“ကွက်ကြားမိုး”

in #myanmar6 years ago

38446285_460845687723422_2499775355452129280_n.jpg

“ကွက်ကြားမိုး”

ဝေါကနဲ---မိုးပြေးလေး တစ်ပြိုက်ရွာသွားသည် ပတ်ဝန်းကျင်တွင် မိုးရေဓါတ်ဖြင့် အနည်းငယ် အေးသွားသယောင် ထင်မှတ်မိသည်။ ဟုတ်သည် ယမန်နေ့များက ပူလိုက်သည့်နေ ခြစ်ခြစ်တောက်အောင်ကို ပူသည်။ လူအများမှာ မိုးကိုမျှော်လင့်ကြသည်။ ယနေ့တော့ မြို့သစ်သူ၊ မြို့သစ်သားများ ဆုတောင်းပြည့်သွားပါပြီ။ မိုးပြေးလေးသည် ပြိုက်ကနဲရွာ၍ တိကနဲရပ်သွားသည် နောက်ဆက်တွဲ မိုးအဆက်လေးများရှိအုန်းမလား ကလေးလူကြီးမကျန် လမ်းမပေါ်ထက် တက်ကာ မိုးကိုမော့ကြည့်နေကြတော့သည်။

မြန်မာပြည်အလယ်ပိုင်း မိုးနည်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာပြည်မြေပုံကို လေးစိတ်ချိုးကာ မျဉ်းဆွဲကြည့်ပါက ကျွန်တော်များနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးသည် အလယ်ဗဟိုကို တိတိကျနေသည်ဟုပင် ထင်မိပါ၏။ ဟိုးယခင် အနှစ်သုံးဆယ်လောက်က ဤဒေသသည် မိုးကနဲ၊ နေကပူ၊ လမ်းပမ်းဆက်သွယ်မှုက ခက်ခဲ စီးပွားရေးဇုန်အားဖြင့် အချက်အချာနေရာကျသော်လည်း ဖွံ့ဖြိုးမှုအားနဲသော ဤအလယ်ပိုင်းတိုင်း ဒေသကြီး များသည် ယခုခေတ်အခါမှာတော့ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာကြသည်။ မည်သို့ပင် ခေတ်အလိုက်တိုးတက်လာပါစေ မိုးနဲခြင်း၊ နေပူခြင်း၊ ရေရှားခြင်းဆိုသည့် ဂုဏ်ပုဒ်များ ကတော့ ပြောင်းမသွားသေးချေ။ ထို့ကြောင့်ပင် ကျွန်တော်တို့ မြို့သစ်ရပ်ကွက်သူ ရပ်ကွက်သားများ မိုးရွာလျှင်ပျော်ကြသည်။ မိုးကိုမျှော်ကြသည်။ ယခုလည်း ကြည့်စမ်းပါဦး မိုးပြေးလေးတစ်ပြိုက် ရွာသွားသည်ကို အားမလိုအားမရကြ လမ်းမထက်တက်ကာ နောက်ဆက်တွဲမိုးများ ထပ်ရွာဦးလေမည်လား ထွက်ကာမျှော်နေကြလေသည်။


Credit Image Source

ကလေးတစ်အုပ်က ဘောလုံးတစ်လုံးနှင့် စုကာဝေးကာ ဆော့ကစားကြရန် လမ်းမအလယ် နေရာယူပီးကြပြီ။ လူလတ်ပိုင်း လူငယ်များက အပေါ်ပိုင်းဗလာကျင်းနှင့် မိုးရေချိုးရန် တာစူနေကြသည်။ ဘိုးဘိုး၊ ဘွားဘွား၊ ဦးဦး၊ ဒေါ်ဒေါ် တို့ကတော့ အိုးလေးတွေ၊ ခွက်လေးတွေ၊ သံပုံးလေးတွေကို ရေတံလျောက်အောက်၊ တံစက်မြိတ်အောက် အသီးသီး-အသက မိုးရေစုရန် ပြင်ဆင်နေကြသည်။ ဇကောဇကအရွယ် ကာလသားကြီးများ တစ်စုကတော့ တီးတိုးတီးတိုးနှင့် ပုဆိုးခေါင်းမြှီးခြုံကာ ချက်အရက်ဖိုသို့ ပြေးကြပြီ။ သူတို့နှင့်အတူ ရပ်ကွက်လမ်းတွေပေါ်က ခွေးတစ်အုပ်မှာကား ပျော်မြူးလျက် ပြေးကာလွှားကာ ဆော့နေကြလေသည်။

