရွှင် ကြည်နူးမှုကို မြင်နေရပါတယ်။ KG နဲ့  ပထမတန်းကျောင်းသားတွေ ရဲ့ လှုပ်လှုပ်သီချင်းလေးက ကလေးတွေ ရဲ့ ချစ်စရာအမှုအရာလေးတွေကို ကြည်ပြီး အပျော်တွေ ကူးဆက်လာပါတယ်။
image image image image image image image image image image image image image

သီချင်း ၁၄ မျိုး နဲ့ မရိုးနိုင်အောင် ကပြသွားခဲ့သော်ကျာင်းသား/သူတွေကိုသင်ကြားပေးခဲ့တဲ့  ဆရာ / ဆရာမ တွေ ရဲ့  အကအလှ နဲ့  သင်ကြားမှုကို လေးစားမိပါတယ်။
ပညာရေး စုံညီ ပွဲတော်လေး ရဲ့ နောက်ဆုံး သီချင်းလေးကတော့ မြတ်ဆရာ သီချင်းလေးကို ဆဌမတန်း နဲ့ သတ္တမတန်း ကျောင်းသူ/ကျောင်းသူတွေက ပူပေါင်းပြီးဆရာ / ဆရာမ တွေကို ဂုဏ်ပြုသီဆို ခဲ့ပါတယ်။
မြတ်ဆရာ သီချင်းလေးနဲ့ ပညာရေး စုံညီပွဲတော်ကို အောင်အောင်မြင်မြင် ပြီးဆုံးသွားတဲ့ နောက်မှာ MSC ကလှူဒါန်းတဲ့  စာအုပ် ဘောပင် ခဲတံတွေကို ကလေး တွေကို တယောက် ချင်းကျွန်တော် ကိုယ်တိုင်ပေးရင်း MSC အလှူလေးကို မှတ် တမ်းတင်ခဲ့ ပါတယ်။

image image

ငလှိုင်စာသင်ကျောင်းလေးရဲ့ အလှူ ရှင်တဲ့ ဖြစ်တဲ့ MSC အဖွဲ့ ကို ဆရာတော်ကြီး မှ """သာဓု သာဓု သာဓု "" ၃ ကြိမ် ခေါ်ခဲ့ သလို ရွာသူ ရွာသားတွေ ကလဲ ကျေးဇူးတင် စကားတွေ ပြောကျတာ ကျွန်တော် စာသင်ကျောင်းကနေပြန်တဲ့ အထိ လမ်းမှ ကြားမိနေဆဲပါ။MSC အဖွဲ့ အနေနဲ့ ရှေ့ဆက်ပြီး အလှူတွေ ကို ဒီထက် မက ပိုလှူ နိုင်အောင် အတွက် Steemit အဖွဲ့ သားတွေ ဝိုင်းဝန်း လက်တွဲ သွားမယ်ဆိုရင် MSC အနေ နဲ့ အောင်မြင်မှု ရရှိနိုင်မယ် လို့ ခံယူရင်း
Steemit Myanmar Community လှူတန်းခဲ့တဲ့ မွန် မြတ်လှတဲ့ အလှူ လေးကို

""" သာဓု သာဓု သာဓု """"

MSC နောက်တက်လှူဒါန်းတဲ့ အစီအစဉ်တွေ မှာလဲ ကျွန်တော် ပါဝင်ခွင့်  ရပါစေလို့ ဆုတောင်းရင်းးးး

author @phyowaiaung
MSC-115
received_1178917088909060.gif

Sort:  

ဖတ်ရတာ ကြည်နူးပီတိဖြစ်စရာလေးပါ ။

သာဓု သာဓု သာဓု

နောက်အကြိမ်တွေမှာပါဝင်နိုင်အောင်ကြိုးစားပါ့မယ်။

နောက် ထက် အလှူတွေ ကျ ရင် အတူတူ ပါဝင်ပြီး ကုသိုဟ်ယူကျတာပေါ့ဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by phyowaiaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဒီအလှူလေးအတွက် ထပ်တူထပ်မျှကြည်နူးရပါတယ်။
သာဓု သာဓု သာဓု

ပျော်ရွှင် ကြည်နူးမိပါတယ် အမ

သာဓုပါ။vote powerနည်းသွားလို့ကိုဖြိုး​ရေ

ဟုတ် ကျေးဇူးတင်ပါတယ် အမ

နောင်​ခါ ကို​ယ်​လည်း လှူနိုင်​​အောင်​ကြိုးစားမယ်​ဗျာ

တဖြေးဖြေးsteem power များလာရင် ကျွန်တော် တို့ လှူတန်းချင်တာတွေ ဖြစ်လာမှာပါ

သာဓုပါရှင်။

ဟုတ်ကဲ့ သာဓု သာဓု သာဓု ပါဗျာ

သာဓု သာဓု သာဓုဗျားးး

နောင်များလည်း လှု ကြမယ်

အတူတူ ရှေ့ဆက်ကျမယ် အတူတူ လှူတန်းကျမယ်

ပြန်တောင်ငယ်ချင်

ဟို အရင်တုန်း က ကလေးလေး ဘဝကို တခါပြန်ပြီ ရရင်သေးတယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 62135.43
ETH 2418.50
USDT 1.00
SBD 2.58