အရှတ်တရား အကြောက်တရား
ကျွန်တော်တို့အလုပ်က လစဉ် ၁ ရက်နေ့မှ ၇ ရက်အတွင်းကို အလုပ်များလှပါသည်။ ထိုရက်တို့တွင် ဆိုင်အတွင်း၌ ဝယ်သူများဖြင့်စည်ကားနေတတ်ပါသည်။ ဆိုင်ဝန်ထမ်းများလည်း ထိုရက်တို့တွင် ပင်ပန်းကြပါသည်။ ညဘက် ဝယ်သူများ ကုန်သွားပြန်တော့လည်း တနေ့တာ စာရင်းများချုပ်ကြရပါတယ်။ စာရင်းကိုက်ရင် ပျော်ရသလို စာရင်မကိုက်ပြန်တော့လည်း ပြန်ရှာရ စဉ်းစားရနဲ့ ခေါင်းကိုက်လှပါသည်။
ဒီနေ့တော့ စာရင်းစောစောပြီးတာနဲ့ အခန်းကိုပြန်ခဲ့ပါတယ်။ အခန်းရောက်တော့ ရေးချိုး အဝတ်စားလဲပြီး ထမင်းဆိုင်ဘက်ထွတ်ခဲ့ပါတယ်။ ထမင်းစားသောက်ပြီး လဖတ်ရည်ဆိုင်ဘက်ထွတ်ခဲ့ပြန်ပါတယ်။ လဖက်ရည်ဆိုင်ရောက်တော့ စာပွဲထိုးလေးက ပုံမှန်ရှယ်ပဲလား လို့မေးပါတယ်။ သောက်နေကြဆိုင်မို့ သိနေတာဖြစ်ပါတယ်။ ကျွန်တော် ခေါင်းတစ်ချတ်ငြိမ့်ပြပြီး စာပွဲဝိုင်းလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်ပါတယ်။ ပြီးတော့ ဖုန်းထဲ့ရှိ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်နေဖြစ်ပါတယ်။ ခဏနေတော့ စားပွဲထိုးလေးက လဖတ်ရည်လာချပေးပါတယ်။ ကျွန်တော်လဲ လဖတ်ရည် တမော့သောက်ပြီး စာဆတ်ဖတ်နေပါတယ်။
စာဖတ်နေရင်း ဖုန်းဝင်လာပါတယ်။ ဆိုင်ကသူငယ်ချင်းဝန်ထမ်းတစ်ယောက်ဖုန်းဖြစ်ပါတယ်။ ဘယ်မှာလဲလို့ လှမ်းမေးခြင်းဖြစ်ပါတယ်။ လဖတ်ရည်ဆိုင်မှာဖြစ်ကြောင်းနှင့် စာရင်းပြီလျှင် လဖတ်ရည်ဆိုင်သို့လိုက်လာခဲ့ရန်ပြောပြီး ဖုန်းချဖြစ်ခဲ့ပါတယ်။ ဖုန်းပြောပြီးတော့ စာဆတ်ဖတ်နေခဲ့ပါတယ်။
နာရီဝက်ခန့်ကြာတော့ စောစောကဖုန်းဆတ်တဲ့ သူငယ်ချင်း လဖတ်ရည်ဆိုင်သို့ရောက်လာပါတယ်။ သူနဲ့အတူကိုယ်စားလှယ်တစ်ဦးလဲပါလာပါတယ်။ သူတို့နှစ်ယောက် ကိုယ်စီထိုင်ခုံလွတ်အသီးသီးမှာ ဝင်ထိုင်ကြပြီး လဖတ်ရည်မှာလိုက်ကြပါတယ်။
သူငယ်ချင်းက သူနဲ့ပါလာတဲ့ ကိုယ်စားလှယ်ကိုမိတ်ဆတ်ပေးပါတယ်။ ကိုယ်စားလှယ်က သူနာမည်သည် ကိုကျော်ကျော်ဖြစ်ကြောင်းနှင့် ကျွန်တော်ဆိုင်၏ ကိုယ်စာလှယ်တစ်ဦးဖြစ်ကြောင်း မိတ်ဆတ်ပေးပါတယ်။ ကျွန်တော်လဲ ကျွန်တော်နာမည်နဲ့ ဆိုင်မှာတာဝန်ယူရတဲ့နေရာကိုပြောပြီးမိတ်ဆတ်ဖြစ်ခဲ့ပါတယ်။
