မိန်း​တွေကို တန်​ဖိုးမထားတတ်​ခဲ့ရင်

in #myanmar6 years ago

image
မ​ပြောမပြီး မတီးမမြည်​မို့ ​ပြောချင်​ပဲ ​ပြောရဦးမယ်​ရှင့်​ မိန်းမတွေကို အပျိုစစ်မစစ် ဝေဖန်နေမဲ့အစား ကိုယ်ချစ်တဲ့ မိန်းမကိုရော တန်ဖိုးထားပြီး သစ္စာရှိရှိ ချစ်နိုင်မလား စဉ်းစား။သူများသားသမီးကို ချစ်ရင် မိသားဖသားပီပီတောင်းရမ်းလက်ထပ်ယူနိုင်ပြီလား တင်တောင့်တင့်တယ်ထားနိုင်ပြီလား အရင်တွေးပါ ခုခေတ်မှာ အပျိုစစ်စစ်ရှားသွားပြီလို့  ကဲ့ရဲ့နေမယ့်အစားကိုယ်လက်ထပ်မဲ့ မိန်းကလေးဟာ ဘဝတစ်လျှောက်လုံးကိုယ်နဲ့  “အတူ အေးအတူပူအမျှ ” ဖေးမစိတ်ရှိရဲ့လား” မောင်တစ်ထမ်းမယ်တစ်ရွက် ” ရဲဘော်ရဲဖက် စိတ်ရှိရဲ့လားအရင်လေ့လာပါ....
image
ခုခေတ် မိန်းကလေးတွေ အိနြေ္ဒသိက္ခာ မရှိဘူးလို့ ပြောနေမဲ့အစားကိုယ်လက်ထပ်မယ့် မိန်းကလေးဟာ ပြုပြင်ယူလို့ ရတဲ့စိတ်ဓါတ်ရှိရဲ့လား ကိုယ့်အပေါ် အမှန်တကယ် ချစ်ရဲ့လား ကိုယ့်မေတ္တာတရားကို နားလည်ရဲ့လားအရင်ဆုံး စမ်းသပ်ကြည့်ပါ....
image
ယောက်ျားတိုင်း ကောင်းတယ် ပြောလို့  မရသလို မိန်းကလေးတိုင်းလည်း ကောင်းတယ်မဆိုလို ပါဘူး ။မိန်းကလေးတစ်ယောက်ကို အပျိုစစ်မစစ် အပြင်ဗန်းကြည့်ဆုံးဖြတ်လို့  ရသလား။ရည်းစားများတဲ့ မိန်းမတိုင်းကရော အပျိုမစစ်တော့ဘူးဆုံးဖြတ်လို့  ရသလား....
image
အဝတ်အစားကို ခေတ်ဆန်ဆန်ဝတ်စားတိုင်း လော်မာနေတဲ့ မိန်းကလေးလို့  စွတ်စွဲလို့ ရသလား ။အိနြေ္ဒ ရှိရှိဝတ်စားပြီး အနေအေးတိုင်း ရိုးသားတဲ့ မိန်းကလေးလို့  ပြောလို့ ရမလား ပြန်တွေးကြည့်ကြပါ....
image
ကိုယ်နဲ့  တစ်မိုးအောက်ထဲအတူ မနေတဲ့ မိန်းကလေးတွေကိုပါးစပ်အရသာခံ မဝေဖန်သင့်သလို ရရင်အမြတ် မရရင်လည်း အရင်းပဲ ကွ ဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်တွေ မမွေးကြပါနဲ့ ကြမ္မာရဟတ်ဆိုတာ အချိန်တန်ရင် သင့်ရှေ့ တည့်တည့်ရောက်လာပါလိမ့်မယ်....

မိန်းမသားတွေရဲ့ အမှားက ယောက်ျားသားတွေနဲ့ ကွဲပြားတာ လည်းဆိုရင် သည်းခံစိတ်နည်းပါးတာရယ်ပြဿနာတစ်ခု ကို အချိန်ယူမစဉ်းစားဘဲ ဆုံးဖြတ်တတ်ကြတာ အကြီးမားဆုံးသော အလွဲပါ ။ဒီလို လုပ်ရပ်တွေကြောင့် သူစိမ်းယောက်ျားသားတွေရဲ့အပေါ်ယံဆုံးဖြတ် ဝေဖန်ခံရဖို့  လွယ်ကူစေတာပါ....

