စာရွက်ခေါက်လေး....steemCreated with Sketch.

in #myanmar7 years ago

အပိုင်း(၁)
မနေ့ကအထိ သူ့ကိုသတိရနေမိတုန်းပဲ။ အဲ့ဒီလိုပြောလိုက်လို့ ဒီနေ့တော့သတိမရတော့ဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါ ဘူး။ မနေ့က သူ့ကို ၁၀၀% သတိရရင်၊ ဒီနေ့တော့ ၉၀% ပဲသတိရတယ်လို့ ဆိုလိုချင်တာပါ။ ကိုယ်က လူတစ်ယောက် ကို သတိရမိချိန်မှာ ကိုယ်သတိရ တဲ့သူကရော ကိုယ့်ကိုပြန်သတိရပါ့မလားလို့ တွေးပူမိတဲ့ အခိုက်အတန့်တွေ လူတိုင်း မှာရှိပါတယ်။ ကျွန်တော်သူ့ကို ရာနှုန်းပြည့် သတိရနေချိန်မှာ သူကကျွန်တော်ကို ၂၀% လောက်ပဲ ပြန်သတိရနေမယ် ဆိုရင်တောင် ကျေနပ်ပါတယ်။

သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုပြောတယ်။ အချစ်မှာ အနိုင်အရှုံးမရှိဘူးတဲ့။ အချစ်မှာအနိုင်အရှုံး ရှိတယ်လို့ ခံယူနေသ၍ ကိုယ့်ဘက်ကရှုံးနေတယ်လို့ ခံစားနေရမှာပဲတဲ့။ ဟုတ်ပါတယ်။ ကျွန်တော်နဲ့သူ ချစ်သူဖြစ်ခဲ့တာ အခုဆို ၂ နှစ်ပြည့်ပါပြီ။ အဲ့ဒီ ချစ်သူ သက်တမ်းတစ်လျှောက်လုံး ကျွန်တော်ရှုံးနေတယ်လို့ အမြဲခံစားခဲ့ရပါတယ်။ သူရော နိုင်နေ တယ်လို့ ခံစားရသလားဆိုတာကို တစ်ခါတစ်လေ မေးကြည့်ဖူးပါတယ်။ အဲ့ဒီလိုမေးလိုက်တိုင်း သူက ကျွန်တော့်ကို ဒေါသကဲတဲ့ အကြည့်တွေနဲ့ ပြန်ကြည့်ပြီး တစ်ခွန်း တည်းပြန်ဖြေပါတယ်။ အနိုင်၊ အရှုံးတွက်ရအောင် နင်နဲ့ငါက ပြိုင်ပွဲပြိုင်နေတာမှ မဟုတ်တာ တဲ့။

ကျွန်တော့်ချစ်သူက စိတ်ကူးယဉ်တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ သူခံယူထားတဲ့အချစ်က တစ်မျိုးတစ်ဘာသာ။ အချစ်မှာ နီးချင်း၊ဝေးချင်းဟာ အဓိကမကျဘူး။ ဘယ်လောက်ပဲအနေဝေးဝေး တစ်ယောက်ရင်ထဲမှာ တစ်ယောက်ရှိနေ ရင် ပြီးပြည့်စုံနေပါပြီတဲ့။ မိန်းကလေးတွေအတွက်တော့ အဲ့ဒီခံယူချက်ဟာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် ယောကျာ်းတစ်ယောက်အတွက်ကျတော့ မမှန်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က ကျွန်တော့်ချစ်သူနဲ့ နီးနီး ကပ်ကပ်ရှိချင်တယ်။ ဘယ်သွားသွား သူ့လက်ကလေးကို ကိုင်ထားချင်တယ်။ လူလစ်တဲ့အခါ သူ့ပါးပြင်နုနုလေးကို အနမ်းပေးချင်တယ်။

ကျွန်တော်တို့ ချစ်သူသက်တမ်း ၂ နှစ်မှာ သူ့ပါးလေးကို နမ်းရဖို့မပြောနဲ့ သူ့လက်ကလေးကိုတောင် ၂ ခါပဲ ကိုင်ခဲ့ဖူး တယ်။ အဲ့ဒီ ၂ ခါကလည်း ကားလမ်းဖြတ်ကူးတော့တစ်ခါ၊ ကျောင်းမှာ မိုးတွေသည်းပြီး လမ်းတွေချောနေတော့ တစ်ခါ။ အပြင်မှာ နှစ်ယောက်တည်း တွေ့ဖို့ချိန်း လိုက်တိုင်း ကျွန်တော်ကပဲ သူ့ကိုမဟုတ်တာတစ်ခုခုလုပ်တော့မယ့်အတိုင်း အကြောက်အကန် ငြင်းလွှတ်တာပဲ။ ကျွန်တော်လည်း မိကောင်းဖခင် သားသမီးတစ်ယောက်ပါ။ နှမသားချင်းမစာနာပဲ တစ်ဖက်သားကို နစ်နာအောင်လုပ်ဖို့ စိတ်တောင်မကူးခဲ့ဖူးပါဘူး။

