“ဖိုးပြူး”

in #myanmar6 years ago (edited)

38446285_460845687723422_2499775355452129280_n.jpg

“ဖိုးပြူး”

သူ့နာမည် ဖိုးပြူး။ နေတာက မြို့အစွန်ရပ်ကွက်လေးတစ်ခုမှာ မိဘများနှင့်အတူနေတာပေါ့။ သူ့ဘ၀ သူ့ဇာတ်ကြောင်းကို ကျွန်တော်သိလိုက်ရတာက မမျှော်လင့်ပဲ တိုက်ဆိုင်စွာပဲ သိရှိ လိုက်ရတာပါ။ ကောင်းပါပြီ ကိုဖိုးပြူးရဲ့ ဇာတ်ကြောင်းကို စုံလင်စွာ သိရှိနိုင်ကြရန် ကျွန်တော်ကပဲ ပြန်လည်ဖောက်သည်ချခြင်းဖြင့် အကြောင်းစုံရှင်းလင်းပါမယ်ဗျာ။

မောင်ဖိုးပြူးငယ်စဉ်က ရိုးသားဖြူစင်ပြီး လူတကာကိုလည်း ကူညီရိုင်းပင်းလေတော့ လူချစ်လူခင်ပေါများတာပေါ့ဗျာ။ စာကလည်းတော်သူလေးဆိုတော့ ဆရာ၊ ဆရာမများရဲ့ အချစ်တော်လေးတစ်ယောက်လဲ ဖြစ်နေတာပေါ့။ ဒီလိုနဲ့ မူလတန်း အလယ်တန်းအဆင့် အတန်းကျောင်းတွေမှာ စာတော်သော၊ ထူးချွန်သော လူရည်ချွန်လေး မောင်ဖိုးပြူးပေါ့။ အဲ သူ့ဘ၀ သူ့ဇာတ်လမ်းကို စတင်လမ်းချော်စေတာကတော့ အထက်တန်းအဆင့် ဆယ်တန်းနှစ်ရောက်ချိန်မှာ စတင်ခဲ့ပါတယ်။

ဆယ်တန်းကျောင်းသားလေး မောင်ဖိုးပြူးဟာ စာကိုအရမ်းကြိုးစားရှာပါတယ်။ သူ့မိဘများ ကလည်း စာတော်သော၊ စာကြိုးစားသော မောင်ဖိုးပြူးလေးကို လိုလေသေးမရှိရ လေအောင် ထားပေးတာပေါ့။ တနေ့မှာတော့ အင်္ဂလိပ်စာသင်ကြားနေရင်း ဆရာဖြစ်သူမှ မင်းတို့တွေ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်ရင် ဟောဒီ ဒက်ရှင်နရီကြီးကို အလွတ်ရအောင်ကျက်ကြဟေ့လို့ သူရဲ့ ကျောင်းသား၊ တပည့်တွေကို စာသင်ချိန်မှာ စနောက်လိုက်ပါတယ်။ ဒီလို စနောက် အရွှန်းဖောက်သွားခြင်းကို တကယ်အဟုတ် ထင်မှတ်သွားလေသူကတော့ ကျောင်းသားလေး မောင်ဖိုးပြူးလေးပါ။


Credit Image Source

ထိုနေ့ကစပြီး မောင်ဖိုးပြူးလေးဟာ အင်္ဂလိပ်- မြန်မာဝေါဟာရ ကျမ်းစာအုပ်ကြီးကို လက်မှ မချတော့ပဲ သွားလေရာယူဆောင်သွားကာ အချိန်အားတိုင်း၊ သတိရတိုင်း ဒီစာအုပ်ကြီးကို ဖွင့်ကာ အင်္ဂလိပ်-မြန်မာ ဝေါဟာရများကို ကျက်မှတ်နေတော့တယ်။ အကြောင်းအရာ တစ်ခုကို စူးစူးစိုက်စိုက် လေ့လာတွေးတောတတ်သော မောင်ဖိုးပြူးဟာ နောက်ပိုင်းမှာ တယောက်တည်းသာ နေနေတတ်တော့ပြီး သူသိချင်သော အရာများကို တစိုက်မတ်မတ် လေ့လာနေတတ်တော့သည်။

ကျောင်းမှ သင်ကြားလိုက်သော စာပေများကို အမြန်ပြီးစီးအောင် ကျက်မှတ်လေ့လာ ပြီးသည်နှင့် သူသိလိုသမျှ အကြောင်းတို့အား နီးစပ်ရာ လူကြီးသူမများကို လိုက်လံမေးတော့သည်။ များသောအားဖြင့် မောင်ဖိုးပြူးမေးသော မေးခွန်းများကို လူတော်တော်များများ မဖြေနိုင်ကြချေ။ ဥာဏ်ကောင်းသော မောင်ဖိုးပြူး၏ နှိုက်နှိုက် ချွတ်ချွတ် မေးခွန်းများကို သူ၏ အတန်းကျောင်းဆရာများပင် မဖြေတတ်ဖြစ်ကြရသည်။ သို့နှင့်ပေါ့ဗျာ ဆယ်တန်းစာမေးပွဲများ ဖြေဆိုကြတယ်ပေါ့။ မောင်ဖိုးပြူးတစ်ယောက်လဲ စာမေးပွဲကို ကောင်းကောင်းဖြေနိုင်ခဲ့သည်ပေါ့။

