Life …… 2

in #myanmar6 years ago

ပြည့်စုံသွားတယ်လို့ မရှိသော လူတို့ ၏သဘာဝအတိုင်း ကျနော့မှာလည်း ဟိုဟာမရခင်က ဟိုဟာလေးဝယ်ပြီးရင် တော်ပါပြီလေလို့  စိတ်ဆုံးဖြတ်မိပေမယ့် ဟိုဟာလေးလဲဝယ်ပြီးရော ဒီဟာလေးထပ်ထည့်လိုက်ရရင် ကောင်းမှာဘဲဆိုတဲ့ နောက်ဆက်တွဲတွေက တန်းစီလာပြန်ရော ။

လိုချင်တာတွေက အတောမသတ်နိုင်ဘူးဖြစ်နေတယ် ။ တယောက်ထဲဖြစ်လို့  တော်သေးတယ်လို့ ဆိုရမယ် ။ ခုချိန်များ အိမ်ထောင်ရက်သားကျလို့  သားသမီးတွေများရနေခဲ့ရင် မလွယ်ဘူးဗျ ။ ကျနော် လူပျိုကြီးဖြစ်ပါကြောင်း ကြော်ငြာဝင်တယ်ပေါ့ဗျာ ။

688365_S.jpg

crd image source

မိသားစုရှိတဲ့လူတွေကို လေးစားမိတယ် ။ ရှာရဖွေရ သိပ်မလွယ်ကူဘူးဗျ ။ ကျနော့မှာတယောက်ထဲကို ချာလည်ရိုက်နေတာ ။ လခလေးထုတ်လိုက် လိုတာလေးဝယ်လိုက်နဲ့ ခုတလဆို အပိုတောင်မစုနိုင်ဘူး ။

ကိုယ့်ဆီမှာက ကိုယ့်ဆွေမျိုးနဲ့ကိုယ့်မိသားစုရှိတော့ အခက်အခဲဖြစ်လာရင် တိုင်ပင်ရတာကောင်းပေမယ့် ဒီမှာက အလုပ်ကိုယ်စီနဲ့ဆိုတော့ အားတဲ့ရက်မှ ဆုံဘို့ မှာပြီး တွေ့ဖြစ်ကြတာလေဗျာ ။

3290871_S.jpg

crd org source

ဘာဖြစ်ဖြစ်လေ ကိုယ့်ဆန္ဒအလျောက် ဖြစ်ပေါ်တတ်တဲ့ လိုချင်သောစိတ်ကို ဖြည့်ဆည်းဘို့ က ကိုယ့်တာဝန်ပါ ။ ဒီလိုဖြည့်ဆည်းနိုင်ဘို့ က ကိုယ်ကျန်းမာရမယ် ။ ကျန်းမာမှငွေရှာနိုင်မယ်ပေါ့ ။

ကိုယ်မှာမရှိလို့  မပြည့်စုံလို့  လိုချင်သောအရာတခုကို ငွေ သို့ မဟုတ် ကိုယ်ကိုယ်တိုင်က ကြိုးစားမှသာ ရနိုင်မှာကြောင့် ရှာဖွေနေရအုံးမှာပါ ။

1362244_S.jpg

crd org source

@paingheinkyaw

Sort:  

You got a 1.65% upvote from @postpromoter courtesy of @paingheinkyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Congratulations @paingheinkyaw! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.033
BTC 64258.81
ETH 2772.25
USDT 1.00
SBD 2.65