“ ကိုယ်ယောင်ဖျောက်၍ ရောက်လာသော ဧည့်သည်အကြောင်း”

in #myanmar6 years ago

IMG_20171211_182328.jpg

“ ကိုယ်ယောင်ဖျောက်၍ ရောက်လာသော ဧည့်သည်အကြောင်း”

တစ်ခါတစ်ရံ၌ လောကကြီးသည် အလွန်ပင် စိတ်ပျက်ဖွယ်ကြီးပင်ဖြစ်၏။ ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာလုပ်လုပ် အမှားမှား အယွင်းယွင်းများ ဆက်တိုက်ဆိုသလိုဖြစ်ရ၏။ လုပ်လေသမျှ အခက်အခဲများနှင့်တွေ့ကြုံရ၏။ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးများ၊ ကျန်းမာရေး အားလုံးသည်လည်း တစ်နွယ်ငင်၍ တစ်စင်ပါနေကြလေသလားမသိ အထစ်ထစ် အငေါ့ငေါ့များ ဖြစ်ရပြန်၏။

ကျွန်တော် အထက်ပါအတိုင်း ညည်းငြူနေခြင်းကား လောကကို အရှုံးပေးလိုခြင်း၊ လူပျော့ လူညံ့တစ်ယောက်ဖြစ်နေ၍ အားမရှိသော အရှုံးပေးစကားများ ဆိုနေခြင်း မဟုတ်ချေ။ လောကကြီးသည် အမှန်တစ်ကယ်ပင် ချိန်ခွင်လျှာ တစ်ဘက်စောင်းနေပီလားဟုပင် တွေးထင်မိသည့်စိတ်တို့ပင် ၀င်လာခဲ့လေသည်။ ထိုသို့ဆိုနေသဖြင့် ကျွန်တော် တစ်ယောက် ပညာမရှိစကားဆိုပြန်လေသလား ထင်ကြအုန်းမည်။

ဟုတ်ကဲ့ ပြောလိုက အပြောခံရယုံသာ၊ ဆိုလိုက ဆိုသွားကြပါဗျာ။ ကျွန်တော် ကွီးရွှေ စိတ်အပျက်ကြီးပျက်ရသည့် စိတ်အချဉ်ပေါက်သည့် အချိန်တို့ကား လက်တွေ့တွင် ဆိုက်ဆိုက် မြိုက်မြိုက်ကြီးပင် တည့်တည့်တိုးမိ နေချေသည်။ အကြောင်းဆိုကာ ရှင်းလင်းရလျင်ဖြင့်-

img.jpeg
Credit Image Source

ယမန်နေ့များက ရာသီဥတု ပူပြင်းလွန်းသဖြင့် အိမ်တွင်းအောင်းကာ ကြိုးစားအားခဲ၍ စာရေးဖြစ်လေသည်။ သို့နှင့် ကျွန်တော် အလွန်နှစ်သက်သော ၀တ္ထုတိုလေးတစ်ပုဒ်အား လက်စသတ်နိုင်လေ၏။ အားရ၀မ်းသာ စတီးမစ် ပလက်ဖောင်းသို့ အပိုက်များခွဲ၊ အခန်းများခွဲကာ တင်ဆက်ခဲ့သည်။ အားပေးကြပါသည်၊ ၀မ်းသာရပါသည်။ သို့သော် အချိန်နှင့်ဒီရေသည် ဇာတ်လမ်းရှည်ကိုမကြိုက်ဆိုသည့် စတင်းမစ်ပလက်ဖောင်း၏ ထုံးစံအတိုင်း အပိုင်း ၅ ပိုင်းကျော်ာလေလျှင် လာရောက်ဖတ်ရှုသူမရှိတော့ချေ။ ၀မ်းနည်းရပါ၏။

အော် ကျွန်တော်တစ်ယောက်မဟုတ် အများနည်းတူ ထိုအတိုင်းသာဖြစ်ကြ၏။ အပိုင်းဆက် ရှည်သည် မပြောနှင့်ဦး ဆောင်းပါးရှည်ရှည် စာရှည်ရှည်ဆိုလျင်ပင် လက်ရှောင်ကြ လေသည်။ အံ့ဖွယ် စာဖတ်အား ကောင်းသူများပေတည်း။ ကျွန်တော်မှဤသို့ ဆိုလေ၍ စာဖတ်သူတို့အား စော်ကားနေခြင်း၊ ခနဲ့နေခြင်းမဟုတ် အရှိကိုအရှိတိုင်းသာ ပြောလိုက်ခြင်းဖြစ်ပါ၏။ သည်းခံကြစေသော်။

