"မာန်​"

in #myanmar6 years ago

"မာန်​"

အကြိမ်​ကြိမ်​ အခါခါ
လိမ်​ညာချက်​​တွေ​ကြောင့်
တစ်​ကြိမ်​တစ်​ခါ ​ဖောက်​လာတဲ့
စိတ်​​တွေက သူ..နဲ့..အ​ဝေးဆုံးကိုတဲ့..။

❤❤❤❤❤❤❤❤❤❤

ကိုယ့်​မျက်​ရည်​သာ
ကိုယ်​မငဲ့ရင်
ကိုယ်​တို့ နှစ်​​ယောက်​ ရင်​ခွင်
အလှမ်း​ဝေးတာ​တောင်​ကြာပြီ။

❤❤❤❤❤❤❤❤❤❤

မချိတင်​ကဲ အပြုံး​လေးနဲ့
လူတကာ​တွေ့ တိုင်း
ဟန်​​ဆောင်​ပြုံးရလွန်းလို့
Auto ခလုပ်​တစ်​ခုသာသာဖြစ်​​နေတဲ့
ငါ့..မျက်​နှာဟာ
လူကွယ်​ရာမှာ အသာငိုရှိုက်​ပြီး
မဲ့ခဲ့ရတဲ့ အချိန်​​တွေ ရှိပါတယ်​။

❤❤❤❤❤❤❤❤❤❤

တင်းမရတဲ့ မာနကို
အမိအရ ဖမ်းဆုပ်
နောက်​ဆုပ်​ဖို့ ရည်​ရွယ်​ လိုက်​တိုင်း
အတိုင်းမသိ ခံစားမူ​တွေက
ရင်​နဲ့မဆံ့​အောင်​ အ​ပြေးအလွှား
ဝင်​​ရောက်​လာကြတယ်​..။

❤❤❤❤❤❤❤❤❤❤

နောက်​တစ်​ခါ မဖြစ်​​စေရ​တော့ဘူးဆိုပြီး
မာန​လေး မာန်​တင်းကြည့်​​တော့
မင်း..က..အဓိက လို့
ခံယူထားတဲ့ စိတ်​က
မင်းအရိပ်​မှာပဲ အကြိမ်​ကြိမ်​ ပြိုလဲကျခဲ့ပြန်​တယ်​။

❤❤❤❤❤❤❤❤❤❤

နဂိုကတည်း ကမှ
မခိုင်​မြဲတဲ့ နှလုံးသား က
အလိုလို ယိုင်​လဲကျသွားတာ
ငါ...ပြန်​ပြီး
မတ်​မတ်​မရပ်​နိုင်​ခဲ့တာပဲ အဖတ်​တင်​ခဲ့တယ်​..။

📝ရေးသားသူ ဖြိုးဝေအောင်📝

Author @phyowaiaung
image

Sort:  

မာနလျော့ရင်ခံစားရသက်သာမှာ

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.033
BTC 64010.98
ETH 2791.72
USDT 1.00
SBD 2.65