Mind

in #myanmar7 years ago (edited)

လူအမျိုးမျိုး စိတ်အမျိုးမျိုးတော့ရှိကြတာပေါ့ ။ ကိုယ့်ထက်သာလို့ မနာလိုကြတဲ့ အပြုအမူတွေကိုလည်း တွေ့ဘူးကြုံဘူးပါတယ် ။ သူတပါးအောင်မြင်ကျော်ကြား ချမ်းသာတိုးတက်နေလို့  မုဒိတာပွားပြီး ကြည်နူးနေကြတဲ့လူတချို့ကိုလည်း
မြင်ဘူးတွေ့ဘူးပါတယ် ။ အမျိုးမျိုးလို့ ဆိုထားမှတော့ အမျိုးမျိုးတွေ့ရတာဟာ မဆန်းပါဘူး ။

သူတပါးကို မနာလိုတဲ့အကြောင်းကို ဖြစ်စေတာဟာ စိတ်ပါ ။ ထို့ အတူပါဘဲ သူတပါးကို အကောင်းမြင်ပေးပြီး ကျေနပ်နေတတ်အောင် ဖြစ်စေတာဟာလည်း စိတ်ပါဘဲ ။ ဒီလိုစိတ်က ဖော်ဆောင်ပေးလို့  လိုက်လုပ်ရတာခြင်းအတူတူ ကောင်းတဲ့စိတ်လေးဖြစ်ပြီး အကောင်းဘက်ကိုသာတွေး အကောင်းတွေမြင်ပေးလိုက်ရင်ရောဗျာ ။

received_2009474192608559.jpeg

ပထမအချက်က မိမိရဲ့စိတ်ကို လှအောင် မွေးမြူပါ ။ လှအောင်အတတ်ဆုံးပြင်လိုက်ပါ ။

ဒုတိယအချက်က မိမိစိတ်လေးလှလာတော့ အရာရာကို အဆိုးမြင်တာတွေ လျော့လာပြီး အကောင်းမြင်လာတဲ့စိတ်လေးဖြစ်လာမယ် ။

တတိယအချက်ကတော့ မိမိကိုယ်တိုင်က အရာရာအကောင်းမြင်လာတော့ ဒေါသတွေနဲလာမယ် ။ ဒေါသနဲလာရင် စိတ်ချမ်းသာမှုရမယ် ။ ဒါက မိမိကိုယ်တိုင်ခံစားရတဲ့ အေးချမ်းမှုတခုပါဘဲ ။

စတုတ္ထအချက်ကတော့ သူတပါးကို မိမိက အဆိုးမမြင်တော့ဘဲ အကောင်းမြင်ပေးလာတော့ သူတပါးကလည်း သူလုပ်နေတာကို အကောင်းမြင်ပေးတော့ စိတ်ချမ်းသာမှုကို ရစေတာပါ ။ နောက်ဆုံး သူတပါးစိတ်ချမ်းသာမှုမရခဲ့တောင်မှ သူတပါးကို စိတ်ညစ်မှုမရစေတာတော့ အမှန်ပါဘဲ ။

အဲ့ဒီတော့ ကောင်းတဲ့စိတ်လေးမွေးမြူပြီး အကောင်မြင်လိုက်ရင် သူတပါးရော မိမိကိုယ်တိုင်ရော နှစ်ဦးနှစ်ဖက် ဒေါသတွေကင်းပြီး ငြိမ်းချမ်းနေမှာ ဧကန်မလွဲပါဘဲ ။

ကိုယ်ကသာတကယ်အကောင်းမြင်ပေးကြည့်လိုက်ပါ ။ အကောင်းတဲ့သူဟာ သူအလိုလို ငါမကောင်းတာကိုတောင် အကောင်းမြင်ပေးရှာတယ်ဆိုပြီး ပါးစပ်ကလဲဖွင့်ပြောလာမယ် ။ သူမကောင်းနေတာလဲ သူ့ ဘာသာသိလာမယ် ။ သိလာတာနဲ့တပြိုင်နက် သူကောင်းအောင်နေမယ်ဆိုတဲ့စိတ်က တချိန်မဟုတ်တချိန်တော့ ဖြစ်ပေါ်နေမှာပါ ။ အဲ့လိုစိတ်ဖြစ်ပြီး သူပြင်လိုက်မယ်ဆိုရင် ဘယ်လောက်ထပ်ပြီး ပီတိဖြစ်ရမလဲ ။ တခနဘဲဖြစ်ဖြစ် တသက်လုံးဘဲဖြစ်ဖြစ် အကောင်းဘက်ကိုမြင်ပြီး ပြင်လာခဲ့တော့ နှစ်ဖက်လုံးအတွက် ငြိမ်းချမ်းသာယာမှုဖြစ်စေတာ အမှန်ပါ ။

FB_IMG_1508260364498.jpg

photo credit # facebook

ဒါကြောင့် စိတ်ကလေးလှအောင် အဓိကထားပြင်နိုင်ကြပါစေဗျာ ။

@paingheinkyaw ( author )

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63643.10
ETH 2582.85
USDT 1.00
SBD 2.75