အရာရာဟာကောင်းဖို့ဖြစ်လာတာပါ

in #myanmar6 years ago

ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် … image
ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "ဆိုပြီး
ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ.. …
တစ်ချို့တိုက်ခိုက်မှု့တွေဟာ . …
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ်ခါတလေ..တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း,ကြောင်း ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။

"အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ" ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..
++++++++
@oolay

Sort:  

ဟုတ်ပ နာကျင်မှုက တခါခါ ကိုယ့်အတွက်တွန်းအားပေးသလိုပါဘဲ့

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70601.11
ETH 3576.21
USDT 1.00
SBD 4.78