ကိုယ်ချင်းစာကြရာဝယ်

in #myanmar6 years ago

IMG_20171211_182328.jpg

ကိုယ်ချင်းစာကြရာဝယ်

နေသာသောနေ့လေးတစ်ခု၏ နံနက်ခင်းလေးတွင် မြို့ငယ်လေးတစ်ခုမှ စတိုးဆိုင်ငယ်လေး၏ ဈေးဆိုင်ဝင်ပေါက်တွင် ဆိုင်းဘုတ်လေးတစ်ခု ချိတ်လာပါသည်။ " ခွေးပေါက်ငယ်လေးများ ရောင်းရန်ရှိသည် "။ စတိုးဆိုင်ပိုင်ရှင်မှာ မိမိ၏ ဆိုင်းဘုတ်လေးကိုကြည့်ကာ တစ်ချက်ပြုံးလိုက်သည် ဤသို့သော ကြော်ငြာလေးများသည် တိရိစ္ဆာန်ချစ်သည့် ကလေးများဆွဲဆောင်ကာ လာရောက်ဝယ်ယူအားပေးကြမည်ကို မြင်ယောင်နေခြင်းကြောင့်ပါပေ။

6016.jpg
Credit Image Source

မကြာခင်အချိန်တွင်းမှာပင် ကလေးငယ်များသည် ကြော်ငြာဆိုင်းဘုတ်လေးကို ကြည့်ကာ လာရောက်မေးမြန်းကြလေသည်။ " ခွေးလေးတွေကို ဘယ်လိုရောင်းမှာလဲဗျ။ ခွေးလေးတွေက ဘယ်အရွယ်ရောက်ပီလဲ၊ ဘာအရောင်လေးတွေလဲ၊ ကိုက်တတ်သလား" စသည်ဖြင့် တစ်ယောက်တစ်ပေါက် မေးကြလေသည်။ စတိုးဆိုင်ရှင်ကလည်း ကလေးများကို စိတ်ရှည်လက်ရှည် ရှင်းပြလေ၏။ " ခွေးလေးတွေက အညိုရောင်ပျော့ပျော့လေးတွေကွယ့် ၊ အဖြူရောင် အကြားလေးတွေလဲပါတယ်၊ သူတို့ အမေကြီးနဲ့ နို့ပြတ်ကာစပေါ့ကွယ် အရွယ်ငယ်သေးတော့ နဲနဲတော့ စွာတာပေါ့ မကိုက်တတ်ကြသေးပါဘူးကွယ်၊ အခုနေ မွေးထားရင် သူတို့လေးတွေ လိမ်မာအောင် လေ့ကျင့်ပေးလို့ရတာပေါ့ " စသည်ဖြင့် ရှင်းပြပေးနေသည်။

တစ်ကောင်ကို ဘဟ်လောက်ဈေးနဲ့ရောင်းမှာလဲဗျ၊ ဆိုသည့်မေးခွန်းသည် စတိုးဆိုင်ပိုင်ရှင် အကြားချင်ဆုံးမေးခွန်းဖြစ်လေ၏။ " ခွေးလေးတွေ တစ်ကောင် ကို ဒေါ်လာ ၃၀ /၄၀ /၅၀ အစားစားဈေးနှုန်းနဲ့ ရောင်းပေးမှာပါ။ သူတို့လေးတွေက အရမ်းလိမ်မာတယ်နော်၊ ကြိုက်ရာရွေးဝယ်ကြပါ။ " ချိုသာသော အပြောနှင့် ဈေးခေါ်ရောင်းချတတ်မှုဖြင့် ခွေးငယ်လေး နှစ်ကောင် ရောင်းလိုက်ရသည်။

Golden-Retriever-Puppies-in-basket.jpg
Credit Image Source

စတိုးဆိုင်ပိုင်ရှင်သည် ဝယ်ယူသွားသော ခွေးငယ်လေးများကို ပွေ့ပိုက်ကာထွက်ခွာသွားကြသော ကလေးများအား ကြည့်လျက် အပျော်များကူးစက်လာသည်ထင့် ရွှင်လန်းသောမျက်နှာဖြင့် ရှိနေတော့သည်။

