မုဒိတာပွားမိခြင်းsteemCreated with Sketch.

in #myanmar7 years ago (edited)

image

ဒီနေ့တော့ မိုးကတစ်ဖွဲဖွဲနဲ့ ငြီးငွေ့စရာပါ။ တစ်နေကုန် အိမ်တွင်းအောင်းပြီး ကွန်ပျူတာသုံးလိုက်၊ စာဖတ်လိုက်နဲ့ ညောင်းချိသလိုခံစားရတာနဲ့ လမ်းထိပ်ကလဖတ်ရည်ဆိုင်သို့ ထွတ်ခဲ့တယ်။

image

လမ်း​ရောက်​​တော့ ​ရောင်​စုံမြို့ပြကြားက ​ရောင်​စုံလူ​တွေက​တော့ လှုပ်​ရှား​နေကြပါတယ်​။ လဖတ်​ရည်​ဆိုင်​နဲ့သိပ်​မ​ဝေး​တော့ လမ်းသိပ်​မ​လျှောက်​လိုက်​ရပါဘူး ဆိုင်​​ရှေ့သို့​ရောက်​လာခဲ့ပါပြီ။ အရင်​​နေ့​တွေက သီချင်​သံ​တွေဆူညံ့​နေ​ပေမယ့်​ ဒီ​နေ့​တော့ ထူးထူးခြားခြားသီးချင်းမဖွင့်​ပါဘူး။ လက်​ဖတ်​ရည်​​သောက်​​နေတဲ့သူကလဲ ချာတိတ်​မ​လေး(၄)​ယောက်​​သောက်​​နေတဲ့ တစ်​ဝိုင်းသာရှိပါတယ်​။

image

ဒီလိုနဲ့ ကျုပ်​ထိုင်​​နေကျ ​ဒေါင့်​ကျကျဝိုင်းမှာပဲ ဝင်​ထိုင်​ဖြစ်​တယ်​။ ဆိုင်​ရှင်​ကလဲ ​သောက်​​နေကြမှန်းသိလို့ ​သောက်​မလားလို့​မေးပြီး လက်​ဖတ်​ရည်​ ​ဖျော်​​နေ​လေရဲ့။ ​အော်​...ဒါနဲ့ ​ခေတ်​​တွေ​ပြောင်းလဲ​နေတာ ခုမှပဲ သိလိုက်​မိ​တော့တယ်​လို့ ချာတိတ်​မ​လေး(၄)​ယောက်​ထိုင်​​နေတဲ့ဝိုင်းကို တချတ်​ကြည့်​လိုက်​ပြီး စဉ်းစားမိပါတယ်​။

image

သူတို့လဲ သူတို့ဘာသာ စကားလက်​ဆုံကြ​နေကြတာ​ပေါ့။ ကျုပ်​လဲအာရုံ​နောက်​တာနဲ့ ဖုန်းထုတ်​ပြီး facebook သုံး​နေလိုက်​တယ်​။ ဟိုသတင်းဖတ်​၊ ဒီသတင်းဖတ်​​ပေါ့။

image

ကျုပ်​နားကတစ်​ချတ်​ သတိထားလိုက်​မိတာက ဟိုဘက်​ချာတိတ်​မ​လေးဝိုင်းက ချာတိတ်​မ​လေးတစ်​​ယောက်​ ​ပြောလိုက်​တဲ့ " ငါကမ​သေခင် ​ရောဂါကြီးကြီးကျယ်​ကျယ်​မဖြစ်​​အောင်​​နေမယ်​​​။ ဘာလို့လဲဆို​တော့ ငါ​သေရင်​ ငါခန္ဓာကိုယ်​ ကို လျှူ ပစ်​ခဲ့မှာ" ဆိုတဲ့ စကားတစ်​ခွန်းပဲဖြစ်​ပါတယ်​။

ကြက်​သီး​တွေထပြီး အဲ့ချာတိတ်​မ​လေးကို ​လေးစားမိသွားတယ်​။ ​ကောင်းလိုက်​တဲ့ ဆုံးဖြတ်​ချတ်​၊ မွန်​မြတ်​လိုက်​မယ့်​ လျှူဒါန်းမှု လို့စိတ်​ထဲက ချီးကျူးမိပါတယ်​။ သူ့ဆုံးဖြတ်​အတိုင်းလဲ လုပ်​နိုင်​ပါ​စေလို့လဲ ဆု​တောင်းမိပါတယ်​။

image

ကျုပ်ကသူ့ထက် အသက်ကြီးတယ် ဘာလို့ သူ့အတွေမျိုးမရှိတာပါလိမ့်။ အကယ်၍ ကျုပ်သေဆုံးခဲ့သော် မြေမြှုပ်ရင်မြှုပ်၊ မမြှုပ်ရင် မီးသဂြိုလ်မယ်ဆိုတဲ့ သာမန်လူတိုရဲ့သေဆုံးချင်းမျိုး ၊ သူမကတော့ ထိုသို့မဟုတ်ပေ သေဆုံးခဲ့ရင်တောင့် သူမရဲ့အသုံးဝင်သေးမယ် ခန္ဓာကိုယ်အစိတ်အပိုင်းကို တခြားအသုံးဝင်သူများသို့ ပေးလှူခြင်းဖြင့် လူ့လောကကိုအကျိုးပြုစေပါဦးမည်။ လူ့လောကမှာကျန်ရှိနေမယ့် နောင်လူတို့အတွတ် အကျိုးရှိစေပါဦးမည်။ကျုပ်တို့ကရော လူ့လောအတွတ် အကျိုးရှိအောင် ဘာများလုပ်ပြီးပြီလဲလို့ စဉ်းစားရင်းဖြင့် မွန်မြတ်လှပေစွ၊ ကောင်းလေးစွ၊ ကောင်းလေစွလို့ သူမရဲ့ ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ရင်းဖြင့် မုဒိတာပွားနေမိပါတော့တယ်။

အားလုံးကို ​ကျေးဇူးတင်​ပါသည်​။

Author...@Phogyan

image

Sort:  

good fri
thank for sharing

Ok,thanks fri...

nice post.
font ၂မျိုး ဖြစ်နေသလားလို့!

ဟုတ်​လား bro, firebox မှာ​တော့မှန်​ပါတယ်​ခင်​ဗျ။

ဟုတ်​ကဲ့ပါခင်​ဗျာ။

အတွေ့အကြုံကောင်းလေးကို မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ

ဟုတ်​ကဲ့ပါဗျာ။

Congratulations @phogyan! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 63013.55
ETH 2460.64
USDT 1.00
SBD 2.64