တ​နေ့ တာ online အသုံးပြုခြင်း

in #myanmar6 years ago

ဆောင်းပါးများကို ​ရေးတတ်​ချင်​​သော်​လည်း မိမိမှာ စာဖတ်​ ၊အ​ရေးအသား အားနည်းချက်​​တွေရှိ​သော​ကြောင့်​ ​မ​ရေးသားနိုင်​​သေး​ပေ။ သို့​ပေမယ့်​ မိမိ ကြုံဖူး ​တွေ့ဖူး မြင်​သမျှကို​တော့ စာ​ပေသဖွယ်​ အတတ်​နိုင်​ဆုံး​တော့ ကြိုးစား​ရေးသားလျက်​ပါ​လေ။

ဒီ​နေ့​တော့ onlineအသုံးပြုခြင်းက​နေ တ​နေ့တာကို ​ကျော်​ဖြတ်​သွားလာပုံကို ​ရေးသားပါရ​စေ။မနက်​မိုးလင်း​တောက်​ ​စော​စောဝယ်​ ​စောင်​ကိုလှပ်​၍ အရင်​ဦးစွာ မိမိ ဖုန်းကို ကြည့်​မိ​လေ၏။ အချိန်​နာရီကို ကြည့်​ဟန်​တူ​ပေမယ့်​ တကယ်​​တော့ မဟုတ်​​ချေ။

မ​နေ့က တွင်​ online​ပေါ်တွင်​ တင်​ခဲ့​သောအ​ကြောင်းအရာ၊​ပြောဆိုခဲ့ကျ​သော မိတ်​​ဆွေအ​ပေါင်းအသင်းတို့ရဲ့ စကားအဆက်​များကို တမူထူးခြားချက်​​တွေများ ရှိမည်​​လောဟု အ​လောတကြီး ဖုန်းကို ကြည့်​ရ​လေသည်​။

အိပ်​ချင်​မူးတူးဆို​တော့ မျက်​လုံး က ဝါးတားတားနဲ့ မြင်​ရ​ပေ။ အချိန်​ကာလ တစ်​ခုကြာ onlineဖွင့်​၍ ကြည့်​ရူပြီး ​ရေချိုး ဖို့ ထ ရ​လေ၏။အဲ့​နောက်​​တော့
စား​သောက်​ပြီး ခဏ နားရပြန်​၏။

ထိုအခိုက်​ဝယ်​တွင်​လဲ ဘာရယ်​မဟုတ်​​ပေမယ့်​ အနားရှိ ဖုန်းကို​ကောက်​ကိုင်​ကာ internetဖွင့်​၍ social media​ပေါ်မှာ လမ်း​လျှောက်​​နေမိ၏။ ​စော​စောစီးစီး ကျန်းမာ​ရေး ​အရ လမ်းထွက်​​လျှောက်​ဟန်​တူ​နေ​လေသည်​။

နာရီတစ်​ချက်​ ရှိုးကာ အလုပ်​ခွင်​ချိန်​ကျပြီမို့ အလုပ်​သွားရ​လေ၏။ အလုပ်​ခွင်​​ရောက်​စဉ်​ မိမိ လုပ်​စရာရှိတာ လုပ်​​နေသည်​။ အလုပ်​လပ်​ချိန်​​ရောက်​ခိုက်​တွင်​မှု​တော့ ဖုန်း​လေးကိုပဲ ​ကောက်ကိုင်​မိသည်​။သီချင်းနား​ထောင်​တာမဟုတ်​သလို စာ​ပေဖတ်​သည်​လဲ မဟုတ်​​ပေ။

Internet ဖွင့်​၍ ဟိုကြည့်​သည်ကြည့်​လုပ်​​နေ၏။ အချိန်​တခု ကြာကာ ည​နေ​စောင်း​လေ၏။ မိမိအလုပ်​သိမ်း၍ အ​ဆောင်​သို့ ပြန်​ရ​လေ၏။ အာ့​နောက်​ စား​သောက်​ဖို့ စီစဉ်​ရှိရာ စီစဉ်​ပြီး ဖုန်း​လေးကိုပဲ ​ကောက်​ခိုင်း​နေမိပြန်​ပြီ။

အချိန်​​တွေကုန်​မှု​တွေ​ပေါ် onlineက​နေပဲ ကုန်​ခဲ့​လေ၏။ အ​ကြောင်းက​တော့ ရှာ​ဖွေ​လေ့လာ နည်းပညာများကို စူးစမ်း​နေရခြင်းဖြစ်​သည်​။ မိမိမှာ စိတ်​ဝင်​စား​သော အ​ကြောင်းအရာတို့ ရရှိ​အောင်​ googleတွင်​ ပုံစံမျိုးမျိုးနဲ့ ​လေ့လာ​နေရ၏။

ထိုသို့ စိတ်​ဝင်​စားစရာများနဲ့ တ​နေ့တာကို ထိုကဲ့သို့ onlineသုံး၍ ဖြတ်​​ကျော်​မိ​လေ၏။ ​ကျေနပ်​အားရမိ​လေ၏။
ဒီလိုနဲ့ ညသန်​​ခေါင်း​ကျော်​ကာ ဖုန်းပိတ်​၍ အိပ်​စက်​​လေပြီ။

စဉ်းစားကြည့်​​တော့ တ​နေ့ 24နာရီရှိသည်​အနက်​ 8နာရီ​လောက်​သည်​ onlineသုံးရန်​အတွက်​သာ ဖြစ်​​ပေသည်​ဟု မိမိကိုယ်​ကို ​တွေး​တော ဆုံးမမိ​လေ၏။

မေးပါ​ရ​စေ ..သင်​​ကော...တ​နေ့တာကို online ဘယ်​လိုသုံးပြီး ဖြတ်​​ကျော်​​နေပါသလဲ?.....

@onlinelover
image

Sort:  

အသုးံဝင်သောအရာများကိုအင်တာနက်သုးံရင်းလေ့လာပါ

ဟုတ်​ကဲ့ ​ကျေးဇူးပါခင်​ဗျာ

Coin Marketplace

STEEM 0.22
TRX 0.27
JST 0.041
BTC 104664.06
ETH 3858.84
SBD 3.32