မိဘ၊မောင်နှမတွေနဲ့ခွဲပြီး တစ်နယ်တစ်ကျေးကနေ ကျောင်းလာတက်ရတဲ့ ကျောင်းသူမို့ အိနြေ္ဒကြီးတာ နားလည် ပါတယ်။ ကိုယ့်ကိုယ်ကိုတန်းဖိုးထားပြီး အရာရာမှာစောင့်ထိန်းတတ်တာကိုလည်း သဘောကျပါတယ်။ ဒါပေမယ့်ဗျာ သူစောင့်ထိန်းတာက နည်းနည်းတော့လွန်လွန်းတယ်လို့ထင်တယ်။ အဲ့ဒီလောက်အထိ ဖြစ်နေရင်လည်း အစကတည်းက ရည်းစားမထားပါနဲ့လား။ အခုတော့ ရည်းစားတော့ထားချင်သား ၊ ဇီးပြားတော့မစားရဲဘူး ဆိုတာလိုဖြစ်နေပြီ။

သူငယ်ချင်းအတွဲတွေ အတန်းလစ်ပြီး ရုပ်ရှင်သွားကြည့်ကြရင် ကျွန်တော်လည်း လူပဲလိုက်ချင်တာပေါ့ဗျာ။ ကျွန်တော့် ချစ်သူကတော့ ထုံးစံအတိုင်း မလိုက်ဘူးပေါ့။ Ok ရတယ်၊ သူ မလိုက်ချင်လည်းနေ ကျွန်တော်တစ်ယောက်တည်းလိုက် သွားမယ်ဆိုတော့လည်း မလိုက်ရ ဘူးတဲ့ဗျာ။ လိုက်သွားရင် သူနဲ့အပြတ်ပဲတဲ့။ အဲ့ဒီတော့ ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ တစ်ခေါက်လည်းမဟုတ်၊ နှစ်ခေါက်လည်း မဟုတ်နဲ့ ကြာတော့ သူငယ်ချင်းတွေနဲ့လည်း မိတ်ပျက်ရော။ သူ့ကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ပဲ ကျွန်တော်သည်းခံပါတယ်။ အတွဲရှိတဲ့သူတွေနဲ့ မပေါင်းပဲ တခြားယောကျာ်းလေးသူငယ်ချင်းတွေနဲ့ အပေါင်းအသင်းလုပ်ပြီး ဂီတာတီးသီချင်းဆိုမယ်၊ ဘောလုံးစုကန်ကြမယ်ဆိုတော့လည်း သူကမကြိုက်ပြန်ဘူး။

ခဏလေးရတဲ့ တက္ကသိုလ်ကျောင်းသားဘဝအချိန်လေးမှာ သူများတွေလို လွတ်လွတ်လပ်လပ်ပဲ ကျွန်တော်လည်းနေ ချင်ပါတယ်။ တက္ကသိုလ်ကျောင်းတက်တာကို သူက state ကျောင်းတက်သလို ထင်နေလားမသိ အတန်းချိန် အစ အဆုံး အတန်းထဲက အပြင်မထွက်ပဲ စာထိုင်သင်တယ်။ ကန်တင်းသွားဖို့ကျတော့လည်း လူရှုပ်လို့မသွားဘူးတဲ့။ ထမင်းဗူး ယူလာခဲ့ရမယ်တဲ့လေ။ နေ့လည်စာ ထမင်းဗူးကိုင်ပြီး ကျောင်းလာတဲ့ယောကျာ်းလေးဆိုတာ တော်တော့်ကို နည်းပါတယ်။ ဒါပေမယ့် သူ့ကိုချစ်တဲ့စိတ်နဲ့ပဲ ထမင်းဗူးထုပ်လာပြီး မိန်းကလေးတစ်သိုက်နဲ့ စာသင်ခန်းထဲမှာပဲ ကျွန်တော် ထမင်းစားပါတယ်။
To steemit2.jpg
သူ့ သူငယ်ချင်းမနှစ်ယောက်ကလည်း အလိုက်ကန်းဆိုးမသိ ဘယ်တော့မှမရှောင်ပေးဘူး။ ကျောင်းမှာ ဘယ်ကိုပဲသွား သွား ၊ ဘာပဲစားစား သူတို့ မိန်းကလေးတစ်သိုက်နဲ့ ကျွန်တော်တစ်ယောက်တည်း။ ကြာတော့ ကျွန်တော့်မှာ မိန်းမထိန်း ကြီး လုံးလုံးကိုဖြစ်လို့။ တစ်ခါ တစ်လေ ကျာင်းပိတ်ရက် သူတို့ဝယ်စရာရှိရင်လည်း ကျွန်တော်မနေရပြန်ဘူး။ သူတို့ ဝယ်သမျှနောက်က တကောက်ကောက်နဲ့ အထုပ် လိုက်ဆွဲပေးရတယ်။ မိန်းကလေးတွေဆိုတော့လည်း မိန်းကလေး အသုံးအဆောင်တွေပဲ ဝယ်တာပေါ့ဗျာ။ ကျွန်တော့်မှာသာ တစ်ချို့နေရာတွေဆို မျက်နှာပူပူနဲ့ ခပ်လှမ်းလှမ်းက ရပ်စောင့် နေရတယ်။