“ဟာကွာ ဒီမိုးကလည်း ရွာမယ်ဆိုဖြင့် အားရပါးရ ရွာလိုက်စမ်းပါတော့ကွာ မစို့မနှံ့နဲ့ အခံရခက်လိုက်တာ” လူကြီးတစ်ယောက်၏ ညည်းညူသံက ဆော့ကစားရန် တာစူနေသော ကလေးတစ်သိုက်ကို အားလျော့သွားစေသည့်အလား။ “ဟာ မိုးကရွာတော့ဘူးလားကွာ ဘောလုံးလေး လေပြေးထိုးထားတာ အလကားဖြစ်ပါပီကွာ” အဖာရာဗရပွနှင့် ဟောင်းနွမ်း နေသော ဘောလုံလေးကိုပိုက်လျက် ကလေးများမှာ အားလိုအားမရ မိုးကိုမော့ကြည့် နေကြသည်။

“ဟယ် ဒီမိုးကလည်း တခြိမ်းခြိမ်းနဲ့ အဟုတ်မှတ်နေတာ မိုးရေလေးခံထား မလို့ဟာကို ဘာလုပ်ရမယ်ကိုမသိတော့ဘူး” မိုးရေကိုခံစုရန် တာစူနေသော အိမ်ရှင်မများထံမှ တပြစ်တောက်တောက်နှင့် မိုးကိုမော့ကြည့်ကာ မျက်စောင်းထိုးကြသည်။ ပုဆိုးခေါင်းမြီးခြုံ နှင့် ကာလသားတစ်သိုက်မှာလည်း“ဟာ ဒီမိုးက လုပ်ပြန်ပီ မိုးအေးအေးနဲ့ စည်းစိမ်လေး ယူမယ်အားခဲထားတာနော် ရွာပါဟ ရွာချလိုက်ပါဟ” မိုးကိုမော့ကြည့်ကာ ကြိတ်မနိုင်ခဲမရ တောက်တခေါက်ခေါက်နှင့် ဖြစ်နေကြသည်။

မြေသင်းနံလေး တသင်းသင်းနှင့် ဆော့မြူးနေကြသော ခွေးတစ်အုပ်မှာလည်း ပြေးလွှား ဆော့ကစားနေခြင်း အရှိန်တန့်သွားကြသည်။ သူတို့လေးတွေလဲ မိုးကို မျှော်ကြသည် ပျော်ကြသည်ထင့်။ အပေါ်ပိုင်းဗလာကျင်းနှင့် လူငယ်တစ်ဖွဲ့မှာကား “ဟာ ဒီမိုးလုပ်ပုံနဲ့ ငါတို့အသားတွေပိုမဲရချည်ရဲ့ အင်္ကျံပြန်ဝတ်ရမှာလား ထပ်စောင့်ရအုန်းမှာလား ကိုရွှေမိုးရဲ့ လူပါမျောပါအောင်ရွာစမ်းပါဟ မိုးရေချိုးချင်ပါတယ်ဆိုမှကွာ” မိုးကို တောင့်တောင့်တတ အားမလို အားမရ ဖြစ်နေကြလေသည်။


Credit Image Source

“ဒိန်း ဒလိန်း ဂျိမ်း” “ဟေးဟေး--ဟေး” ဟော မိုးခြိမ်းသံနှင့်အတူ မိုးသက်လေကလေး အေးခနဲတိုက်ခတ်လာသည်။ လမ်းမပေါ်က ကလေးတစ်သိုက်၏ ပျော်ရွှင်စွာ ဟစ်အော် လိုက်သံသည် ရပ်ကွက်တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။ ရည်ရွယ်ချက်ကိုယ်စီဖြင့် အသီးသီး ရှိနေကြလင့်သော ကျွန်တော်များမြို့သစ်သူမြို့သစ်သားတို့၏ မိုးဆုတောင်း သည် ပြည့်လာလေဦးမည်လား။

