Race

in #myanmar6 years ago

image

တစ်ခါတုန်းက...သန်မာထွားကျိုင်းတဲ့မြင်းတစ်ကောင်ဟာ ခရုများနေထိုင်ရာ လမ်းမကိုဖြတ်သွားအခိုက် ခရုတို့ကို မြင်တွေ့ပြီးအထင်မြင်သေးစွာနဲ့ အမြဲတမ်းနှေးကွေးနေတဲ့သူတွေ ဘယ်တော့မှလည်းလျင်မြန်စွာမသွားနိုင်တဲ့သူတွေလို့ ရေရွတ်ပြောဆိုလိုက်ပါတယ်။မြင်းကြီးရဲ့ အဲ့ဒီလိုပြောသံတွေကို ခရုများရဲ့ အကြီးအကဲက ကြားတော့ ငါ့တို့ခရုများသည် ပြေးလမ်းပေါ်တွင် လျင်မြန်စွာ ပြေးနိုင်ကြတယ်လို့ ဣနြေ္ဒရရနဲ့ မြင်းကြီးကို တုံ့ပြန်လိုက်ပါတယ်။ခရုအကြီးအကဲက ငါတို့အပြေးပြိုင်ရအောင်ဟုစိန်ခေါ်လိုက်ပါတယ်။ မြင်းကြီးကလှောင်ပြောင်ရယ်မော၍ စိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။
မြင်းကြီးပြန်သွားပြီးနောက် ခရု အကြီးအကဲက ခရုများကို စုရုံး ပြီးမြင်းသားသည် ဆေးဖက်ဝင် သည် ကျန်းမာရေကောင်းစေသည် သင်တို့မစားချင်ကြဘူးလားဟုမေးမြန်းလိုက်ပါတယ်။ခရုများက စားချင်ပါသည်ဟု ပြန်ဖြေကြပါတယ်။ အဲ့ဒီအခါ ခရုအကြီးအကဲက မြင်းနှင့်ငါ အပြေးပြိုင်မည် ငါ့အပြေးနှုန်းသည် သင်တို့သိသည့်အတိုင်း နှေးကွေး သည်။ထို့ကြောင့် မြင်းကိုအနိုင်ရရန် ခရုတစ်ကောင်စီက တစ်ဖာလုံတိုင်း တစ်ဖာလုံတိုင်းမှာ တစ်ကောင်စီနေရာယူကြရန် ညွှန်ကြားလိုက်ပါသည်။ခရုအပေါင်းတို့သည် သတ်မှတ်ထားသောနေရာသို့သွာရောက်ပါတော့တယ်။ပြိုင်ပွဲနေ့ရောက်သောအခါ မြင်းကြီးက ခရု အကြီးအကဲအားလှောင်ပြောင်၍ အဆင်သင့်ဖြစ်ပြီလားဟုထေ့ထေ့ ငေါ့ငေါ့ပြောလိုက်ပါတော့တယ်။ခရုအကြီးအကဲလည်း အဆင့်သင့်ဖြစ်ပါပြီဟု ပြန်ပြောပြီး ပြိုင်ပွဲစပါတော့တယ်။ပြိုင်ပွဲ စစချင်းမြင်းကဒုန်စိုင်းပြေးပြီး ခရုအကြီးအကဲ အားလှောင်ပြောင်၍ ပြေးနေတာဟုတ်ရဲ့လားဟု အော်ပြောလိုက်ပါတယ်။ ထိုအခါ ကြိုရောက်နေသော ခရုက ငါပြေးနေပါတယ်ဟုပြန်အော်ပြောလိုက်ပါတယ်။ မြင်းကြီးလဲ အံသြပြီး ဒေါသထွက်ကာဆက်ပြေးပါတော့တယ် ။ပြေးရင်းနောက်တစ်ဖာလုံလောက်ရောက်တော့ သူ့အရင်ရောက်နေသော ခရုအားထပ်တွေ့ ပြန်ပါတယ်။မြင်းကြီးလည်း အမျက်ထွက်ပြီးထပ်ပြေးတာပေါ့ ။ ဒီလိုနဲ့ ခရုကိုတွေ့ လိုက် ပြေးလိုက်နဲ့နောက်ဆုံးမှာ မြင်းကြီးလဲ အမောဆို့ပြီး သေသွားတာပေါ့ကွယ်။
ခရုငယ်တို့ လည်းမြင်းကြီးအသားကို မြိန်ရေရှက်ရေနဲ့ ရက်ပေါင်းများစွာ လပေါင်းများစွာ စားသုံးပြီးအောင်ပွဲ ခံကြပါတော့တယ်။

Image source from Google
Zaw Ye' @oliverrock ✌✌✌
I❤Steemit

Sort:  

ကိုယ်ကာယရဲ့ခွန်အားထက်ညာဏရဲ့ပညာအားကိုညီညွတ်ခြင်းနဲ့ပေါင်းစပ်တာကပိုသာတယ်ဆိုတာကိုညွှန်ပြပေးတဲ့ပုံပြင်လေးကောင်းတယ် bro

ကျေးဇူးတင်တယ်ဗျာ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 60972.21
ETH 3388.11
USDT 1.00
SBD 2.55