အောင်မြင်မှု့ ပန်းတိုင်

in #myanmar6 years ago

image
steemit မှ စာသူပရိတ်သတ်များ မင်္ဂလာ့ပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ ဘဝဆိုတာ နေတတ်မှ ကျေနပ်စရာကောင်းမှာပြါ ဖစ်ချင်တာတွေ ဖြစ်ခဲ့ကြသလို မဖြစ်ချင်တာတြွေ ဖစ်နေတာလည်း ရှိနေပါတယ်။တောင်တက်သမားတစ်ယောက်က တောင်ထိပ်ကိုရောက်အောင် ခက်ခဲ ပင်ပန်းစွာ သက်စွန့်ဆံဖျားတက်ခဲ့ရသလို ဘဝပင်လယ်ထဲမှာ အစုန်အဆန် ကူးခတ်နေရသော ရေကူးသမားတွေက ကျွန်တော်တို့ လူသားတွေပါ။လူဆိုတာ မွေးလာကတည်းက နာဖူးမှာ ဇာတာပါလာသလို သူ့အကြောင်းတရားနဲ့ သူ ဆင်းရဲချမ်းသာ ကွာခြားနေတတ်ပါတယ်။ချမ်းသာသော မိဘက ပေါက်ဖွားလာပြီး ချမ်းသာကြွယ်ဝသူ
ရှိသလို ချမ်းသာသောမိဘက ပေါက်ဖွားလာပေမယ့် ကိုယ့်လက်ထက်ကျမှ ဆင်းရဲတွင်းနက်ခဲ့သည်များလည်း ရှိနေပါတယ်။ချမ်းသာသည် ဖြစ်စေ ၊ ဆင်းရဲသည်ဖြစ်စေ မွေ့ယာပေါ်မှာ
လောကဓံ ခံရတာနဲ့ ကြမ်းပြင်ပေါ်မှာ လောကဓံရင်ဆိုင်ရတာပဲ ကွာပါလိမ့်မယ်။လောကဓံဆိုတာ လာဘ်ထိုးလို့မရသော အရာဖြစ်ပြီး ကိုယ်ပြုသည့်ကံ ကိုယ့်ထံပဲ အရိပ်လိုလိုက်နေတာမျိုးပါ။ဘဝဆိုတာ တောင်တက်သမားလို စွန့်စားမှ ပြည့်စုံလန်းဆန်းလာ တာမျိုးပါ။ စွန့်စားမှူဆိုတာ အတွေးအခေါ်ဥာဏ်ပညာပါရင် အမှားနည်းပြီး တစ်နပ်စားဥာဏ်ကြံမိရင် အနေမြင့်ခဲ့ရင်တောင်မှ
ဘဝမြင့်လာမှာ မဟုတ်ပါဘူး။အနေမြင့်တိုင်း ဘဝမြင့်တာမဟုတ်သလို အနေဆင်းရဲတိုင်းလည်း
ဘဝနိမ့်နေတာ မဟုတ်ပါဘူး။ဘဝမြင့်ချင်ရင် ကြမ်းတမ်းသော လမ်းတွေကို မကြောက်သင့်သလို ခက်ခဲပင်ပန်းသော စိတ်ဒဏ်ရာကိုလည်း မျက်ကွယ်ပြုနိုင်ရပါတယ်။စိတ်ခံစားမှူနောက်လိုက်ပြီး စိတ်ထောင်းလို့ ကိုယ်ကြေနေရင်
လန်းဆန်းသောဘဝနဲ့ ဝေးကွာနေရအုံးမှာပါ။ငွေကြေးပြည့်စုံပြီး မာန်မာနတွေတက်ကာ အတ္တတွေကြီးနေရင်လည်း အပူမီးကြားမှာ ငြိမ်းချမ်းခြင်းဆိုတာ ဝေးကွာနေရအုံးမှာပါ။ဘဝဆိုတာ တိုက်ပွဲတစ်ခုဆိုရင် ကျည်ဆံဆိုတဲ့ ပစ်ခတ်ဝေဖန်မှူတွေကိုလည်း လက်ခံနိုင်ရပါတယ်။တိုက်ပွဲဆိုတာ ရန်သူရယ် ၊ မိတ်ဆွေရယ် ဟူ၍နှစ်မျိုးရှိပြီး ရန်သူကို အောင်နိုင်ရသလို မိတ်ဆွေကိုလည်း
တည့်အောင်ပေါင်းရပါတယ်။
image
