steemit စတင် သုံးစွဲခြင်း

in #myanmar6 years ago (edited)

image
သူငယ်ချင်းအားလုံးပဲ မင်္ဂလာပါခင်ဗျာ...
အခုဆိုရင် ကျွန်တော် steemit ကို စသုံးဖြစ်တာ ရက်ပိုင်းလေးသာ ရှိပါသေးတယ်။ မဆိုးဘူးလို့ပဲ ပြောရမှာပဲ အရင်ကဆို ဖေ့စ်ဘုတ်ပဲ သုံးဖြစ်တယ် အခု steemit ကို စသုံးကြည့်တာ ထူးခြားမှု့လေးတွေ ရှိတာကို တွေ့ရပါတယ်။ အဲ့ဒါဘာလဲဆိုတော့...

ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော် ဖေ့စ်ဘုတ်သုံးတာကို ခဏရပ်နားထားပြီး steemitကို ပြောင်းသုံးပါတယ်။ တော်တော်လေးလည်း နံ့နံ့စပ်စပ်ကို လေ့လာဖြစ်ခဲ့ပါတယ် (သိပ်ပြီးတော့ အကျယ်တစ်ဝင့် မသိသေးပါဘူး) သိရသလောက်ကတော့....
image

  1. steemit မှာ copy ရေးသားခြင်းများ မရှိတာကြောင့်(copyသမားတွေ အနည်းငယ်တော့ တွေ့ရပါတယ်)သူများတွေ တင်ထားတဲ့ postတွေကို လိုက်ဖက်ကြည့်တာ ဗဟုသုတလေး ရပါတယ်။

  2. steemit မှာ နိုင်ငံရေးအကြောင်း ရေးသားခြင်းများ မရှိတာကြောင့် နိုင်ငံရေးနဲ့ ပက်သက်ပြီး အတင်းအဖျင်းတွေ စာရေးသူနဲ့ စာဖက်သူတို့ကြားထဲမှာ ဆဲတာဆိုတာ ရန်စကားပြောတာမျိုးတွေ မတွေ့ရဘူး ဖေ့စ်ဘုတ်ဆိုရင်တော့ သိတဲ့အတိုင်းပါပဲ။

  3. steemit မှာ 18+ ရေးသားခြင်းမျိုးတွေ မတွေ့ရတော့ စာဖက်သူအတွက် စိတ်ညစ်ညမ်းတာမျိုးတွေလည်း မရှိပါဘူး အရမ်းကိုကောင်းပါတယ်။

  4. steemit မှာ စာရေးသူတွေအတွက်ကော စာဖက်သူတွေအတွက်ကော အကျိုးအမြတ် ရရှိတာတွေကိုလည်း တွေ့ရပါတယ် ဘယ်လိုအကျိုးအမြတ်လဲဆိုတော့ ဘုရားလည်းဖူး လိပ်ဥလည်း တူးဆိုသလို ဗဟုသုတလည်းရသလို ပိုက်ဆံလည်း ရတော့ အရမ်းအရမ်းကို ကောင်းတယ်လို့ပဲ ပြောပါရစေ။

  5. steemit မှာ မြန်မာလူမျိုးတွေ အဖွဲ့အစည်း ပုံစံမျိုးနဲ့ လုပ်ကိုင်နေကြတာကိုတွေ့ရတော့(ကျွန်တော်က လက်ရှိ လူသစ်မို့လို့ အဖွဲ့အစည်း မရှိသေးပါဘူး) စည်းလုံးမှု့ရှိတာကိုလည်း တွေ့ရတော့ အရမ်းကိုကောင်းပါတယ်။

ကျွန်တော် အနေနဲ့ လူသစ်ဖြစ်တာကြောင့် steemit ကို အခုမှ စသုံးတာ ဖြစ်တဲ့အတွက် အချက်လက် ဒီလောက်မျှသာ သိရှိပါသေးတယ် နောက်ထပ်လည်း ဘာတွေများ ထူးခြားမှု့လေးတွေ ရှိအုံးမလည်းဆိုတာ ဆက်ပြီးတော့ လေ့လာပါအုံးမယ်ခင်ဗျာ အမှားရှိခဲ့ပါကလည်း ကျွန်တော့်အား ဝိုင်းဝန်းပြီးတော့ လမ်းညွှန်ပြသပေးကြရန် အထူးမေတ္တာရပ်ခံလိုပါတယ်။

steemit သုံးစွဲသူ ရွှေမြန်မာများအားလုံး ကိုယ်စိတ်နှဖြာ ရွင်လန်းချမ်းမြေ့ကြပါစေ.... အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

Sort:  

ကြိုဆိုပါတယ်

ကျေးဇူးတင်ပါတယ်ခင်ဗျာ

Welcome to steemit

Thank you very mush bro.

တူတူပါပဲဗျခုမျစတာပါ​နေယ်​လြ

same to you bro
@aggamun

You got 100% Vote From @sattpaing .
Wellcome bro

Thanks you very mush.

Thanks you very mush.

အားပေးနေပါတယ်

ကျေးဇူးတင်ပါတယ်ခင်ဗျာ

အတူတူပဲ ညီမလဲ အခုမှစသုံးဖြစ်တာပါ

အတူတူကြိုးစားတာပေါ့နော်

ကြိုဆိုလျက်ပါ

ပို​မို​လေ့လာနိုင်​ပါ​စေbro

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60115.50
ETH 3192.77
USDT 1.00
SBD 2.45