မည်သို့ ပင်ဆိုစေ ……

in #myanmar6 years ago

ပညာမဲ့သူတဦး ဒါပေမယ့် ချမ်းသာကြွယ်ဝပြီး လုပ်ငန်းတခုကိုတည်ထောင်နိုင်သူ ။ သူ့ရဲ့အတွေးမှာက ပညာရှိတဲ့သူတွေရဲ့ဥာဏ်ကိုအသုံးချပြီး ပညာရှိသူတွေကို အဖိုးအခ လခပေးလို့  သူ့အလုပ်အောင်မြင်ရန်အတွက် ကြိုးစားခိုင်းမှာပါ ။ တနည်းအားဖြင့် ချမ်းသာတော့ ငွေပေးခိုင်းစားလို့ ရမယ်ဆိုတဲ့ အတွေးပါ ။ သူတွေးတာ မမှားပါဘူး ။ သူပညာမရှိတော့ သူ့ချမ်းသာခြင်းကိုအားပြုလို့  သူတိုးတက်ရာ တိုးတက်ကြောင်းကို သူတွေးခြင်းပါ ။

1993141_S.jpg

photo credit # pixabay

ပညာတတ်တဦး ။ ဒါပေမယ့် ပိုက်ဆံတော့မချမ်းသာ ။ ကျောင်းစရိတ်ကို မိသားစု ဝိုင်းဝန်းရှာပြီး ကိုယ်တိုင်လဲကြိုးစားခဲ့သူ ။ သူ့ ပညာတွေကို အသုံးချဘို့  ကိုယ်ပိုင်လုပ်ငန်းဆိုတာ မထောင်နိုင်တော့ သူတိုးတက်မယ့်အရေး အစိုးရ or တပါးသူအလုပ်မှာ လခစားလုပ်ကိုင်ခြင်းက သူစ အလုပ်ဝင်ရမှာ မလွဲမသွေပါ ။ သူကြိုးစာမှုနဲ့သူ့ ပညာတွေအရ အလုပ်လုပ်စုဆောင်းပြီး သူ့ ကိုယ်ပိုင်လုပ်ငန်းကို သူတည်ထောင်ရမှာပါ ။ သူဆင်းရဲပြီးပညာသာတတ်တဲ့အတွက် သူတပါးဆီမှာ လခစားဘဝနဲ့ အလုပ်စဝင်ရတာ ဒါလည်းဖြစ်သင့်တာပါဘဲ ။

ပညာလည်းတတ် ချမ်းသာကြွယ်ဝမှုလဲရှိသူ ။ သူ့ အတွက်ကတော့ အထူးတွေးစရာလိုမယ်မထင်ပါ ။ အဆင့်သင့်လိုဖြစ်နေတဲ့သူဟာ သူ့ ပညာတွေကို အသုံးချပြီး သူ့ ချမ်းသာမှုနဲ့ရင်းပြီး လုပ်ငန်းတခုတည်ထောင်နိုင်သလို သူများဆီမှာ လခစားအလုပ်နဲ့သွားလုပ်ချင်လဲရပါတယ် ။ သူကိုယ်တိုင်ရွေးချယ်မယ့် သူ့ လုပ်ငန်းပါဘဲ ။

ပညာမရှိသူ ထို့ ပြင် ငွေကလဲမချမ်းသာ စားစရာပင် နေ့စဉ်အလုပ်ရှိမှ မပူရသူ ။ သူ့ အတွက်ကတော့ စိတ်မကောင်းရုံဘဲပေါ့ ။ ပညာမတတ် ငွေကမွဲတော့ သူတပါးဆီမှာ အောက်ခြေအလုပ်ကလွဲပြီး သူဘာများလုပ်ကိုင်နိုင်မှာလဲ ။ ဘယ်လုပ်ငန်းရှင်သူဌေး or ဘယ်ပညာတတ်တဲ့သူကများ သူ့ ကို အရေးပါတဲ့နေရာမှာ စာပွဲတလုံးရှေ့ချပြီး ဆုံလယ်ထိုင်ခုံမှာ ထိုင်ခိုင်းနေမလဲ ။

2861801_S.png

photo credit # pixabay

ကြိုးစားရင် ဘာမဆိုဖြစ်တာမှန်ပေမယ့် မိမိတိုးတက်ဖို့  မည့်သို့ သောသူဖြစ်စေကာမူ လိုအပ်တဲ့အထောက်အပံ့ရှိမှ ပိုအဆင်ပြေမယ်လို့ ထင်မိတယ်ဗျာ ။

@paingheinkyaw ( author )

Sort:  

Send 0.01 SBD/STEEM bids to @minnowbacker with the link to post you would like voted on as the memo! You will receive a guranteed profit.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64319.13
ETH 3411.87
USDT 1.00
SBD 2.51