ပြည့်စုံလန်းဆန်းသော ဘဝပိုင်ရှင်တိုင်းသည် ကြမ်းတမ်းသော လမ်းတွေကိုဖြတ်ကျော်ခဲ့ရသလို မြင့်မားသော ဘဝပိုင်ရှင်တိုင်းသည်လည်း ခါးသီးမှူ​တွေကို ကြုံတွေ့ခဲ့ရတာချည်းပါပဲ။နေရိပ်လိုချင်ရင် နေပူအရင်ခံရသလို အေးချမ်းမှူလိုချင်ရင်ေ သာကအပူ ၊ သံ​ယောဇဉ်​ အပူတော့ ခံရတတ်ပါတယ်။အမြင့်တစ်ခုရောက်ဖို့သည် အနိမ့်ဆုံးက စတက်ရသလို ရင့်ကျက်မှူဆိုတာကို ရဖို့ကလည်း ပေးဆပ်မှူတွေက ဒုနဲ့ဒေးပါ။ပျော်စရာနဲ့ နောက်ကွယ်မှာ စိတ်ညစ်စရာတွေ တွဲကပ်ပါလာတတ်သလို ရယ်စရာရဲ့ နောက်ကွယ်မှာ အငိုမျက်ရည်တွေက ကော်နဲ့ကပ်ထားသလို ယှဉ်တွဲပါလာတတ်ပါတယ်။မည်သို့ပင်ဖြစ်စေ လန်းဆန်းသော ဘဝကိုရဖို့ ကြမ်းတမ်းမှူဆိုသော
တောင်တက်လမ်းတွေ ဖြတ်ကျော်ခဲ့ရသလို လောကဓံလှူိင်းတံပိုးကြားမှာ ကူးခတ်နေရမှာက လူ့ဘဝပါ။နေ့စဉ်ကောင်းတဲ့အကျင့်မွေးမြူပါ။ ဥပမာ နံနက်စာ အပြည့်အ၀စားခြင်း၊ တီဗီကြည့်ချိန် ကန့်သတ်ထားခြင်း။ရည်မှန်းချက်များ ပုံမှန်ချမှတ်ပါ။ အောင်မြင်တဲ့သူတွေဟာ နေ့စဉ် လုပ်ရန်စာရင်း အပြင်၊ လစဉ်၊ နှစ်စဉ် ရည်မှန်းချက်တွေ ရှိကြပါတယ်။နေ့စဉ် တိုးတက်ဖို့ ကြိုးစားကြပါ။ အောင်မြင်သူတွေဟာ အကျိုးမရှိဘဲ အချိန်ကုန်ခံလေ့မရှိကြပါဘူး။ကိုယ့်ကျန်းမာရေးကိုယ်ကို ဂရုစိုက်ကြပါ။ သူတို့ဟာ ကောင်းကောင်းစားသလို လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်ခြင်းဖြင့် ကျန်းမာအောင် နေကြပါတယ်။လူမှုရေးအတွက်လည်း အချိန်သီးသန့်ဖယ်ထားပါ။ အောင်မြင်တဲ့သူတွေဟာ သူတပါးကို ကူညီပေးတဲ့သူတွေဖြစ်ပါတယ်။အလည်အလတ်လမ်းစဉ်ကို ကျင့်သုံးကြပါ။ သူတို့ဟာ အလုပ်၊ အစား၊ လေ့ကျင့်ခန်း၊ ယမကာ စတာတွေမှာ ညီညွတ်မျှတစွာ လုပ်လေ့ရှိပါတယ်။ အစွန်းမရောက်ကြပါဘူး။အလုပ်ကို အချိန်ဆွဲလေ့မရှိဘဲ အခုချက်ချင်းလုပ်ပါ။ အောင်မြင်သူတွေဟာ အလုပ်ကိုရွေ့လိုက်လို့ တဒင်္ဂရလာတဲ့ သက်သာမှုကို ရယူလိုက်ရင် နောင်မှာ ပိုပြီး ပေးဆပ်ရမယ်ဆိုတာ နားလည်ကြပါတယ်။အပြုသဘောဆောင်ပါ။ အောင်မြင်သူတွေဟာ တခြားသူရဲ့ ကောင်းမွန်တဲ့ အချက်အလက်တွေကို မြင်လေ့ရှိသလိုပဲ့ သူ့ကိုယ်သူလည်း အပြုသဘောဘက်ကနေ မြင်လေ့ရှိပါတယ်။ငွေကြေးကို ပုံမှန်စုဆောင်းပါ။ အောင်မြင်တဲ့သူတွေဟာ သူတို့ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ စုဆောင်းကြပါတယ်။ကိုယ့်ကိုယ်ကို ကန့်သတ်တဲ့ အတွေးတွေ မတွေးပါနှင့်။ အောင်မြင်သူတွေဟာ သူတို့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ်ကိုလည်း ကန့်သတ်မထားကြပါဘူး။ သူတို့လေ့လာရင် တတ်မယ်။ သူတို့လုပ်ရင် အောင်မြင်မယ်လို့ ယုံကြည်ကြသူတွေ ဖြစ်ကြပါတယ်။ညီညွတ်မျှတစွာ အသက်ရှင်နေထိုင်ကြပါ။ တချို့သူတွေဟာ ကိုယ်ရှာတာထက် ပိုသုံးကြလို့ မစုမဆောင်းနိုင်၊ အကြွေးသံသရာလည်နေတတ်ကြပါတယ်။နေ့စဉ်စာဖတ်ပါ။