ထိုအခိုက် ဆိုင်တံခါးဝသို့ လူငယ်လေးတစ်ဦးဝင်လာကာ " ခွေးလေးတွေရောင်းတယ်ဆိုဦး သားဝယ်ချင်လို့" ဟု မေးကာဆိုင်တွင်းဝင်လာလေသည်။ ဆိုင်ရှင်ကလည်း အေးလာလေ ဦးပြပေးမယ်ဟုဆိုကာ ခွေးငယ်လေးများအား လက်ဖျောက်တီး၍ ခေါ်လိုက်လေသည်။

ဆိုင်ရှင်၏ လက်ဖျောက်တီးခေါ်သံကြောင့် ခွေးငယ်လေးများသည် အမြီးတန့်နန့်နန့်ဖြင့် ပြေးထွက်လာကြသည်။ တစ်ကောင်သော ခွေးငယ်လေးမှာ အနည်းငယ်နောက်ကျကာ လူငယ်လေးရှေ့နားသို့ ရောက်လာကြလေသည်။ ခွေးငယ်လေးများကိုကြည့်လျက် လူငယ်လေးမှာ ချစ်ခင်သနားလာသည်ခံစားရကာ " တစ်ကောင်ဝယ်မယ်ဦး ဘယ်လောက်နဲ့ရောင်းမှာလဲဗျ " ဟုမေးလေသည်။ ဆိုင်ရှင်မလည်းမဆိုင်းမတွပင် လူလေးဝယ်မယ်ဆို တစ်ကောင် ဒေါ်လာ 30 နဲ့ ရောင်းပေးမယ်ဟု ရယ်ပြုံးကာဖြေလိုက်သည်။

why-we-love-puppies.jpg
Credit Image Source

လူငယ်လေးမှ " ကျနော့မှာ ငွေအလုံအလောက်မပါဘူးဦး ဒါပေမယ့် ကျနော် တစ်ကောင်ဝယ်မယ် ကျနော်ပြန်လာပီး လိုတဲ့ငွေပေးပါမယ်။ ခွေးလေးတွေကြည့်ပီး ကျနော်ယူမယ့် အကောင်လေးကို မှတ်ထားချင်တယ်ဦး " ။ " အေးအေး မှတ်ထားကွယ် ဦးချန်ထားမယ်" လူငယ်လည်း ခွေးလေးများကို တစ်ကောင်ချင်းကိုင်ကာ ၊ ထွေးပွေ့ကာ သူ့အကြိုက်အားရွေးနေလေသည်။ နောက်ဆုံး ခွေးငယ်လေးကို ကောက်ကိုင်ကာ ထွေးပွေ့စဉ် လူငယ်လေးမှ မေးလာလေသည်။ " ဒီကောင်လေးက ဘာလို့ လမ်းလျောက်တာနှေးနေလဲဦး နေမကောင်းလို့လား " ဟုမေးလေရာဆိုင်ရှင်မှ " ဒီကောင်လေးကို ဦးကမရောင်းပါဘူးကွယ် သူက မွေးကာစကတည်းက ခြေထောက်လေးတစ်ဖက်က မသန်ရှာဘူးကွယ့် လူလေးဝယ်မယ်ဆို တစ်ခြားကောင်လေးတွေ ရွေးပါကွယ်"
ထိုအခါ လူငယ်လေးမှာ တစ်ချက်ငိုင်တွေသွားကာ " ကျနော် ဒီကောင်လေးကိုပဲ ဝယ်မယ်ဦးရေ ရောင်းပေးပါနော်" ဟု လူငယ်လေးပြောလာသည့်စကားကြောင့် ဆိုင်ရှင်မှာ အံ့သြခြင်းဖြစ်ရလေသည်။ " ဒီကောင်လေးကို မရောင်းပါဘူးကွယ် သူက ဒုက္ခိတလေးပါ လူလေးဝယ်သွားရင် ဒီကောင်လေးက လူလေးနဲ့ ပြေးလွှားဆော့ကစားနိုင်မှာမဟုတ်ဘူးလေ လူလေးအတွက် အကျိုးမရှိပါဘူးကွယ့် လူလေးသာယူမယ်ဆို ဦးက အလကားပေးလိုက်ပါမယ်"ဟု ပြောလေရာ ထိုအခါ လူငယ်လေးက " မဟုတ်ဘူးဦး ကျနော် ဒီကောင်လေးပဲ ဝယ်မယ် တခြားခွေးလေးတွေလို သူလဲ တန်ဘိုးရှိပါတယ်၊ ကျနော် သူ့တန်ဘိုးအတိုင်းပေးဝယ်ပါ့မယ် အလကားမယူပါဘူးဗျ ၊ ကျနော့ပါတဲ့ငွေကို လောလောဆယ် ယူထားပါ ကျန်တဲ့ငွေကိုလဲ ကျနော် ဆက်ဆက်လာပေးပါမယ်ဗျ ။