ကျွန်တော်ဆိုတဲ့ကောင်က အိမ်က အမေနဲ့ အစ်မတွေ ဈေးဝယ်ရင်တောင် စောင့်ရတာကြာလို့ ဘယ်တော့မှမလိုက်တဲ့ ကောင်ဗျ။ သူနဲ့ကျမှ ဝဋ်လည်တာပဲ။ တစ်ခါတစ်ခါ ဈေးဝယ်စင်တာ ပတ်ရင်လည်း မပြီးနိုင်တော့ဘူး။ မိန်းကလေးတွေ များ ဈေးဝယ်ရင်မလွယ်ဘူး။ ပစ္စည်း တစ်ခုခု ကြိုက်တာတွေ့ရင် ဝယ်လိုက်ပေါ့ အခုတော့မဟုတ်ဘူး ဈေးတွေကပ်စစ်၊ မရရင်ပြန်ချပြီး တစ်ခြားဆိုင်တွေလျှောက်ကြည့် နောက်ဆုံးကျတော့မှ ပထမကဈေးဆစ်ခဲ့တဲ့ဆိုင် သွားပြန်ဝယ်နဲ့ ပြီးပဲ မပြီးနိုင်ဘူး။ ဆိုင်ရှင်ကို မျက်နှာပူစရာလည်းကောင်း၊ သူတို့နောက်က တစ်ကောက်ကောက်လျှောက်လိုက်ရတဲ့ လူလည်း ပင်ပန်းနဲ့ ဘာမှအကျိုးမရှိဘူး။ တစ်ယောက်တစ်မျိုးနဲ့ မိန်းမသုံးယောက် အကြိုက် သုံးမျိုးဆိုတော့ စဉ်းစားသာ ကြည့်ပေတော့ဗျာ။ မိန်းကလေးသုံးယောက် အချင်းချင်းအဖော်ရှိနေတာပဲ ကိုယ့်ဟာကိုယ် ဈေးဝယ် ထွက်ကြပါလား။ အခုတော့ မဟုတ်ဘူး ကျွန်တော့်ကို မရမကခေါ်တယ်။ မလိုက်ဘူးဆိုတော့လည်း မရွှေချောက စိတ်ကောက်ပြန်ရော။ သူတို့နဲ့ဈေးဝယ်လိုက်ရတဲ့ အချိန်တွေကို ကျွန်တော်အမုန်းဆုံးပဲ။