ကိုရွှေမိုးရယ် ဒီတစ်ခါတော့ ကျွန်တော်တို့ မြို့သစ်ရပ်ကွက်လေးကို ကွက်ကြားမိုးလေးပဲဖြစ်ဖြစ် ရွာပေးလိုက်ပါလို့----။

steemit MSC photo.png

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 09:20 PM (4.9.2018)

#Myanmar #Literature #Writing #Blog #Life

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Sort:  

ဗမမှာ ကွက်ကးမိုးရွာတာ ရီရတယ် မြို့ထဲဘက်က လာတဲ့သူတွေက မိုးကာတွေနဲ့ မိုးတွေ ရွှဲနေရော ကျမတို့ဘက်က မိုးတစက်တောင် မရွာတဲ့ အပြင် နေပူလို့ ဟိုဘက်က မိုးရွှဲလာတဲ့သူတွေကို ဝိုင်းရီရတယ်

ဟုတ်တဟ်ဗျို့ အဲလိုအဖြစ်မျိုး ခဏခဏကြုံဖူးတယ် ။

ခုကွက်ကျားမိုး ဟုပု တပြည်လုံးပဲ ဆြာညီ😁🌧🌧

ဟုပဗျာ ရွာလိုက်တဲ့မိုး အားရပါးရပဲ။

ခု​တော့ မိုး​တွေ ရွာ​နေပီ​လေ ☺☺😊😊

မိုးရွာရင် ပျော်တဲ့သူတွေ မိုးမျော်နေပါတယ်ဗျာ။

ရွာစေချင်ရင် မရွာနိုင်ဘူး မရွာစေချင်ရင် သွန်းဖြိုးမစဲတော့တယ် ☺☺☺

မှန်ပါ့ကိုစိုးရေ အဲဒီမိုးက ရွာစေချင်ရင် ကွေ့ပါတ်ကွင်းရှောင်သွားတာ တော်တော်ဆိုးတယ်။

ကွီးရွှေ ကွက်ကျားမိုးက အညာရနံ့သင်းသင်းလေး ရတယ်ဗိာ

အညာမြင်ကွင်းလေးတွေ ရောစပ်ထည့်ထားတော့ အညာနံ့လေးရတာပေါ့ဗျာ။

ကျွန်တော်တို့မြို့မှာကွက်ကြားမိုးအမြဲရွာတယ်
ဒိုင်နယ်ချင်းမတူတာနဲ့မိုးရွာတာကွဲတယ်

ဟုတ်တယ်ဗျာ ကွက်ကြားမိုးတဲ့ နာမည်နဲ့လိုက်တယ် ။

သည်းလိုက်တာ မိုးကြိုးမလာဘူး ဒီတခါမိုးက ဟိ!

မိုးကြ်ုးတော့ ကြောက်တယ်ဟ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Very Thanks.

မနေ့က မိုးရွာလို့ ပျော်တဲ့အထဲမှာ အီဖေစကိုတို့လည်း ပါတယ် 😄😄

ဟုတ်တယ် ကလေးတွေများပျော်လိုက်ကြတာ လမ်းပေါ်မှာဘောလုံးကန်ကြတာကြည့်ပီး ကိုယ်ပါရောပျော်မိတယ်။

ကိုယ့်​ဆီကိုရွာမလိုလိုနဲ့
သူ့ဆီကိုရွာလို့သွားတယ်
မိုးက ကွက်​ကြား......
ဆိုတဲ့ကဗျာ​လေးသတိယမိတယ်​...

အဲဗျာ ဦးယုပြောသလိုပဲ ကွက်ကြားဖြစ်သွားရင် ဟိုလိုလို ဒီလိုလို လွမ်းရမလိုကြီးပေါ့ ကိုရွှေမိုးရယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62104.41
ETH 2404.22
USDT 1.00
SBD 2.49