ကျွန်တော်၏ စိတ်ဓါတ်တို့သည် ထိုမျှနှင့် ရှုတ်မသွား၊ ကျဆင်းမသွားသေးချေ။ နောက်တစ်ခုပြောလိုသည်ကား အေးရာအေးကြောင်း 8ဘောကစားနေမည်ဆိုပီး တနေကုန် 8ဘောနှင့် နပမ်းလုံးလေတော့သည်။ အစတော့ ဟုတ်တုတ်တုတ် တက်လာသမျှ တောက်ချ ဆိုသလို ပြိုင်ဘက်မရှိချန်ပီယံအဖြစ်ပင် ကိုယ့်ကိုကိုယ် မြင်ယောင်မိချေ၏။ မိမိကိုယ်ကို အထင်အကြီးကြီး ကြီးမိနေခြင်းဖြစ်သည်။ တက်တုန်းက တအိအိ တက်ရ၏။ အဆင်းတွင်တော့ ဒလိမ့်ခေါက်ကွေး ဆိုသည့်စကားအတိုင်း ရှုံးသည့်လမ်းစလေးကား ပေါ်လာသည်။ အင်တာနက်မဟာသည် မပြောမဆို ဗြုန်းကနဲ ခုန်ချကာ မဟာအ၀ီစိသို့တိုင် ကျဆင်းသွားလေသဖြင့် ထိုးလက်စ ကစားလက်စပွဲလေးသည် နောက်ဆုံးဘောလုံးကို ထိုးချကာနီးမှ လိုင်းပြတ်တောက်ကာ အရှုံးဖြစ်ရချေ၏။ စိတ်တိုခြင်းသည် ဟုန်းကနဲ ဖြစ်ရလေတော့သည်။

img.jpeg

စိတ်ကသိကအောက်ဖြစ်ခြင်းသည် ထိုမျှနှင့် ရပ်မသွား၊ စိတ်မကြေပွဲ နောက်တပွဲ ထပ်ဝင်ကာ ဆော့သည်။ လိုင်းကျသည် ရှုံးသည်။ ဟာ သေတော့မှာပဲ နောက်တစ်ပွဲလည်း ထိုနည်းလည်းကောင်း။ စိတ်တိုလေ လိုင်းကျလေများ ဖြစ်နေရော့သလား။ ဟိုးအ၀ီစိရောက်နေသော အင်တာနက်ကို ဆွဲမတင်နိုင်လေသဖြင့် ထိုမျှနှင့်သာ စိတ်မာန်ကိုလျော့ကာ ဖုန်းပိတ်လိုက်ရတော့သည်။ ထိုမဖိတ်ပဲရောက်လာသော ဒုက္ခဧည့်သည်သည် ကိုယ်ယောင်ဖျောက်ထားလေသည်ကို သိရှိလိုက်ရသောအခါ--

နောက်တစ်ပိုင်းဆက်ရေးအုန်းမယ်ဗျာ-

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 01:30 AM (23.5.2018)

#Myanmar #Literature #Writing #Funny #Satire

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

You got a 9.44% upvote from @mitsuko courtesy of @nyinyiwin! .

Join our team and delegate your SP to earn passive income.
Get part of 90% @mitsuko profit based on your delegated SP
Delegate 10 SP
Delegate 100 SP
Delegate 200 SP
Delegate 300 SP
Delegate 500 SP
Delegate 1000 SP

or custom delegation SP

ဦးညီရေးတဲ့ ဇါတ်လမ်းတွေဆို အမြဲအားပေးနေတာပါဗျ

ကိုသီဟကိုကို အမြဲအားပေးနေတာ လေးစားဂုဏ်ယူပါတယ်ဗျာ။ ကျေးဇူးလဲတင်မိပါတယ်။

အဲဒီဧည့်သည်တော့မလာဖူးဘူး မထိုးတတ်လို့ပဲရှုံးမြဲပါ

ကိုစိုး ကြည့်ရတာ ဘိလိယက် အထိုးတော်မယ်ထင်နေတာ ဒီဘက်မကျွမ်းရင်တော့ နောက်တလိုင်းမှာ ကျွမ်းနေပုံရတယ် အဟိ ။

