You are viewing a single comment's thread from:
RE: မြန်မာလူငယ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ်
၁။ အတော်ကလေးပြည့်ပြည့်စုံစုံ လေ့လာပြီး တင်ပြထားသည် ကိုတွေ့မြင်ရပါသည်။
၂။ ရှု့ထောင့်မျိုးစုံမှ ရေးသားထားသည်ကိုလည်း တွေ့ရသည်။
၃။ ဆောင်းပါးနှင့်တင်ပြမည့်အကြောင်းအရာကို မိတ်ဆက် ရေးသားခြင်း၊ တနည်း နိဒါန်းမရေးတတ်သေးပါ။
၎။ ရှု့ထောင်ပေါင်းစုံမှ ရေးသားထားသော်လည်း တစ်ပိုဒ်နှင့် တစ်ပိုဒ် ချိတ်ဆက်ထားမှုမရှိပါ။ သီးခြားစီဖြစ်နေသည်။
၅။ ခြုံ၍သုံးသပ်ရသော် ဆောင်းပါးထက် မှတ်မ်းသဘောဆန်နေသည်။
၆။ စကားပြေနှင့် စကားပြောရောနောရေးသားထားသည်ကို တွေ့ရသဖြင့် စကားပြောကဲ့သို့ရေးကျင့်စွဲနေရာ မှ စကားပြေပုံစံ ကြိုးစားရေးသားထား ကြောင်းတွေ့ရသည်။
၇။ ဆက်လက်ကြိုးစားရန်လိုအပ်နေပါသေးသည်။
ဟုတ်ကဲ့ခုလိုအကြံပေးတာ ကျေးဇူးအထူးတင်ပါတယ်။အတတ်နိင်ဆုံး ကြိုးစားပြီး ရေးထားပါတယ်။စကာပြေအရေးအသားကို ခုမှလေ့လာနေပါတယ်။နောက်လည်း ဒီထက်မက စကာပြေအရေးအသားကို ကြိုးစားသွားပါမယ်။ခုလို အကြံပြုစာတွေ လာရောက်ရေးပေးစေလိုပါတယ်။ခုလိုထောက်ပြလို့ အရမ်းဝမ်းသာမိပါတယ်။