“စာရေးရာမှာ ကြောက်နေသလား”

in #myanmar6 years ago

IMG_20171211_182328.jpg

“စာရေးရာမှာ ကြောက်နေသလား”

ယနေ့သည် ကျွန်ုပ်ကွီးရွှေ၏ ရှားရှားပါးပါး အားလပ်ရက်များအတွင်းမှ နွေရာသီ အားလပ်ရက်လေး တစ်ရက်ဖြစ်သည်။ ယခု့ကဲ့သို့ အားလပ်ရက်ကလေး ရရှိလာ၊ ကြုံလာတိုင်း စိတ်ပန်းကိုယ်ပန်းများကို ပြေပျောက် စေသောငှာ အပန်းဖြေရန်အတွက် စတင်းရွာစွန်ရှိ သီးသန့်နေအိမ်လေးတွင် ရောက်ရှိနေပါသည်။ ကျွန်ုပ်၏ အစီအစဉ်မှာ အပန်းဖြေရင်း စိတ်ကူးတည့်ရာ စာလေးတစ်ပုဒ်လောက်ရေးမည် အေးအေးလူလူနေမည် ဟူ၍ဖြစ်သည်။

ထိုသို့ စိတ်ကူးဖြင့် နေရာမှ ကျွုန်ုပ်ကွီးရွှေ ယခင်ရေးခဲ့ပြီးလေသော စတင်းပလက်ဖောင်းမှ စာပေများအား ပြန်လည် လှန်လှော ဖတ်ရှုနေမိသည်။ ထို့အတူ စတင်းရွာသားများ၏ လက်စွမ်းပြ ရေးသားထားကြလေသော စာပေမျိုးစုံအားလား ၀င်ရောက်ဖတ်ရှုဖြစ်သည်။ ဤတွင် ဖတ်ရှုရသည့် စာပေများမှ အချို့သော စတင်းကလောင်ရှင်တို့မှာ စာရေးသားခြင်းအရာ၌ မပြည့်မစုံ အဖုံဖုံသော လစ်ဟာကွက်များကို တွေ့မြင်ရသည်။ တစ်ချို့မှာ မရေးတတ်ရေးတတ် ကြောက်စိတ်လေးများဖြင့် ရေးသားထားဟန်များကို အထင်းသားတွေ့မြင်နေရသည်။

writer.jpg

ထိုထိုသော ကလောင်ရှင်လေးများသည် မည်သည်ကိုကြောက်နေကြသနည်း။ စာရေးသားခြင်းတွင် ဘာကိုကြောက်နေကြသနည်း။ ကျွန်ုပ်ကွီးရွှေ နည်းလမ်းပေးမည်။ စာရေးရမှာ မကြောက်ကြလင့်--

မည်သို့ အကြောင်းရှိ၍ မည်သို့လမ်းညွှန်မည်နည်း- ကောင်းပါပီ မေးခွန်းတစ်ခုမေးမည် ဖြေကြည့်ကြစေလိုသည်- မိမိသွားနေကြနေရာ၊ သို့မဟုတ် လမ်းခရီးတစ်ခု ဥပမာ အိမ်မှကျောင်းသို့ လမ်းလျောက်သွားကြမည်ဆိုလျင် ကြောက်စရာရှိပါသလား။ အဖြေကတော့ မရှိပါဟုဖြေကြမည်။ အဘယ်ကြောင့် ဆိုသော် မိမိသွားနေကြနေရာ၊ သွားနေကြလမ်းများ၊ သွားနေကြပတ်ဝန်းကျင်ဖြစ်နေ၍ အကြောင်းသိနေ၍ ကြောက်ရွံ့မှုမရှိခြင်း၊ ကြောက်စိတ် မရှိဖြင်းဖြစ်ပေသည်။ ထိုလမ်းကိုသွားလျင် ဘယ်နေရာတွင် ကိုက်တတ်သော ခွေးရှိသည်၊ ဘယ်နေရာ လမ်းတွင်ချိုင့်ခွက်ရှိသည်၊ ဘယ်နေရာတွင် ဘယ်သို့သော အခက်အခဲရှိနေသည်ဆိုသည်ကို ကြိုတင်သိရှိထား၍ ကြောက်ရွံ့သည့် စိတ်တို့ ကင်းရှင်းနေခြင်းဖြစ်သည်။