လက်တောက်ခုံ ဘိလိယက် ဘယ်လောက်ကျင့်ကျင့် ကျချင်ကျတယ် မကျချင်မကျဘူး

စိတ်ညစ်တဲ့ထဲမှာ အဲ့တာထိပ်ဆုံးကပါတယ်😆😆

ဟုတ်တယ်ဗျာ တော်တော် ဆိုးတယ်။ အင်တာနက်လိုင်းလေး နဲနဲ လှုပ်လိုက်တာနဲ့ game ကနေထွက်ထွက်သွားပီး အရှုံးပေးနေရတယ် စိတ်တိုစရာဗျာ။

ဟုတ်တယ်ဗျ အဲ့လို လိုင်းပြတ်သွားရင် တော်တော် စိတ်ပျက်စရာကောင်းတယ်

ထိုးလို့ ကစားလို့ ကောင်းနေချိန် လိုင်းပြတ်သွားရင် ရင်နာရတယ်ဗျာ။ မြန်မာပြည်က အင်တာနက် စံပြပါပဲ။

အဲဧည့်သည်ထက် မိုးနဲ့ကီးကိုက်ထားတဲ့EPCဧည့်သည်က ပိုဆိုးတယိဗျို့
မိုးပင်မရွာသေး လေလေးတိုက်ရသေး
ပျက်တော့တာဘဲ😂😂

EPC မက မိုးမင်းသား နဲ့ လေမင်းသားတို့ရဲ့ အငယ်အနှောင်းဆိုလေတော့ သူတို့အသံကြားတာနဲ့ မယ်မင်းကြီးမက အမှောင်ချ စောင့်တော့တာပဲ ။

လောကကြီးမှာ ဆိုးရွားတဲ့ တိုက်ဆိုင်မှုတွေများပေမဲ့
အဆင်ပြေတဲ့တိုက်ဆိုင်မှုရှားပါတယ်။
အဆိုးတွေက အားသာနေတယ်ဆိုတဲ့အဓိပ္ပါယ်ပါအကို
ကြီးရေ

ဟုတ်တယ်ဗျာ တရားသဘောများ သိသင့်သလောက်သိသော်လည်း ကိုယ်တိုင်ကြုံလာရင် ဗျာများအောင် ခံစားရတယ် ရင့်ကျက်မှုလိုသေးတဟ်ဆိုတာ သိလိုက်ပါပီလေ။

စိတ်‌မပျက်‌ပါနဲ့ ဆရာရယ်‌။ကိုယ်‌‌ရေးစရာရှိတာ‌ ဆက်‌‌ရေးပါ။အချိန်‌တန်‌ စာဖတ်‌ပရိတ်‌သတ်‌က လာမှာပါ ။စာ‌ကောင်း‌ပေ‌ကောင်းဆိုလို ဆရာတို့ဘဲရှိတာ။တစ်‌ခု‌တော့ ရှိတာ‌ပေါ့ ဝတ္ထုလိုင်းမကြိုက်‌တဲ့သူ များလို့ ဖြစ်‌မှာပါ။အား‌ပေး‌နေပါ့မယ်‌ဆရာ။

ဟုတ်ကဲ့ ကိုမဟော်ရေ နောင်ကျရင် အများကြိုက်တဲ့ တပုဒ်ကောင်းလေးတွေပဲ တင်ပေးတော့မယ်။ ကျနော် လမ်းစဉ်အတိုင်း ပုံမှန်လေး ဆက်လိမ့်မယ်ဗျာ ။

ဘေကျ ဖြတ်ပြီး လိုင်းမကောင်းတဲ့နေ့ …
vote & ment ပေးလို့ အဆင်မပြေဘူး
အဲ့အချိန်ကျ တော်တော် စိတ်လေမိပါတယ်ဗျာ

ဟုတ်ပဗျာ လိုင်းကတော့ မကောင်း ငွေကျဖြတ်တယ် ။

Packet ဝယ်သုံးရင်လဲ connection ကထုံးစံအတိုင်းကျတုန်း

အော်ရီဒူး ပက်ကေ့ လေး မဆိုးပါဘူး

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62276.80
ETH 3005.63
USDT 1.00
SBD 3.62