Making With Photoshop(2)

in #myanmar8 years ago

image

အားလုံးပဲ မင်္ဂလာပါ ခင်​ဗျာ။ ယ​နေ့ ကျွန်​​တော်​ပြုလုပ်​ဖြစ်​ခဲ့တဲ့ ပုံ​လေးတစ်​ခုအ​ကြောင်း မျှ​ဝေ​ပေးပါရ​စေ။ Google က​နေပဲ လိုအပ်​မယ်​ထင်​တဲ့ ပုံ​တွေကို down ယူခဲ့ပါတယ်​။ ဒီ​နေရာမှာ Google ဆိုတာကို အမှိုက်​ပုံး တစ်​ခုအ​နေနဲ့ ​ပြောပါရ​စေ။ ကျွန်​​တော်​ ဥပမာ​ပေးတာ မှား​ကောင်းလဲ မှားနိုင်​ပါတယ်​။ ဘာလို့လဲဆို​တော့ ကျွန်​​တော်​တို့ လိုအပ်​တာ​တွေကို ရှာ​ဖွေယူနိုင်​တယ်​။ မလိုအပ်​တာ​တွေကို ထားခဲ့နိုင်​တယ်​။ မည်​သူမဆို ဝင်​​ရောက်​ရှာ​ဖွေ ရယူနိုင်​တဲ့ အင်​တာနတ်​ ဘုံဆိုင်​တစ်​ခု ဆိုလဲ မှားမယ်​မထင်​ပါဘူး။

image

ဒီပုံ​လေး​တွေ့​တော့ စိတ်​ကူး​ပေါက်​တာနဲ့ ​ပေါင်းစပ်​ချင်​တဲ့ပုံ​တွေကို google မှာရှာပီး down ယူလိုက်​ပါတယ်​။

image

image

image

image

image

image

image

ပထမဆုံ အ​နေနဲ့ ​မြေအနီ​ရောင်​ရှိ​နေတဲ့ပုံကို photoshop မှာဖွင့်​လိုက်​ပါတယ်​။ အနီ​ရောင်​​မြေသား​တွေကို လိုချင်​လို့ပါ။ ပြီး​တော့ အဲ့ပုံကို layermaskနဲ့ တွဲပြီး ပုံအ​ပေါ်ပိုင်းက မလိုမယ်​ထင်​တာ​တွေကို brush ဖြင့်​ ဖယ်​ရှားလိုက်​ပါတယ်​။

image

ပီလျှင်​ တိမ်​တိုက်​ပုံကို movetool ဖြင့်​ ထည့်​လိုက်​ပါတယ်​။ ​ကောင်းကင်​​နေရာမှာ ထားရန်​အတွတ်​ဖြစ်​ပါတယ်​။

image

ပြီး​တော့မှ ဟိုင်း​ဝေးလမ်းမပုံ ကို ထည့်​ပါတယ်​။ ​မြေအ​နီ​ရောင်​ပုံက မညီညာ​သော​ကြောင့်​ ဟိုင်း​ဝေးလမ်းပုံဖြင့်​ ​မြေနီလမ်းပုံ ပြုလုပ်​ခြင်းဖြစ်​ပါတယ်​။ ပြီးလျှင်​ အ​ဆောက်​ဦးပုံကို ထည့်​ပါတယ်​။ ​ကောင်းကင်​နဲ့ ​မြေကြီးဆုံတဲ့​နေရာမှာထားပြီး ခပ်​ဝါးဝါး​လေး ထားပါတယ်​။

image

လျှပ်​စီးလပ်​​နေတဲ့ ပုံကို​တော့ ​ကောင်းကင်​မှာထားပြီး ​ကောင်​ကင်​အ​ရောင်​နဲ့ ချိန်​ညှိလိုက်​ပါတယ်​။ opacity ကို ​လျှောချထားခြင်းဖြစ်​ပါတယ်​။

image

ပြီလျှင်​ ကျွန်​​တော့်​ပုံကို cut ပြီး၊ ​နေရာချလိုက်​ပါတယ်​။

image

bubble ပုံ​လေးကို backgroung ​တွေဖယ်​ပြီး photoshop ထဲ ထည့်​လိုက်​ပါတယ်​။

image

ထို​နောက်​ magic light ပုံကို bubble ပုံ​ရှေ့မှာထားလိုက်​ပါတယ်​။ blending mode ကို လိုအပ်​သလို​ပြောင်း၊ opacity ကို ချိန်​ညှိလိုက်​ပါတယ်​။

image

ပေါင်းစပ်​ချင်​တဲ့ ပုံ​တွေ ပြီးသွား​တော့မှ ပုံတစ်​ခုလုံးအား color effect ​တွေကို လိုသလို ချိန်​ညှိလိုက်​ပါတယ်​။နောက်​ဆုံး​တော့ ကျွန်​​တော်​လိုချင်​တဲ့ ပုံကို ရရှိခဲ့ပါတယ်​။

image

image

(အားလုံးကို ​ကျေးဇူးတင်​ပါသည်​။)
လိုအပ်​ချတ်​များရှိခဲ့လျှင်​​ ဖြည့်​စွတ်​​ပေးကြပါ။
အားလုံးပဲ ​အောင်​မြင်​ကြပါ​စေ ခင်​ဗျာ။

Images from google and myphoto

image

Design.@phogyan
(MSC.041)

Sort:  

နည်းပညာကိုလေးစားမိပါတယ်ဗျာ

Thanks bro.....

စိတ်ကူးလေးတွေကောင်းပါတယ်

ဟုတ်​ကဲ့ ​ကျေးဇူးပါ။

Design ကတော်တော်မိုက်ပါတယ်။

Thanks bro...

Thanks fri....

thank for your sharing

Thanks for support.

တကယ်တော်တယ်ဗျာ..
Photoshop လာသင်အုံးမယ် :)

လေ့လာ​နေဆဲပါ bro...

This post has been ranked within the top 80 most undervalued posts in the first half of Nov 06. We estimate that this post is undervalued by $5.44 as compared to a scenario in which every voter had an equal say.

See the full rankings and details in The Daily Tribune: Nov 06 - Part I. You can also read about some of our methodology, data analysis and technical details in our initial post.

If you are the author and would prefer not to receive these comments, simply reply "Stop" to this comment.

photoshop လာသင်အုံးမှဘာ

လေ့လာ​နေဆဲပါဗျ

Coin Marketplace

STEEM 0.09
TRX 0.32
JST 0.033
BTC 111017.83
ETH 3958.15
USDT 1.00
SBD 0.63