တန်ပြန်အကြွေး

in #myanmar6 years ago

အစိုးမရတဲ့ ဒီလောက
သူ့လက်ငါလု
ငါ့လက်က သူလုနဲ
အတောမသတ်နိုင်တဲ့
တဏှာရဲ့ ခေါ်ဆောင်ရာ
ဆွဲငင်သမျှ
လိုက်နေသရွေ့တော့
ဆင်းရဲနေကြဦးမှာဘဲ့. . .

ဒီဆင်းရဲခြင်းကနေ ရုန်မထွက်နိုင်သမျှ
တစ်ချိန်က သူများဆီကလုခဲ့တာ
နောင်တစ်ချိန် မြေကြီးလက်ခတ်မလွှဲ
အလုခံရဦးမှာပေါ့. . .
တန်ပြန်တဲ့ ဝဋ်ကြွေး
ပြန်ဆပ်ရဦးမှာဘဲ့

အကြောက်အလန့် ကင်းမဲ့လို့
တရားမဲ့တဲ့ စဉ်းစားဉာဏ်တွေနဲ့
ဆင်ခြင်မဲ့နေရင်
တဏှာရဲ့ ကြိုးဆွဲရာ ကနေဖို့
ကိုယ်ဟန်တွေ ယိမ်းနွှဲ့နေကြမှာပဲ့

စွန့်လွှတ်ကာ လွှတ်ချရဲဖို့
ပြင်ဆင်ကာ တန်ပြန်ဝဋ်ခံယူတတ်ဖို့
စိတ်အစဉ်ကို
ပြင်ဆင်ထားပေလော့. . .
image
(remember_ETD)
Author - pannthiri
Myanmar steemit

Sort:  

အချိန်မရွေးပြင်ဆင်ထားရမှာစိတ်ပါ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.028
BTC 65900.16
ETH 3470.80
USDT 1.00
SBD 2.68