စာမေးပွဲကြီးပီးလို့ ကျောင်းများနားနေချိန်တွင် မောင်ဖိုးပြူးတစ်ယောက် မနားနိုင်ပါ ဒက်ရှင်နရီကြီးကို အလွတ်ကျက်မှတ်ရန် အားထုတ်နေပါသည်။ သူ၏ တစ်နေ့တခြား အလွဲလေးတွေဖြစ်လာသည်ကို မိဘများက ရိပ်မိလာသည်။ တနေ့မှာတော့ “ဘိုးတော်”ဆိုသည်ထံသို့ ခေါ်ဆောင်သွားကာ မောင်ဖိုးပြူး၏ အလွဲအမှားများကို စစ်ဆေးကြသည်ဆိုသတဲ့။ ဒီအချိန်မှာ “ကဲဘိုးတော် ကျုပ်ကို ဆေးကုချင်ရင် ပရိတ်ကြီး ဆယ့်တစ်သုတ်ကို အပြိုင်ရွတ်နိုင်လား၊ တကယ်လို့ မရွတ်နိုင်ရင် ခင်ဗျားကို လူလိမ်မှုနဲ့ ရဲတိုင်မယ်”လို့ ပြောခဲ့သော မောင်ဖိုးပြူးရဲ့ အံ့ဖွယ်တုံ့ပြန်မှုမှာ လူတိုင်းပြောစမှတ် တွင်ခဲ့ရသည်။

မောင်ဖိုးပြူး၏ လုပ်ရပ်များသည် သူ့ဟာနှင့်သူတော့ မှန်နေသည်၊ သို့သော် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ပဲ ရှိနေတော့သည်။ ထို့နောက်တွင်တော့ မိဘများမှာ အစိုးရိမ်လွန်ကာ အမျိုးများထံ အလည်သွားမည်ဟုလိမ်လည်ကာ စိတ္တဇဆေးရုံသို့ ချော့မော့ကာ ခေါ်ဆောင်သွားကြပြီး ပြသကုသကြပြန်သည်။ ထိုအဆင့်ပြီးနောက် တွင်တော့ တော်တော်ဆိုးဆိုးရွားရွား ပြောင်းလဲသွားသော မောင်ဖိုးပြူးကို အောက်ပါအတိုင်း တွေ့မြင်ကြရတော့သည်။


Credit image Source

ရဲစခန်းတွင်ဖြစ်သည်--“စခန်းမှုးကြီးရှိလားဗျာ” “ဟုတ်ကဲ့ ရှိပါတယ်” “ဟုတ်ကဲ့ ကျွန်တော် အမှုတစ်ခုဖွင့်ချင်လို့ပါ” “ဟုတ်ကဲ့ဗျာ ဘယ်လိုအမှုဖွင့်ချင်တာလဲဗျ” “ဟုတ်ကဲ့ အမှုဖွင့်ချင်လို့ ဆရာတို့ရဲ့ အမှုစာရင်း မီနူးလေးပြပါစခန်းမှုးကြီး” ဒီလို အဖြစ်မျိုးတစ်ခု။

ဘုန်းကြီးကျောင်းတွင်ဖြစ်သည်-- “ဘုန်းဘုန်းဘုရား ဒီနေ့ ဘာတရားဟောမှာလဲဘုရာ့” “အိမ်းဒကာလေး နိဗ္ဗာန်ရောက်ကြောင်းတရားများဟောမယ်ကွယ့်” “တင်ပါ့ဘုရား တပည့်တော်က နိဗ္ဗာန်ရောက်ပြီးသူဆိုတော့ နာစရာလိုသေးလားဘုရာ့” ဒီလိုအဖြစ်မျိုး တစ်သွယ်။

ရပ်ကွက်တွင်းက အလှုတစ်ခုတွင်လည်း-- “အလှုသို့ကြွရောက်လာကြသော မိတ်ဆွေ အပေါင်းခင်ဗျား အလှုထမင်းများ သုံးဆောင်ပြီးလျင်ဖြင့် အလှု့ဒကာကြီးမှ လမ်းစရိတ် နှစ်ရာကျပ်စီ ဒါနပြုဝေငှပါမည်ဖြစ်ပါ၍ မဏ္ဍပ်အလည်သို့ ကြွရောက်ကြပါခင်ဗျား” လို့ အလှုဆိုင်းဝိုင်းမှ မိုက်ကိုယူကာ ဟစ်လိုက်သေးသည်။ ဒါကတစ်နည်း။

