မြင်တွေ့ရသမျှသည် …… ၂

in #myanmar6 years ago

မနေ့ ကအဆက်လေး ထပ်ရေးပါအုံးမယ် …

အဖွဲ့အစည်းတခုရယ်လို့ တည်ဆောက်ထားရင် ခေါင်းဆောင်ဆိုတာရှိမှာဘဲ ။ အဖွဲ့ဝင်များစွာပါဝင်မှ အဖွဲ့အစည်းလို့ ခေါ်ဆိုနိုင်မယ် ။ အဖွဲ့ဝင်တွေရှိနေတဲ့အတွက် ခေါင်းဆောင်နဲ့အဖွဲ့ဝင်များကြားမှာ admin ဆိုတဲ့ အုပ်ချုပ်သူတွေလည်း မရှိမဖြစ်လိုအပ်မှာပါဘဲ ။

3055704_S.jpg

အလုပ်တူလို့  အဖွဲ့တခုထဲ ရှိရမယ်လို့ မဆိုနိုင်ပါဘူး ။ ကိုယ်သိသင့်တာက ……

*** ကိုယ်သည် ဘယ်အဖွဲ့ထဲမှာ လုပ်ကိုင်ဘို့  အဆင်ပြေမလဲ ?

*** ကိုယ်ပါဝင်မယ့် အဖွဲ့ခေါင်းဆောင်ရဲ့လုပ်ဆောင်နိုင်မှုက ဘယ်လိုရှိမလဲ ?

*** အုပ်ချုပ်သူတွေကရော ဘယ်လိုအခြေအနေတွေရှိလဲ ?

*** ကိုယ်ဟာ ငွေရလိုမှုအတွက် ရေရှည်လုပ်မယ် မလုပ်မယ်

*** ဒီအဖွဲ့ထဲမှာ ကိုယ့်အတွက်ဘယ်လိုအကျိုးရှိနိုင်မယ်ဆိုတဲ့

စသည့်အချက်တွေကိုသာ ထည့်စဉ်းစားပြီး ကိုယ်ပိုင်အခွင့်အရေးကို မှန်ကန်စွာအသုံးချ တွေးခေါ်ပြီး အလုပ်ကိုလုပ်နိုင်ဘို့ သာ ဆုံးဖြတ်ရမှာပါ ။

3258944_S.jpg

အခုတော့ တလွဲတွေများနေတာ မြင်တွေ့နေရတာကို စိတ်မကောင်းပါဘူး ။ အရည်အချင်းမရှိတဲ့သူက ခေါင်းဆောင်လုပ်တဲ့အဖွဲ့ထဲလဲ မိမိက အရည်အချင်းသာနေပါလျက် အီးယောင်းဝါး ဖော်လိုလိုက်ပေးပြီး ဟိုလူမကောင်းဘူး ဒီလူမကောင်းဘူးဝေဖန်နေကြပြီး ဟိုအပင်ဘက်ပြေးတက်လိုက် ဒီအပင်ဘက်ပြေးကူးလိုက်နဲ့ ပြုတ်ကျတော့သာ အော်နေကြတာမျိုးတွေတွေ့နေရတယ် ။

မိမိက အလုပ်တခုကိုလုပ်မယ် ။ ထိုအလုပ်ရဲ့သဘောတရားကိုနားလည်မယ်ဆိုရင် ဘယ်သူ့ မကောင်းတာ ကောင်းတာမှထည့်ပြောမနေဘဲ မိမိအလုပ်အတွက် လုပ်ကိုင်နေနိုင်တာကို ဘာကြောင့် မလိုအပ်တာတွေကို ထည့်စဉ်းစားပြောဆိုနေကြသလဲဆိုတာ ကျနော် မတွေးတတ်ပါ ။

ခေါင်းဆောင်ကောင်းပြီး အုပ်ချုပ်မှုညံ့နေရင်လည်း အလကားလို့ ဆိုနိုင်သလို ခေါင်းဆောင်းလဲကောင်း အုပ်ချုပ်မှုလဲကောင်းပြီး အဖွဲ့ဝင်တွေက စည်းကမ်းမညီ ထင်ရာလုပ်နေရင်လဲ မကောင်းပြန်ပါဘူး ။

ဒါကြောင့် အဖွဲ့အစည်းလို့  အမည်ဆိုလိုက်တာနဲ့ ခေါင်းဆောင်ရယ် အုပ်ချုပ်သူများရယ် အဖွဲ့ဝင်များရယ် အားလုံးကောင်းပြီး စည်းကမ်းတကျ လုပ်ဆောင်ညှိနှီုင်းနေမှသာလျှင် အဖွဲ့အစည်းကလည်း အောင်မြင်ကျော်ကြားပြီး ရေရှည်တည်တံ့နိုင်မှာဖြစ်ကြောင်း ………

3220765_S.jpg

all photos credit # pixabay

@paingheinkyaw ( author )

Sort:  

ခေါင်းဆောင်မှုကောင်းပြီး
အဖွဲ့သူ အဖွဲ့သားတွေက စည်းကမ်းမရှိရင် လုပ်ချင်တာလုပ်နေရင် တစ်ကယ်မလွယ်ဘူး👍👍😌

ဟုတ်တာပေါ့

အောင်မြင်တဲ့အဖွဲ့အစည်းတစ်ခုရရှိဖို့ဆိုရင်တော့တက်ညီလက်ညီကြိုးစားရမှာပေါ့ဗျာ

အမှန်ပါဘဲဗျာ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62659.86
ETH 2534.03
USDT 1.00
SBD 2.63