တနေ့ ငါ့မျှော်နေတဲ့ နေ့ လေး

in #myanmar6 years ago (edited)

တနေ့  ငါ့မျှော်နေတဲ့ နေ့ လေး

အိပ်လို့ မရတဲ့ ညတညမှာပေါ့ တစ်ရာတန်ဘောပင်လေးကို ဆုပ်ကိုင်တော့ စာအုပ်လေး ကမျက်စောင်းထိုးပြီး ပြောတယ်

မင်း ကောင်မလေး အကြောင်း ထပ်ရေးအုံးမလို့ လားတဲ့ 

အနေ ဝေးနေရတဲ့ LDRS ဘဝမို့  လွမ်းတဲ့ အချိန်တိုင်း ပြေးတွေ့ ခွင့် မရှိတော့ ခံစားရသမျှကို စာအုပ်လေးထဲ ချရေးပြီး ရင်ဖွင့် နေရတဲ့ ဘဝပါလို့  ကျွန်တော် ဖြေလိုက်မိတယ်။

LDRS Miss(myanmar new song 2016):

မြူနှင်းတွေ ကျနေတဲ့ မနက်ခင်းလေးမှာ အိပ်မရလောက်အောင် အေးခဲလွန်းနေတော့ အစောကြီး မျက်လုံး ပွင့်နေလဲ နွေးထွေးလှတဲ့  အိပ်ယာလေးကို မထချင်လောက်အောင်ကို တွယ်တာမိနေပေမဲ့  နင့်အကြောင်းလေးတွေ တွေးမိသွားတော့ စောင်တွေ ကို ဘေးကို ဆွဲခွာရင်း နာရီ ကို ကြည့်မိတော့ 5:30AM ပဲရှိသေးတယ် ။Coffee တခွက်သောက်ရင်း ဖုန်းထဲက Alarm မြည်သံလေး မျှော်နေမိတယ်။ အော် အချိန်တွေ ကုန်မှန်းမသိကုန်လာတာ ဘာလိုလို နဲ့ ငါ နင့်ကို မနက်ခင်းတိုင်း ဖုန်းဆက်နှိုးခဲ့တာတောင် ၄နှစ်ကျော်သွားခဲ့ပြီ ပဲ …………

image

ငါ အားလုံးကို ဘာမှ မသိတော့ရင် ကောင်းမယ်။ ကံကြမ္မာ က တို့ နှစ်ယောက်ကို တယောက် တနေရာစီခွဲမထားခဲ့ရင်ကောင်းမယ်။အခုတော့ ငါ့ အသိစိတ်ထဲမှာ အလွမ်းတွေက ဒဏ်ရာ အဖြစ်ကနေ အစိုင်အခဲ တခုအနေနဲ့ ရင်ထဲမှာ စွဲထင်နေပြီလေ။တခါတလေ အလွမ်းတွေက လေးလံလွန်း လာတော့ နေ့ ရက်တွေကို ကျော်ဖြတ်ဖို့  ငါ အသက်မဲ့ နေခဲ့ပြီ။ဘယ်အချိန် အထိ ငါ့ တိုနှစ်ယောက် ဝေးနေရမှလဲ ဆိုတဲ့  အတွေးတွေ ဝင်လာတိုင်း အားအင် မဲ့ လျှက်ဖြစ်သွားလျှက်ပေါ့…………

image

လူဆိုတာ မျှော်လင့်ချက် နဲ့ အသက်ဆက်နေတယ် ဆိုရင် ငါ့ရဲ့ မျှော်လင့်ချက် က နင် ပါ။

နင်က ငါ့ မျှော်လင့်ချက်
နင်က ငါ့ အိမ်မက်တခု

အဝေး ကနေ နင့် နာမည် ကို ခေါ်ပြီး လွမ်းနေရတဲ့ အဖြစ်အပျက်တွေကိုမုန်းတယ်။ နင့်ပုံရိပ်တွေကို သတိရတိုင်း ဓာတ်ပုံလေးကိုထုတ်ကြည့်နေရတဲ့ ဘဝကိုလဲမုန်းတယ်။နင့်ဘေးမှ ပျံဝဲနေတဲ့ လိပ်ပြာတွေလဲ မုန်းတယ်။ တို့ နှစ်ယောက် ကို ဝေးကွာအောင် ဖန်တီးခဲ့တဲ့ ကံကြမ္မာ ကြီးကိုလဲ မုန်းတယ်။

image

တနေ့ တနေ့  တနေ့ ကျရင်ပေါ့ ငါ့ရင်ခွင်ထဲကနင့်ကို တစိမ့်စိမ့် ထိုင်ကြည့်ပြီး နင့် ဆံနွယ်ရှည်လေးတွေ ကို တယုတယ နမ်းရိုက်ပြီး နင့်အနားလေးကို ကပ်ပြီး စကားတွေ အများကြီးပြောချင်တယ်။

တနေ့ တနေ့ အဲဒီ နေ့ ကို ငါစောင့်မျှော်နေမိတယ်
📝ရေးသားသူ ဖြိုးဝေအောင်📝

image

Author @phyowaiaung
Credit :Google Photo
MSC-115
received_1178917088909060.gif

Sort:  

ဓာတ်ပုံက ဆင်တူနေတယ် ဒီတော့ မှန်ကြည့်ရင်း ကိုယ့်ပုံကို မြင်တိုင်းလည်း လွမ်းနေဦးမယ်ပေါ့

လွမ်းသည် ဆွေးသည် ရေးသည် ငဖြိုး
👏👏👏

ခံစားသည် ရေးသည် steemit ကလူတွေကို ဒုက္ခ ပေးသည်😁😁😁

ခံစားချက်​​တွေရင်​နဲ့​ကောဆံ့​သေးရဲ့လားကွယ်​ 😄

မဆံ့တော့ လို လျော့ထားရတယ်

အလွမ်းတွေနဲ့ဝေတဲ့ post ပါဗျာ...

ခံစားချက် တွေ အလွမ်းတွေ ပြည့်နေတဲ့ လူဆိုတော့ post ကလဲ အလွမ်းတွေ ဝေ သွားတာပေါ့

အဲဒီနေ့အမြန်ဆုံးရောက်ပါစေsl

ဆုတောင်းလေး မြန်မြန်ပြည့်ပါစေ ဗျာ

အလွမ်းမင်းသားလေးပါခင်ဗျ အားပေးသွားလိုက်ကြပါအုံး

အမြင်​ကပ်​တယ်​ ဒိုများကျ​တော့ လွမ်းဖို့​နေ​နေသာ ​ဘေးနားငုတ်​တုပ်​ကြီး ဘယ်​ပို့ရမလဲမသိ​နေတာ

ပြောဖို့ စောင့်နေကျ တာကွယ် သားလွမ်းတာပဲပြောနေကျတာပဲ

ညား ညားမှပါပဲ မယူ​သေးဘူးလားဟ

လက်ဖွဲ့ ပြင်ထားပါ ယူရင် ဖိတ် စာပို့ လိုက်ပါမယ်

လွမ်းတတ်သူကြီးရေ။

ဗျာ လွမ်းတတ် လို့ ပါဗျာ

အရမ်းလွမ်းသွားပါတယ်​ရှင်

လွမ်းသွားရင် အလွမ်းကဗျာ ရေး မအိ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.031
BTC 68622.46
ETH 3788.62
USDT 1.00
SBD 3.66