လမ်းကလေး

in #myanmar6 years ago

မြေနီတွေနဲ့ စခဲ့တဲ့ ဒီလမ်းလေး
အခုတော့ ကွန်ဂရက်လမ်းအဖြစ်
ပြောင်းလဲခဲ့ပြီ. . .

မလေးရှားပိတောက်တွေ ညီညာစွာ
စိုက်ထားတဲ့ ဒီလမ်းကလေး. . .
ကွန်ဂရက် ပလက်ဖောင်းအဖြစ်
ပြောင်းလဲခဲ့ပြီ. . .

တဲလေးထိုးလို့
အကြော်တွေ ကြော်ရောင်းနေတဲ့
အကြော်ဆိုင်လည်း
ဒီလမ်းကလေးထဲ
မရှိတော့ပြီ. . .

ညနေတိုင်း ဆော့ကစားဖူးတဲ့
ဒီလမ်းလေး အခုတော့
သူ စိတ်ကြီးဝင်နေခဲ့ပြီ. . .

တစ်ချိန်က ရိုးသားခဲ့တဲ့
ဒီလမ်းကလေးမှာ
ဟန်ဆောင် မျက်နှာဖုံးတွေ
အများကြီး တွေ့လိုက်ရပြီ. . .

image
Author - pannthiri
myanmar steemit

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61372.42
ETH 2928.56
USDT 1.00
SBD 3.66