ဒီဇင်ဘာနဲ့ဓနိရည်ချို

in #myanmar9 years ago

မြိတ်လို့ခေါ်တဲ့ ဘိတ်မြို့ဆောင်းရဲ့သင်္ကေတလေးပေါ့
image
ဒီလိုအေးတဲ့ ဒီဇင်ဘာလမှာ
မြိတ်မြို့ရဲ့ ဓနိရည်ချိုချိုလေးကို ကောက်ညှင်းပေါင်းအမြည်းလေးနဲ့
သောက်လိုက်ရမှ မြိတ်မြို့ရဲ့ ဒီဇင်ဘာ အလှပက ပိုမိုလို့ အသက်ဝင်လှပလာတာ။
ဓနိပင်ဟာ ပင်လယ်ရေရှိတဲ့ နေရာမှာသာ ပေါက်ရောက်တတ်ပါတယ်။

ဓနိပင်မှာ ထွက်တဲ့ ဓနိအသီးဟာလည်း စားရတာချိုမြိန်တယ်
ဓနိပင်မှာ ထွက်တဲ့ ဓနိရည်ဟာလည်း ဘယ်လိုအချိုရည်မျိုးနဲ့မှ မလဲနိုင်အောင် သောက်လို့ကောင်းလှပါတယ်။

ဓနိရည်မှ ဓနိရည်ခါး (မူးချင်ရင် သောက်လို့ရတာပေါ့)
ဓနိရည် မှ ဓနိရည်ချို
ဓနိရည်မှ ပအုန်းရည် (ငပိသုပ်တဲ့အခါ အချဉ်အနေနဲ့ အသုံးပြုပါတယ်)
ဓနိအခက်ကိုလည်း အိမ်ခေါင်မိုး မိုးတဲ့အခါ ဖက် အနေနဲ့အသုံးပြုပါတယ်
သူ့ရဲ့ တစ်ပင်လုံးက အသုံးဝင်လွန်းပါတယ်။

သူငယ်ချင်းတွေစုပြီးတော့ ညဖက်ထွက်သောက်ကြတာပေါ့
ဒီလိုအချိန်လေးဟာ အရမ်းပျော်ဖို့ကောင်းပါတယ်
image

#pannethiri
myanmar steemit

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.104
BTC 64621.25
ETH 1928.65
USDT 1.00
SBD 0.37