go to school.jpg

ဆိုပါဦးမည် အကယ်၍ သုံးပေခန့်မြင့်သော နေရာမှ အောက်သို့ ခုန်ချခိုင်းလျင် သင်ခုန်ချရဲမည်လား။ ကြောက်ဦးမည်လားဆိုလျင် - ခုန်ချရဲသည် မကြောက်ဟုပင်ဖြေမည်ဖြစ်သည်။ အဘယ်ကြောင့်နည်း သုံးပေအမြင့်မှခုန်ချလျှင် အန္တရာယ်မရှိဆိုသည်ကို သိနေမြင်နေရ၍ဖြစ်သည်။ ထိုသို့ဆိုလျှင် ပေတစ်သောင်းရှိသော လေယာဉ်ပေါ်မှ လေထီးဖြင့် ညအခါတွင်ခုန်ချပါဆိုလျင် မည်သူခုန်ချမည်နည်း။ ထိုသို့ခုန်ချလျင် ကြောက်မည်လော။ အဖြေမှာကား ထိုမျှမြင့်သော အမြင့်မှ လေထီးဖြင့် ခုန်ချရန်ကား သာမာန်လူများအနေဖြင့် မဖြစ်နိုင် စနစ်တကျ လေ့ကျင့်ထားကြလေသော လေထီးစစ်သားများသည်သာလျင် ခုန်ချဝံ့ပေမည်။ သာမာန်လူအားဖြင့်တော့ ခုန်ချရန် ကြောက်ကြပေမည်။

ညအချိန်တွင် ထိုသို့အမြင့်မှ လေထီးဖြင့်ခုန်ချလျင် သာမာန်သူတို့ ဘာကြောင့်ကြောက်ကြသနည်းဆိုရလျင်၊ ထိုမျှမြင့်သော အရပ်မှ အောက်ခြေမြေပြင်သို့ မမြင်နိုင်၊ ချောက်ကမ်းရှိမည်လား၊ တောင်နံရံရှိနေမည်လား၊ မြစ်ချောင်းပင်လယ်ရှိနေမည်လား၊ တောတောင်များရှိနေမည်လား၊ သားရဲတိရိစ္ဆာန်များ ရှိနေမည်လားဆိုသည်ကို သေသေချာချာ မသိနိုင်၊ မမြင်နိုင်ကြပေ။ ထို့အတွက် မမြင်နိုင်သော ဘေးအန္တရယ်ကိုမသိနိုင်၍ ကြောက်ကြခြင်း ဖြစ်သည်။

jump.jpg

ကပ်သီးကပ်သတ်ပြောရလျင် လေထီးစစ်သားတို့သည်လည်း မကြောက်ပေဘူးလောဟု မေးစရာပင် ဖြစ်သည်။ မှန်ပါသည် ထိုလေထီးစစ်သားတို့သည်လည်း အစတွင်ကြောက်ကြပါသည်၊ သို့သော် သေသေချာချာ အကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်ထားကြသည့်အတွက် နောက်ဆုံးတွင် ထိုအမြင့်မှ နေ့ရောညပါ ခုန်ချရန် မကြောက်ကြတော့ချေ။ သူတို့သည် ထိုသို့ခုန်ချခြင်းတွင် အောက်တွင် ဘာတွေရှိသည်။ မည်သို့သော အခက်အခဲများရှိသည်ဆိုသည်ကို ကြိုတင်လေ့လာသိရှိထားကြပြီးလျင် လက်တွေ့တွင်လည်း အကြိမ်ကြိမ်အခါခါ လေ့ကျင့်ထားကြသည့်အတွက် မကြောက်ကြတော့ခြင်းဖြစ်သည်။