image
အောင်မြင်တဲ့သူတွေဟာ အနည်းဆုံး တစ်ရက်ကို နာရီဝက်လောက် စာဖတ်လေ့ရှိကြပါတယ်။တီဗီကြည့်တာကို ကန့်သတ်ပါ။ တီဗီကြည့်တာထက်ပိုပြီး အကျိုးရှိစေမယ် အလုပ်တွေကို အချိန်ပေးလိုက်ရင် သင့်အတွက် ပိုကောင်းပါတယ်။နဲနဲလေး ပိုလုပ်လိုက်ပါ။ အောင်မြင်တဲ့သူတွေဟာ အလုပ်တစ်ခုကိုလုပ်ရင် ၀တ်ကျေတန်းကျေမဟုတ်ဘဲ နဲနဲလေးတော့ ပိုလုပ်လေ့ရှိကြပါတယ်။နည်းနည်းပြောပြီး များများ နားထောင်ပါ။ နားထောင်ရင် ပညာရပါတယ်။ ဒါ့အပြင် သူများရဲ့ လိုအပ်ချက်တွေလည်း ပိုသိမြင်လာပါတယ်။အခက်အခဲတွေ ကြုံလာတိုင်း အားမလျော့ပါနဲ့။ အောင်မြင်တဲ့သူတွေဟာ ဇွဲနဲ့ကြိုးစားကြလို့ သူတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်ကြပါတယ်။ကိုယ်နဲ့ စိတ်သဘောတူတဲ့ အပေါင်းအသင်းများနဲ့ အတူအချိန်ယူပါ။ ကောင်းမွန်တဲ့ မိတ်ဆွေများဟာ သင့်ရည်မှန်းချက်ကို ပြည့်စေဖို့ ကူညီကြမှာပါ။စံနမူနာယူစရာသူတစ်ဦးကို ရှာပါ။ သူတို့ဟာ အတွေ့အကြုံထဲကနေပြီး သင်ယူစရာတွေကို မျှဝေပေးနိုင်ပါတယ်။ဘာကြောင့် လုပ်နေတယ်ဆိုတာ သိပါ။ ဘာကြောင့်အောင်မြင်ချင်တာလဲ၊ ဘာကြောင့်ချမ်းသာချင်တာလဲ စတာတွေရဲ့ အဖြေကို သင့်ကိုယ်သင်ဖြေကြည့်ပါ။မကြောက်မရွံနဲ့ ရှေ့တစ်လှမ်း တိုးပါ။အောင်မြင်တဲ့သူတွေဟာ ကြောက်ရွံ့မှုက သူတို့ကို ကန့်သက်ခြင်းကို လက်မခံကြပါဘူး။ကိုယ်အထင်ကြီးလေးစားတဲ့သူတစ်ယောက်ကို မေးကြည့်ပါ။ သူတို့ ဘယ်လို ကြောက်ရွံမှုတွေကို ကျော်ဖြတ်ခဲ့သလဲဆိုတာ။ကိုယ့်နေရာမှာ ကျွမ်းကျင်သထက်ကျွမ်းကျင်လာအောင် လေ့လာပါ။ ရှေ့ကို ပိုပြီးရောက်ချင်ရင်တော့ နည်းလမ်းတစ်ခုပဲရှိပါတယ်။ ဒီကနေ့မှာရှိတဲ့ ကျွမ်းကျင်မှုထက် နောက်တစ်နေ့မှာ ပိုတိုးတက်နေဖို့ လိုပါတယ်။ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ အိမ်ငှားမနေနဲ့ အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ အရပ်ဆယ်မျက်နာရှိရှိသမျ ဆင်းရဲချမ်းသာ ထာဝရအေးချမ်းသာယာနိုင်ကြပါစေ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Boaungdean from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62574.15
ETH 3443.14
USDT 1.00
SBD 2.51