နောက်ထပ် အကြောင်းအရာများစွာမှာ စုံလင်လှသော မောင်ဖိုးပြူး၏ လူတိုင်းနားမလည် နိုင်သော အပြုအမူများ ဖြစ်နေကြတော့သည်။ ထိုသို့ဖြင့် မောင်ဖိုးပြူးလေးသည် အရူးဖိုးပြူး ဖိုးပြူးအရူးဟု ကလေးလူကြီးမကျန် သတ်မှတ်ခေါ်ဝေါ်နေကြတော့သည်။ ထိုသို့ လူအများပြောသံကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် မောင်ဖိုးပြူးလေးကြားသည့်အခါမှာ သူပြန်ပြောလိုက်သော စကားတစ်ခွန်းမှာ “လောကကြီးမှာ လူတိုင်းရူးနေကြတာပါကွာ၊ တဏှာရူး၊ ဥစ္စာရူး၊ မရတရူး ဒီလိုအရူးတွေကြည့်ပဲ ငါဖိုးပြူးက ပညာရူးကွ မင်းတို့ထက်သာတယ်” ဟူသတည်း။

မောင်ဖိုးပြူး၏ ဘ၀ဇာတ်လမ်းလေးမှာကား ဆက်ရန်များစွာရှိပါသေးသည်----။

steemit MSC photo.png

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 11:00 AM (1.9.2018)

#Myanmar #Literature #Writing #Blog #Life

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Sort:  

মায়ানমার কুত্তার বাচ্চা
ইয়াবা ব্যাবসা করছ

သနားဖို့ကောင်းတယ် ... ဆရာတစ်ယောက်ရဲ့ နှုတ်ထွက်စကားဟာ ဘယ်လောက်တောင် တာဝန်ကြီးတယ်ဆိုတာ မြင်လိုက်ရတယ်...။ အကယ်၍များသာ နည်းမှန် လမ်းမှန်နဲ့ သင်ကြားပြသပေးတဲ့သူရှိခဲ့ရင် လူတော်တစ်ယောက်ဖြစ်လာမှာ...။

ဟုတ်တာပေါ့ဗျာ ကိုဖိုးပြူး ဘဝလေးက ရင်နင့်စရာပါ။နောက်အပိုင်းတွေ ဆက်ဖတ်နော်။

ဖုးပြူပြောသောစကားများသည်တခါတရံမှန်နေသလို

ဟုတ်တယ် မှန်လွန်းအားကြီးနေတော့ အစွန်းရောက်သွားတာ။

ရူးတဲ့လူက စိတ်လွတ်တယ် သူက သာမာန်လူရဲ့ အတွေးအခေါ်ထက် နက်ရှိုင်းပြီး ပြောင်းပြန်တွေးတယ် ကမ္ဘာကျော်ပုဂ္ဂိုလ် တစ်ချို့ကိုလေ့လာကြည့်ရင် အဲ့လိုစိတ်အခြေအနေမျိုးတွေ တွေ့ရတယ်

ဟုတ်တယ် မစုလှိုင်ရေ သူ့ရဲ့ အတွေးအခေါ်တွေက လိုက်မမှီတော့အောင် မြင့်သွားတာလားမသိဗျာ။

အမှန်​ပါ...လူတိုင်းကတစ်​ခုခုမှာ​တော့ရူးသွပ်​ကြတာဘဲ....ဖိုးပြူအ​ကြောင်းဆက်​ဖတ်​ပါ့မယ်​....

ဟုတ်ကဲ့ ကျနော် သိထားသလောက် ဆက်လက် တင်ပြပေးပါမယ်ဗျ။

ကျနော်တို့ကတော့ steem ရူးပါခင်ဂျ

အယ်လယ် ဒါလဲ တစ်မျိုးကောင်းတာပဲ ယဉ်ယဉ်လေး ရူး အဟိ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks You minnow .!

မောင်ပြူးပြောတာ ဟုတ်သလိုလိုပါပဲ ကွီးရွှေရေ။တစ်မျိုးမဟုတ်တစ်မျိုးတော့ ရူးနေကြတာပဲလေ။သူကတစ်ခုသာသွားတာက လူတွေနဲ့ သဟဇာတမဖြစ်တော့ပဲ အစွန်းရောက်သလိုဖြစ်သွားလို့ပါ။နောက်အပိုင်းတွေအတွက်လည်း စိတ်ဝင်စားလှပါတယ်အစ်ကို။စောင့်မျှော်နေပါ့မယ်ခင်ဗျာ။

ဟုတ်တယ် ကိုသန့်ဇင်ရေ ကိုပြူးက ယဉ်ယဉ်လေး ရူးသွားတာ စိတ်မကောင်းစရာပါဗျာ။

မဟုတ်မခံ ကြံဖန်မှန်ကန်နေတတ်သော အရူးလို ထူးတဲ့ ဖိုးပြူးပေါ့ဗျာ

ဟုတ်သပ ကိုဝင်းကိုရေ ထူးလဲထူးတဲ့ ကိုဖိုးပြူးပါ။

တော်တော်စိတ်ဝင်စားစရာ ကောင်းတဲ့ဇာတ်လမ်းလေးပဲ
😃

ဟုတ်ပဗျာ ကိုဖိုးပြူး အကြောင်းလူတိုင်းစိတ်ဝင်စားကြတယ်။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61361.03
ETH 2932.71
USDT 1.00
SBD 3.67