writer3.jpg

ဤသို့ဆိုလျင် ကျွန်ုပ်ကွီးရွှေတို့ စတင်းပလက်ဖောင်းတွင် စာရေးခြင်းအတွက်၊ စာရေးရန်အတွက် ကြောက်နေကြသူများသည်လည်း မည်သည်ကိုကြောက်နေကြသနည်း။ အဖြေက သင့်ရှေ့တွင်ပင်ရှိပါသည်။ စာရေးခြင်းတွင် ကြုံတွေ့လာနိုင်သော အခက်အခဲများကိုမသိ၍တစ်ကြောင်း၊ စာရေးခြင်းတွင် အလေ့အကျင့်မရှိ၍ တစ်ကြောင်း၊ မိမိမကျွမ်းကျင်သော အတတ်ပညာစာရေးခြင်းကို ရေးနေရ၍တစ်ကြောင်း စသည့်အကြောင်းများကို မသိကြ၍ ကြောက်နေကြခြင်းဖြစ်သည်။ ကောင်းပါပြီ ကြောက်ရွံ့စိတ်ကို ဘယ်သို့နည်းဖြင့်ခြေဖျက်မည်နည်း။

writer2.jpg

စာရေးခြင်းအတွက် လိုအပ်သော အသိပညာ၊ ဗဟုသုတများအား စာအုပ်စာပေများ ဖတ်ရှုပေးခြင်းဖြင့် လည်းကောင်း၊ သိလို တတ်လိုသော အကြောင်းအရာတို့အား ရှာဖွေလေ့လာ၊ မှတ်သားနာယူခြင်းဖြင့်လည်းကောင်း၊ မိမိကိုယ်တိုင်က လက်တွေ့စာပေများ ရေးသားခြင်းဖြင့်လည်းကောင်း ပြုလုပ်ဆောင်ရွက်ကြရပါမည်။ ထိုသို့ ပြုလုပ်ဆောင်ရွက်ကြရာ၌ အကြိမ်ကြိမ် အထပ်ထပ် ဆောင်ရွက်ရမည်။ ရေးရမည်။ ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်ရမည်။ ထိုသို့ဆိုလျင် အဘယ်သူသည် စာရေးခြင်းကို ကြောက်ဦးမည်နည်း။

writer1.jpg

လေထီးခုန်စစ်သားမှ အမြင့်မှခုန်ချရန် ကြောက်စိတ်မရှိသလို လေ့ကျင့်ခြင်းဥပမာအား အတုယူလျက် မိမိတို့ စာရေးသားခြင်းကိုလည်း စနစ်တကျ၊ အထပ်ထပ်အခါခါ လေ့ကျင့်ရေးသားကြလျင်ဖြင့် စာရေးခြင်းဆိုသည်မှာ ကြောက်စရာမဟုတ်ပဲ ပျော်မွေ့စရာအဖြစ် မြင်လာကြပေမည်ဆိုသည်ကို ကျွန်ုပ်ကွီံးရွှေမှ အလင်းဖွင့်ကာ ပေးလိုက်ပါကြောင်း ချစ်သော မြန်မာစတီးမစ် မိတ်ဆွေအပေါင်းတို့ခင်ဗျား။

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

မြန်မာစတီးမစ်ကွန်မြူနတီ အဖွဲ့သားများအားလုံး ထူးချွန်ပြောင်မြောက်သော စာအရေးကောင်းသူများ ဖြစ်ကြပါစေ။ ။

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 10:40 AM (25.3.2018)
Above Article is Using Google Images.

#Myanmar #Story #Writing #Knowledge

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

ကွီးရွှေရေသာအေးကတော့တွေ့ရာကောက်ရေးတယ်ဗျာ

ပလန်လေးချပီး အစီစဉ်ကျကျလေး ကြိုးစားရေးကြည့်ပါ ကိုသာအေးရေ ကောင်းမွန်တဲ့စာလေးတွေ ထွက်လာပါမယ်

ကြိုးစားပီးရေးနေပါတယ် ။

ကောင်းတယ်ညီလေး ကြိုးစားပါ အောင်မြင်ပါစေ။

You got a 31.45% upvote from @dailyupvotes courtesy of @nyinyiwin!

