မြိတ်ဒေသိယစကားများ (1)
ဒီနေ့တော့ Steemit မြန်မာအဖွဲ့လေးကို
မြိတ်ဒေသိယ အခေါ်အဝေါ်တွေကို ပြောပြချင်ပါတယ်။
မြိတ်ကို ဘိတ် လို့လည်း အသိများကြပါတယ်။
ထမင်း = မင်း
ငပိ = ပိ
သခွားသီး = ခွားသီး
ဖရဲသီး = စိန်ခွားသီး
သင်္ဘောသီး = ရှိန်းခိုသီး
ငပိသုပ်= ပိဖျော်
ကျွဲကောသီး= တောင်အုန်းသီး
တံမြက်စည်း= မြက်စဲခါ
ပြတင်းပေါက် = လက်တံပေါက်
အိမ်သာ = ချေးယောင်
ရွှံ့အိုင်= စိစပ်ပုပ်အိုင်
ကိုယ်တုံးလုံး= ချေးတောင်တက်
စားချင်နေလား= ငတ်နေလား
တံတွေး= နွေရယ်
မဟုတ်မမှန်ပြော= ဆောလောကာပြော
သေးငယ်တာကို = ကင်းကင်းငယ်
ဘာဖြစ်တာလဲ = ဗုတ်ဇာဖြစ်က
အရမ်းချစ်တယ်= အားချစ်ရယ်
ဒီနေ့တော့ ဒီလောက်နဲ့ နားလိုက်မယ်နော်. . .
နောက်နေ့တွေမှာ ထပ်ပြောပြပါဦးမယ်ရှင့်
myanmar Steemit membersများအားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ
ကောင်းသော ညချမ်းလေးဖြစ်ကြပါစေ ရှင့်
#pannthiri
myanmar steemit
အိသေးဝလား