Best Friends For Chat Group

in #myanmar6 years ago

အခုတ​လော အလုပ်​​တွေက များသလိုနဲ့ များ​နေတာ။Steemitဘက်​ကြီး​တောင်​ သိပ်​မလှည့်​ဖြစ်​သလိုပဲ။စာလဲ ဖတ်​ချိန်​မရသလို vote​ပေးဖို့လဲ အချိန်​မရဖြစ်​သွားတယ်​။

ညပိုင်း​တောင်​ အလုပ်​က ပင်​ပန်းလာ​တော့ စာ​ရေးဖို့ အနိုင်​နိုင်​။ သူငယ်​ချင်း​တွေ နဲ့ chat gp. ​လေးရှိ​တော့ သူတို့နဲ့ ရီ​လိုက်​​မောလိုက်​နဲ့ စ ကျ​သေး။ အာ့လိုပဲ ပင်​ပန်းမှု့ကို သူငယ်​ချင်း​တွေနဲ့ပဲ ​ဖြေ​ဖျောက်​​နေရတာပဲ။

ရှိပါ​သေးတယ်​ အစသန်​တဲ့ ကျွန်​​တော့်​သူငယ်​ချင်း​လေး ​မ​အေး​အေး​အောင်​ရယ်​​ပေါ့။သူနဲ့က ဟိုးအရင်​ ကိုးတန်း ဆယ်​တန်းဘဝကတည်းက ​ကျောင်း​နေဘက်​​တွေဆို​တော့ အသိ​တွေ​ပေါ့ဗျာ။ အဲ့ဒီအချိန်​တုန်းက​တော့ မသိသလို​နေတတ်​တဲ့ ချာတိတ်​ သာသာ ကျွန်​​တော်​​က​ပေါ့​နော်​။

အခု​တော့ တ​မြေ တ​ဝေး ​ရောက်​လို့ သူငယ်​ချင်း​တွေမှန်းသိ စချင်​သလို ​နောက်​ချင်​သလို​နောက်​​ပေါ့။ ရှိပါ​သေးတယ်​ chat gpထဲမှာ ကျွန်​​တော့်​ရဲ့ တစ်​ချိန်​က နတ်​သမီး​လေး​ပေါ့။ သို့​ပေမယ့်​ အခုများ​တော့ သူငယ်​ချင်း​လေးလို့​တောင်​ မ​ခေါ်နိုင်​ မ​ခေါ်ရှာရဲ​တော့ဘူး။

အခု​တော့ သူစိမ်းတစ်​​ယောက်​ပါလိုပဲလား။သို့​ပေမယ့်​ chat gpမှာ သူရှိ​တော့ ​ပျော်​သလိုလို​တော့ရှိသား။ ရှိပါ​သေးတယ်​ chat gpထဲမှာ သူငယ်​ချင်း​တွေ​လေ။ သူတို့က​တော့ ခပ်​စိမ်းစိမ်းသမား​တွေ။ခေါ်ချင်​မှ​ခေါ်တယ်​ ​ပြောချင်​မှ​ပြောတယ်​။

ကိုယ်​​တွေကို​တော့ သူငယ်​ချင်း​လေးလိုမှ အသိမှတ်​​ပြုသလား​တော့မသိ။ ကိုယ်​​တွေ​တော့ သူတို့နဲ့ chat ရရင်​ကိုပဲ အလိုလို​ပျော်​လာတယ်​။ အလုပ်​ကပင်​ပနိး​တော့ သူတို့နဲ့​ပျော်​​မွှေ့ရင်​ ​ဖြေသိပ်​ရတာ ဘယ်​လိုပဲဖြစ်​ဖြစ်​ သူတို့ကို​တော့ ​ကျေးဇူးတင်​ပါ​သေးတယ်​။

အခုလို​လေးပဲ chat gp​လေးမှာ မင်းတို့နဲ့ ဘယ်​​လောက်​ထိ ​ပျော်​​မွှေ့နိုင်​မလဲလို့ ​တွေးပြီး ရင်​​လေးမိတယ်​။

တကယ်​​တော့ ကျွန်​​တော်​ အ​ဖော်​ငတ်​တဲ့ သူငယ်​ချင်း​တွေကို ခင်​တတိသူတစ်​​ယောက်​ဆိုတာ ရဲရဲကြီး အာမခံရပြီ​လေ။

steemitတွင်​ မြန်​မာမိသားစုအချင်းချင်းကူညီ၍ ​အောင်​မြင်​ကျပါ​စေ။
image
@onlinelover

Sort:  

အရေးအသားကောင်းတယ်ဗျ

ဟုတ်​ကဲ့ ကို​ဇော်​ထက်​​ရေ
အ​ရေးအသား​တော့ သိပ်​ပြီး အားမရ​သေးပါဘူး
ဆက်​လက်​ကြိုးစား​ရေးသားပါအုံးမယ်
ကျေးဇူးပါခင်​ဗျာ

You got a 1.13% upvote from @upmewhale courtesy of @onlinelover!

Earn 100% earning payout by delegating SP to @upmewhale. Visit http://www.upmewhale.com for details!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62345.27
ETH 2427.57
USDT 1.00
SBD 2.49