Please upvote this comment to support the service.

You got a 25.00% upvote and resteem from @ebargains courtesy of @nyinyiwin. Thank you for using the @ebargains UPVOTE and RESTEEM bot.

If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @ebargains by clicking on one of the ready to delegate links:
50SP | 100SP | 250SP | 500SP | 1000SP | 5000SP | Custom Amount

You will earn 80% of the voting bot's earnings based on your delegated SP's prorated share of the bot's SP pool at the end of EACH voting round! That is up to 38.5% APR! You can also undelegate at anytime.

စာရေးရမှာမပျင်းဘူး
ညစ်ထုတ်ပီရေးရတာ

များများရေးလာရင် နောက်ပိုင်း ညှစ်စရာမလို ရေးနိုင်လာမယ်ဗျ။

ကျွန်တော်လဲ အရင်အပတ်ကစာရေးတစ်ယောက်ဟောပြောပွဲကနေ အစ်ကိုရေးတဲ့အကြောင်းအရာလိုဘဲ သင်ခန်းစာရခဲ့ပါတယ် မှန်ပါတယ် အမြဲတမ်းလေ့ကျင့်နေရင် တစ်နေ့လိုချင်တဲ့ပန်းတိုင်ရောက်မှာပါ

ဟုတ်ပါတယ်ဗျ ဘယ်စာရေးဆရာမှ မွေးကတဲက စာမရေးတတ်ပါဘူး များများလေ့ကျင့်ခြင်း၊ အာရုံစူးစိုက်ခြင်း၊ ကြိုးစားအားထုတ်ခြင်းများဖြင့် စာရေးကောင်းသူတစ်ယောက်တစ်ချိန်မှာ ဖြစ်လာမှာပါ။

လေ့ကျင့်​ဆဲပါအကို​ရေ စာ​ရေးစာ ဖတ်​ ရမှာ ပျင်းတဲ့ သူတစ်​​ယောက်​ပါ ခု​တော့ အဲ့လို ဖြစ်​​တော့ဘူး စိတ်​​တွေ ပါလာပီ

ဟုတ်ဗျ လေ့ကျင့်နေသူတစ်ယောက်အတွက် အောင်မြင်ခြင်းဟာ အနီးလေးမှာရောက်လာမှာပါဗျာ။ အားပေးပါတယ်ဗျ။

စာ​ရေးရမှာ မ​ကြောက်​ပါဘူး
စာ​ရေးရမှာ ပျင်းလို့ပါကွီး 😁

အယ် အဲလိုတော့ မပျင်းနဲ့လေ ရှေးလူကြီးများ ဆိုရိုးစကားရှိတယ်ကိုလင်းရ

''ပျင်းရင်ဖျင်းတတ်တယ်တဲ့'' မပျင်းပါနဲ့ဗျာ။

လေ့ကျင်ပါမှလည်း တိုးတက်မှုရှိမည်မှာ မှန်ပါတယ်ခဗျား
ကျနော်လည်းကျိုးစားနေပါတယ်ဗျား အားပေးစားကြားရလို့ ဝမ်းသာပါတယ်ဗျား

ဟုတ်ဗျား များများလေ့ကျင့် များများရေးပါဗျ။ အားပေးနေပါမယ်။

မကြောက်ဖဲမှားတာ ကျွှန်တော်တို့ဘဲရှိမယ်ထင်ပါတယ် ။

ကြောက်စရာမလိုဘူး များများ လုပ်နေရေးနေရင် အလိုလို ရေးနိုင်လာမယ်လေ။

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.033
BTC 64198.11
ETH 2759.09
USDT 1.00
SBD 2.66