ငုဝါအတွက်

in #myanmar6 years ago

ပိတောက်သည်လည်း ဝါ၏
ငုဝါသည်လည်း ဝါ၏
အဝါရောင်ခြင်း တူသော်လည်း ပိတောက်ကိုမှချစ်သည် ။

ချစ်ကြမှဘဲလေ ငုရွှေဝါရေ ……
မင်းမှ ပိတောက်ကို အရာရာမယှဉ်နိုင်
စိတ်မခိုင်ရင် ယိမ်းယိုင်လဲ မင်းအလှ မင်းဘဝဟာ ခနတာပါ ။

မွှေးသောအနံ့လဲ ပိတောက်လို မင်းမရှိ
မင်းအနားခနကပ်မိရင်တောင် မူးမေ့အောင် မင်းလုပ်တတ်တာ
မင်းကို ဘယ်သူမှ မချစ်ဝံ့တာ မဆန်းပါ ။

FB_IMG_1521656724048.jpg

ဝါထိန်နေအောင် တပင်လုံးပွင့်ပြတဲ့
မင်းအလှကိုမြင်ကြပါတယ်
သို့ သော် အဝေးက ခပ်ခွာခွာကြည့် မင်းအလှကိုမှတ်တမ်းတော့ တင်မိသည် ။

ဝါရွှေရောင် ထိန်ထိန်းသန်းလို့ 
အပွင့်တွေ အခက်တွေ သိပ်သိပ်လှ
ပိတောက်ကို ယှဉ်ကာတုလို့  မင်းမာနတွေထူလွန်းသည် ။

ငုဝါဆိုတဲ့ မင်းအတွက်
ပိတောက်တွေပွင့်တိုင်း သတိရလျှက်
ငါရင်လေးမိတယ် ငုဝါရယ် ။

FB_IMG_1521656703676.jpg

all photos credit # facebook

@paingheinkyaw ( author )

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 59944.92
ETH 2307.28
USDT 1.00
SBD 2.48