ခုံတန်း​လေး

in #myanmar7 years ago (edited)

image

"ဝါး.........."

လောကကို ​လေး​လေးပင်​ပင်​နဲ့ပဲနှုတ်​ဆတ်​လိုက်​တယ်​။ အမှန်​​တော့ ကျွန်​​တော်​ဟာ ခုံတန်း​လေးတစ်​ခုပါ။ ပြည့်​စုံတဲ့ ဘဝ​တော့မဟုတ်​ပါဘူး။ ကျွန်​​တော့်​ ခန္တာကိုယ်​မှာ ​နေပူ​တော့ ​ခြောက်​​သွေ့​နေလိုက်​၊ မိုးရွာ​တော့ စိုစွတ်​​နေလိုက်​၊ ​ဆောင်​ရာသီ​ရောက်​ပြန်​​တော့လဲ ​အေးစက်​​နေလိုက်​နဲ့​ပေါ့။ အဲ့တာ​ကြောင့်​ ကျွန်​​တော့်​မှာ ​ရေညှိ ၊ အမှိုတ်​၊ သဲမှုန့်​၊ ဖုန်​မှုန့်​​တွေနဲ့​တောင်​ ​ဘော်​ဒါ၊​ဘော်​ကျွတ်​​တွေဖြစ်​​နေ​လေရဲ့။

ဒီ​နေ့​တော့ ကျွန်​​တော်​ရဲ့​ဖောက်​သည်​​တွေတစ်​​ယောက်​မျှမ​တွေ့​သေးပါလား။ဖောက်​သည်​ဆိုလို့ အထင်​မကြီးလိုက်​နဲ့ဦး။ ​ဈေး​ရောင်း​နေတဲ့သူ​တော့ မဟုတ်​ပါဘူး။ ကျွန်​​တော်​က ခုံတန်းဆို​တော့ ကျွန်​​တော့်​ဆီလာထိုင်​မယ့်​သူ​တွေကို​ပြောတာပါ။

image

ပြောရင်းဆိုရင်းနဲ့ ကျွန်​​တော့်​ဆီ ​ရှောက်​လာ​နေတဲ့ ​ဖောက်​သည်​တစ်​​ယောက်​မြင်​လိုက်​ပါတယ်​။ ဝဝဖိုင်းဖိုင်း အမျိုးသမီးတစ်​ဦး ဗန်းတစ်​ခုရွတ်​လျတ်​ ​ရှောက်​လာ​နေရဲ့။ မြင်​ယုံဖြင့်​ ​ဈေးသည်​တစ်​ဦးဖြစ်​မှန်း သိသာပါတယ်​။ ​ဘေးမှာလဲ လွယ်​အိပ်​ကြီးကတစ်​ဖတ်​ တစ်​ဖတ်​ကလဲ အထုပ်​တစ်​ထုတ်​ဆွဲလျတ်​ပါ။ အနား​ရောက်​​တော့ "ဘုတ်​...." ​အောင်​မငြီး သူမို့မစာမနာ လက်​ထဲကအထုတ်​ကြီးပစ်​တင်​လိုက်​တာ။ စိတ်​​တော့တိုသွားတာ​ပေါ့။

"ဘုတ်​..." ဒီတစ်​ဘုတ်​က​တော့ သူကိုယ်​တိုင်​ထိုင်​ချလိုက်​တာ။ သူခန္ဓာကိုယ်​ကြီးနဲ့ဗျာ မစာမနာ ​ဒေါသ​တော်​​တော်​​လေးထွတ်​သွားတယ်​။

"ဟူး..."​လေးပြင်းတစ်​ချက်​ကိုမှုတ်​ထုပ်​လိုက်​ပြီး "​ဈေးဘယ်​ဘဝကလဲ မလွယ်​ပါလား... ထမင်းတစ်​လုပ်​စားရဖို့ မနတ်​ ၃နာရီကတည်းကထရတယ်​... ​ရောင်းဖို့ ပစ္စည်းကိုလဲ ရဖို့မနည်းတိုးကြိတ်​လိုက်​ရတယ်​... ရလာပြန်​​တောလဲ မ​သေရုံတမယ်​ထမ်းပြီး​ဈေးသွားရတယ်​... ပြန်​ရင်​လဲနားရဖို့ ​နေသာသာ စားဖို့​သောက်​ဖို့ကလဲ ချတ်​ရဦးမယ်​... အိမ်​က အငယ်​မ​လေးက​ရောနိုး​နေပြီးလာမသိ... နိုးရင်​​တော့ခက်​ပြီ... နို့စာ​နေ​တော့မှာပဲ... အိမ်​ကဟိုဟာကြီးက​တော့ လက်​ဖတ်​ရည်​ဆိုင်​မှာပဲ​နေမှာပါ... အင်​... ငြီး​နေလို့လဲ အပိုပါပဲ ရလာတဲ့ ကုန်​​လေး​တွေကို အမြန်​ကုန်​​ကောင်​ ​ဈေးသွား​ရောင်းအုန်းမှပါ....."ဆိုပြီ လစ်​သွား​လေရဲ့ ဒီလိုဆို​တော့လဲ သနားသွားပြန်​မိတယ်​...​အော်​ ဘဝဘဝ၊ ဘဝဆိုတာ ကြမ်းတမ်းလှပါလားလို့ ထင်​မိပါတယ်​။