အပျိုဘဝမှာ ပွေရှုပ်နေပေမဲ့ ကိုယ်နဲ့ လက်ထပ်ပြီးတဲ့အချိန်မိန်းမကောင်းပီသကောင် ဆုံးမ သွန်သင်တတ်တာ ယောက်ျားကောင်းတွေရဲ့အလုပ် ဖြစ်သလို လက်ထပ်ပြီးမှ တခြားလူနဲ့  ကိုယ်ဝန်ရထားတာ သိပေမဲ့မိမိဇနီးမယား အဖြင့် ကောင်းမွန်စွာ စောင့်ရှောက်ကြတဲ့ယောက်ျားမြတ်တွေလည်း အများအပြားရှိနေပါတယ်။ဒီလိုလုပ်ရပ်ဟာ မိကောင်းဖခင်သားသမီးတွေရဲ့ လုပ်ရပ်လို့ လည်း ပြောလို့ ရပါတယ်....

တစ်ခုလေးပြောပြလိုက်မယ် မိန်းကလေးအများစုက ဒီတစ်ယောက်နဲ့  ချစ်သူဖြစ်ရင် ဒီတစ်ယောက်နဲ့ဘဲ လက်ထပ်ချင်ကြတာပါ။ နာမည်ပျက်ခံပြီး ရည်းစားကို အပျော်တွဲချင်တဲ့ မိန်းကလေးမရှိသလောက်ရှားပါတယ်။အကြောင်းမဲ့ မိမိကိုယ်ကျင့် သိက္ခာကို ဘယ်သူမှ မစွန့် လွှတ်တတ်ကြပါဘူး....

အပျိုဘဝမှာ မလွန်ဆန်နိုင်တဲ့ အမှားကြောင့် အပျိုရည်ပျက်ခဲ့ဖူးတယ် ဆိုရင်တောင်မှ ကိုယ်နဲ့  လက်ထပ်ပြီးတဲ့အချိန်အိမ်ထောင်ရှင်မကောင်း တစ်ယောက်ပီသဖို့ သာ အရေးကြီးပါတယ်။အပျိုစစ်စစ်ကို ရအောင်ယူထားပြီး မိမိဘဝကို ဘာတစ်ခုမှအထောက်အကူမပေးဘဲ လိုချင်တာ ဇွတ်အတင်းတောင်းဖြစ်ချင်တာကို တပူပူတဆာဆာလုပ်ပြီး အလိုက်မသိတဲ့အိမ်ထောင်ရှင်မ မပီသတဲ့သူကို မိန်းမတော်နေရတာထက်အပျိုမစစ်ပေမဲ့ မိမိဘဝကို ဖေးကူတတ် နားလည်မှုထားတတ်တဲ့ မိန်းမရထားသူက ပိုကံမကောင်းဘူးလား ပြန်တွေးကြည့်....

မိန်းမတွေကို အပျိုစစ်မစစ်ဝေဖန်လိုက်တဲ့ အခါတိုင်း ငါ့မေကရော ငါ့ကိုယ် အဖေစစ်စစ်နဲ့  မွေးခဲ့တာလား လို့ ပြန်စဉ်းစားဖို့  လိုပါလိမ့်မယ်။ကိုယ့်ကိုယ်မွေးခဲ့တဲ့ အမေ မျက်နှာ ပြန်မြင်ယောင်ပြီးမိန်းကလေးတွေအပေါ် ရိုးသားဖြူစင်စိတ် ကိုယ်ချင်းစာစိတ်နဲ့  ဆက်ဆံပေးပါ....

ဘာလို့ လည်းဆိုရင် မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုအကြီးမားဆုံး ထိခိုက်စေတဲ့ စကားဟာ ” အပျိုစစ်မစစ် ” လို့ ဝေဖန်ခံရတာတဲ့ စကားဖြစ်နေလို့ ပါ။မိန်းမတစ်ယောက်ဟာ အပေါ်ယံ အဆင်းလှစရာ မလိုဘူးအချင်းလှရင် တန်ဖိုးရှိပါပြီ ။ယောက်ျားကောင်းတို့ မည်သည် မိန်းကလေးတွေကို နှုတ်ဖျားနဲ့ တောင် မစော်ကားတတ်ကြပါ။မိန်းကလေးတွေကို အပျိုစစ် မစစ်တန်ကျေး ဖြတ်နေရအောင်မိန်းမတွေက ဈေးထဲမှာ ချရောင်းနေတဲ့ ရောင်းကုန်မဟုတ်ပါဘူး တန်​ဖိုးရှိ​သော မိန်းမတိုင်းကို တန်​ဖိုးထားတတ်​ကြပါ​စေ....

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60607.86
ETH 2620.83
USDT 1.00
SBD 2.52