အဲ့လိုနဲ့ ကျွန်တော်တို့တွေ သူအကြောင်းပြော ကိုယ့်အကြောင်ပြောနဲ့ စကားဝိုင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်။ ကိုကျော်ကျော်ကလဲ သူနယ်လှဲ့ရောင်းတဲ့အတွေ့အကြုံတွေပြောပြလို့ ကျွန်တော့်အတွတ် မှတ်သားစရာ၊ စံနမူနာယူစရာများ ရခဲ့ပါတယ်။ ကိုကျော်ကျော်သည် အသက် ၃၀ခန်သာရှိသေးသည်။ သို့သော် အသင့်တင့်အောင်မြင်နေသော လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းက သာမန်လူတန်းစားတစ်ယောက်ဖြစ်ပြီး ကြိုးစား၍ ယခုလိုအောင်မြင်လာကြောင်း ပြောပြပါသည်။
ကျွန်တော်က ယခုလိုအောင်မြင်အောင် မည်သို့ကြိုးစားခဲ့ရကြောင်း မေးတော့ ကိုကျော်ကျော်က " လောကမှာ အရှတ်တရား အကြောက်တရား ဆိုတာရှိတယ် ညီလေးတို့ ၊ ပြီးတော့ ရှတ်တတ်ကြောက်တတ်ရတယ်။ ဘာတွေကို ရှက်တတ်၊ကြောက်တတ်ရမလဲဆိုတော့ မကောင်းမှု ဒုစရိုက်မှန်သမျှ လုပ်ဖို့ကို ရှတ်တတ်ကြောက်တတ်ရတယ်။ ပြီးတောမရှတ်တတ် မကြောက်တတ်ရဘူး။ ဘာတွေကို မရှတ် မကြောက်ရမလဲဆိုတော့၊ မှန်ကန်မှု ကောင်းမှု မှန်သမျှလုပ်ဖို့ကို မရှတ် မကြောက်ရဘူး အဲ့တာဆို ညီလေးတို့ အောင်မြင်မှုကို တနေ့ပိုင်ဆိုင်လာလိမ့်မယ်။"လို့ ပြောပြပါတယ်။ပြီးတော့ အချိန်ကြည့်လိုက်တော့ ၁၀နာရီထိုးနေပြီဖြစ်သောကြောင့် ကျွန်တော်တို့ စကားဝိုင်းလေးကိုဖြတ်ပြီး လဖတ်ဆိုင်မှ အသီသီလမ်းခွဲ၍ ပြန်ခဲ့ကြပါတယ်။
ကျွန်တော့်ရဲ့ အပြန်လမ်းမှာတော့ "
လောကမှာ အရှတ်တရား အကြောက်တရား ဆိုတာရှိတယ် ညီလေးတို့ ၊ ပြီးတော့ ရှတ်တတ်ကြောက်တတ်ရတယ်။ ဘာတွေကို ရှက်တတ်၊ကြောက်တတ်ရမလဲဆိုတော့ မကောင်းမှု ဒုစရိုက်မှန်သမျှ လုပ်ဖို့ကို ရှတ်တတ်ကြောက်တတ်ရတယ်။ ပြီးတောမရှတ်တတ် မကြောက်တတ်ရဘူး။ ဘာတွေကို မရှတ် မကြောက်ရမလဲဆိုတော့၊ မှန်ကန်မှု ကောင်းမှု မှန်သမျှလုပ်ဖို့ကို မရှတ် မကြောက်ရဘူး အဲ့တာဆို ညီလေးတို့ အောင်မြင်မှုကို တနေ့ပိုင်ဆိုင်လာလိမ့်မယ်။"ဟု ပြောခဲ့သော ကိုကျော်ကျော်၏ စကားများအား ရေရွတ်ရင်းဖြင့်.....
Images from google
Author...@Phogyan
great post...bro..
Thanks...bro...
nice post,brother!
Thanks bro...
နဲနလောက်ချဲ့ရေးရမှာညီလေးရေ ကောင်းပါတယ် အသိပညာ ဗဟုသုတ တိုးတာပေါ့ အရှက်တရားနဲ့ အကြောက်တရားဆိုတာ လောကပါလတရား လောကကိုစောင့်ရှောက်နေတဲ့ တရားတွေပါဗျာ အဲဒီတရားနှစ်ပါးနည်းပါးလာရင် လောကကြီး ပျက်စီးပါပြီလို့ပြောရမယ်ထင်ပါတယ် အားပေးနေပါတယ်
ဟုတ်ပါတယ် အကို အလုပ်မအားတာနဲ့ လိုအပ်ချတ်လေးတွေရှိသွားပါတယ် ခင်ဗျာ။
ဟုတ်ပါရဲ့ဗျာ အားပေးလျှက်
ကျေးဇူပါ ဗျာ။