image

နေမင်းကြီးက​တော့ တာဝန်​အတိုင်းအ​ရှေ့ရပ်​က​နေ တအိအိနဲ့မြင်​တတ်​လာ​နေပါတယ်​။ ​ပြောရင်းနဲ့ အသက်​(၄၀)​ကျော်​​ကျော်​ ရှိ​လောက်​မယ့်​ အမျိုးသာတစ်​ဦး ​ဖြေး​ဖြေးမှန်​မှန်​​ပြေးလာ​နေတာ​တွေ့ရတယ်​။ အားကစားဝတ်​စုံနဲ့ဆို​တော့ ကျန်​မာ​ရေးအတွတ်​​လေ့ကျင့်​ခန်းလုပ်​​နေတဲ့ သူပဲဖြစ်​မှာပါ။ ကျွန်​​တော့်​​ရှေ​ရောက်​​တော့ လက်​​တွေကို ​ရှေ့ပစ်​လိုက်​ ​နောက်​လွဲလိုက်​၊ သူခါးကို ​ရှေကုန်းလိုက်​ ​နောက်​ကုန်းလိုက်​ လုပ်​​နေ​လေရဲ့။ မျတ်​စိ​တော့​နောက်​သား...ပြီး​တော့ ကျုပ်​အ​ပေါ်ထိုင်​ပြီး ​ရေး​သောက်​​နေ​လေရဲ့။ပြီး​တော့ ဆတ်​ပြီး​ပြေးသွား​လေတယ်​။ သူကြည့်​ရတာ ​ရှေ့က​ဈေးသည်​ မမဝဝလို့မဟုတ်​ ဘဝကို​အေး​အေး​ဆေး​ဆေး ဖြတ်​သန်း​နေပုံ... ဘဝဆိုတာ ​အေး​အေး​ဆေး​ဆေးလည်းရှိ​သေးပါလားလို့ အ​တွေးဝင်​မိပြန်​တယ်​။

image

နေ့လည်​ဘက်​​ရောက်​​ရော မိသားစုတစ်​စု​ရောက်​လာ​လေတယ်​။ အ​ဖေဆိုသူရယ်​၊ အ​မေဆိုသူရယ်​၊ က​လေး ၄​ယောက်​ရယ်​ ဆူညံလို့​ပေါ့။ အထုပ်​​တွေ အပိုး​တွေနဲ့ ဘယ်​ကိုအရင်​သွားမယ်​ ပြီးရင်​ဘယ်​သွားမယ်​ ဘယ်​ဘုရားကိုသွားမယ်​ ဘာသွားစားမယ်​ အစုံပါပဲ နား​တွေလဲငြီးလို့​ပေါ့ ​ပျော်​​နေကြတာကြည့်​ပြီး ဘဝဆိုတာကြီးက ​ပျော်​စရာလည်း​ကောင်းတာပါပဲလားလို့မြင်​မိပြန်​တယ်​။

image

ဒီလိုနဲ့ ည​နေ​စောင်း​တော့ ယိုင်​တိုင်​ယိုင်​တိုင်​နဲ့ လူငယ်​တစ်​​ယောက်​ ​လျှောက်​လာ​လေတယ်​။ အနား​ရောက်​​တော့ ကျွန်​​တော့်​​ပေါ်ပစ်​ထိုင်​ချလိုက်​တယ်​။ အရက်​နံ့ကလဲ နံလိုက်​တာဗျာ။ ပါစပ်​ကလဲ နံမည်​တစ်​ခုကို တတွတ်​တွတ်​ရွတ်​ပြီး ငို​နေ​လေရဲ့။ တစ်​​ယောက်​ထဲ​ပြော​နေတာ​တွေကိုနား​ထောင်​လိုက်​မှ ရည်းစားနဲ့ လမ်းခွဲခဲ့မှန်း သိလိုက်​တယ်​။ ပြီးလဲပြီး​ရော တ​ဝေါ့​ဝေါ့နဲ့ အန်​ပါ​လေ​ရောဗျာ။ အရက်​နံ့ နဲ့ အန်​ဖတ်​နံ​ကြောင့်​ ဒီည​တော့ အိပ်​မရ​တော့ဘူးထင်​ပါတယ်​ဗျာ။ ​အော်​... လူ့ဘဝကြီးက ဝမ်းနည်းစရာ​တွေလဲရှိပါပြန်​​ရောလား။

ကျွန်​​တော်​ကြုံရတာ​တွေ​ပြောရင်း ​နေ​မင်းကြီးတောင်​ အနာက်​ဘက်​​စောင်းပါ​ရော့။ ဘဝဆိုတာကြီးက ကြမ်းတမ်းတာရှိသလို ​အေးချမ်းတာလဲရှိတယ်​၊ ​ပျော်​စရာရှိသလို ဝမ်းနည်းစရာ​တွေလဲရှိပါလားလို့စဉ်းစားမိပါတယ်​။ အ​ကောင်း အဆိုး​တွေဒွန်​တွဲ​နေပါလားဆိုတာ ကျွန်​​တော်​သိလိုက်​ပါတယ်​။ ​နောက်​​နေ့မှာ ဘယ်​လိုသင်​ခန်းစာ​တွေ ​တွေ့ရလိမ့်​အုံးမလဲဆိုတာ စဉ်​စားရင်​ဖြင့်​ ကျွန်​​တော့်​ရဲ့တစ်​​နေ့တာဟာ ​နေဝင်​သွားပါ​တော့တယ်​။

ကျေးဇူးတင်​ပါသည်​။

Author...@Phogyan
Images from google.

image

Sort:  

Good story. Your point of view is amazing.

ကောင်းတယ်ဗျာ

အတွေးကောင်းတယ် bro....

ကျေးဇူးပါ bro..

V done ညီလေး အကောင့်လေးပြန်အပ်ပေးနော် thanks

Ok, i done.

Great post...bro.. (y)

Yes, Thanks bro...

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63220.55
ETH 2560.85
USDT 1.00
SBD 2.80