ပျော်ရမလားလို့ ရည်းစားလေးတစ်ယောက်ထားမိပါတယ်။ မပျော်ရတဲ့အပြင် ငါးပါးပါမှောက်တယ်။ စာမေးပွဲနီးလို့ စာကျက်ပြီဆိုတော့လည်း ခက်သား။ ကျွန်တော်ကလည်း နဂိုကတည်းက စာကျက်ပျင်းတဲ့သူ။ သူကလည်း မလွယ်ဘူး ကျွန်တော့်ကို သူ့ရှေ့မှာ စာဆိုခိုင်းတယ်။ စာမရရင် တစ်ဒေါက်ဒေါက်နဲ့ လူရှေ့မရှောင် ခေါင်းကိုခေါက်သေးတယ်။ သူ့သူငယ်ချင်းတွေကလည်း ကျွန်တော်ကို ဘယ်လောက်မုန်း တယ်မသိ ကျွန်တော်များ အခေါက်ခံရရင် ပြုံးလို့ပျော်လို့။ တစ်ခြားသူငယ်ချင်းတွေကတော့ သူက ကျွန်တော့်ကိုအနိုင်ကျင့် လွန်းတယ် လို့ပြောကြတယ်။ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး သည်းခံပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း ပုထုဇဉ်ပဲဗျာ ခန္တီပါရမီအပြည့်တော့ ဘယ်ရှိမလဲ။ တစ်ခါ တစ်ခါတော့ သူကိုအရွဲ့တိုက်ပြီး သူမကြိုက်တာမှန်သမျှအကုန် လုပ်ပြလိုက်ချင်တယ်။ စိတ်ထဲမှာတော့သူနဲ့ ရန်ပွဲတွေ နွှဲမိတာလည်း အကြိမ်ကြိမ်ပါပဲ။ စိတ်ထဲမှာဖြစ်တဲ့ ရန်ပွဲတိုင်းမှာ ကျွန်တော်အနိုင်ရပေမယ့် အပြင်က ရန်ပွဲတိုင်းမှာတော့ ကျွန်တော်က အမြဲအရှုံးချည်းပါပဲ။ သူ့ကိုအနိုင်ရမယ့် တစ်ခုတည်းသော နည်းလမ်းကိုလည်း ကျွန်တော် သိနေတယ်။ အဲ့ဒီနည်းလမ်းကို အမြန်ဆုံး အကောင်အထည် ဖော်တော့မယ်လို့လည်း ဆုံးဖြတ်ပြီးပြီ။
@pearlwhite

အပိုင်း (၂)မျှော်
စာအရမ်းရှည်သွားမှာစိုးသဖြင့် ၂ ပိုင်းခွဲတင်ခြင်းဖြစ်ပါသည်။ အပိုင်း(၂) ဇာတ်သိမ်းပိုင်းကို ဆက်လက်တင်ပါမည်။

Sort:  

စောင့်မျှော်နေလျက်ပါ

Thank you so much bro..

စိတ်​ရှည်​ သည်းခံ လမ်း​ကြောင်းမှန်​တဲ့ bro😃😃

Myanmar steemit အဖွဲ့က အစ်ကိုတွေ၊ အစ်မတွေ အားလုံးရဲ့ကျေးဇူးကြောင့်ပါ။

😃😃😃

အရမ်းကောင်းပါတယ်

လိုအပ်ချက်တွေရှိနေသေးပေမယ့် အခုလိုအားပေးကြလို့ တကယ်ကျေးဇူးတင်ပါတယ်။

ပုံလေးတွေကိုတတ်နိုင်သမျှ အနီးစပ်ဆုံး သုံးရင် ပိုကောင်းမယ်ဗျ

ဟုတ်ကဲ့ အစ်ကိုရေ။ နောက်ဆိုသတိထားပါ့မယ်။ အခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ဆိုလည်း လိုအပ်ချက်တွေရှိရင် ပြောပြပေးပါဦးနော်။

အပူ​တွေပါ ဟဟ

ဟုတ်ပါတယ် အစ်ကို။ တကယ့်အပူတွေပါ။ ဒါပေမယ့်အပူထဲမှာပဲ ပျော်နေတော့လည်းခက်သား။

You should use profile picture for people remember you.

ဟုတ်ကဲ့ bro ရေ။ URL နဲ့ တိုင်ပတ်နေလို့ တင်လို့မရဘူး။

Thank you for your comment.

Good တယ်
voted

Thank you so much.

မရှိမကောင်း ရှိမကောင်းပေါ့ ... :) :)

ဟုတ်တယ် broရေ။ မရှိတော့လည်း မနေတတ်ဘူး။ ရှိနေတော့လည်း စိတ်ညစ်ရတယ်။

အရန်းကောင်းတယ်ဗျာ ခုမှ ဖတ်ဖြစ်တယ် ကြိုက်ကြိုက် နောက်တစ်ပိုင်းစောင့်နေတယ်
ဒါနဲ့ post.မှာပုံလေးတွေနဲ့ ဆိုရင်ပိုကြည့်ကောင်းမယ်ထင်ပါတယ် copyright လွတ်တဲ့ပုံလေးတွေရှာထည့်နိုင်ပါတယ် နောက် profile ပုံလေးထည့်ထားပါ ဒါနက်URL.ခုထိပြေသေးဘုလား

Thank you bro.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60270.38
ETH 3307.79
USDT 1.00
SBD 2.40