unnamed.jpg
Credit Image Source

လူငယ်လေး၏ တစွတ်ထိုး ပြောလာမှုအပေါ် ဆိုင်ရှင်မှာ ပို၍ အံ့သြရလေသည်။ " ကဲ လူလေးက ဘာလို့ ဒီ မသန်မစွမ်းခွေးလေးကိုမှ ဝယ်ချင်ရတာလဲကွယ် ဦးကိုပြောပါအုန်း " ဤတွင် လူငယ်လေးမှ သူ၏ ဘောင်းဘီစတစ်ဖက်အား မကာ ဆိုင်ရှင်ကို မဝံ့မရဲဖြင့် ပြလိုက်လေသည်။ " ကျနော်လဲ သူလို မြန်မြန်မပြေးနိုင်ပါဘူးဦးရယ်" " အို" ဆိုင်ရှင်၏နှုတ်မှ ထွက်ကျလာသံသည် နှလုံးအိမ်အားဆုပ်ကိုင်ဖြစ်ညှစ်ခံလိုက်ရသည့်အလား တုန်ရီ လှိုက်လှဲခြင်းအပြည့်နှင့်ဖြစ်ပေသည်။

" ကျနော်လဲ ငယ်စဉ်ကတည်းက မွေးရာပါ ခြေတစ်ဖက် မသန်စွမ်းသူပါ ဦးရေ ကျနော့လိုဘဝတူ ဒီခွေးလေးဟာလဲ အခြားခွေးလေးတွေလို အပွေ့ပိုက်ခံ၊ အချစ်ခံချင်ရှာမှာပဲ။ ကျနော်လို ဘဝတူ လူတစ်ယောက်ကသာ သူ့ကို ကိုယ်ခြင်းစာ နားလည်ပေးပီး ချစ်ခင်ယုယပေးနိုင်မှာလေ ဦးရဲ့ "။

ကောင်လေး၏ စကားအဆုံးဝယ် ဆိုင်ရှင်ဦးလေးကြီးမှာ ဝေသီသော မျက်လုံးအကြည့်တို့နှင့် မသန်စွမ်းသောခွေးငယ်လေးအားပွေ့ဖက်ထားသည့် လူငယ်လေးကို သူ၏ ရင်ခွင်တွင်းသို့ ဆွဲယူထွေးဖက်ထားလိုက်လေတော့သည်။ ။

[Ref : Dan Clark ၏ Puppies For Sale]

စာကြွင်း ။ ။ ဤဇာတ်လမ်းလေးသည် ကျနော် ငယ်စဉ်က အလွန်ကြိုက်နှစ်သက်ခဲ့သော နိုင်ငံခြားစာပေတစ်ပုဒ်ဖြစ်ပါသည်။ စာရေးသူနှင့် ဇာတ်လမ်းခေါင်းစဉ်ကိုသာမှတ်မိတော့သည်၊ ဇာတ်လမ်းအသေးစိတ် ဘာသာပြန်အား မမှတ်မိတော့ပါ။ ယခု ဇာတ်လမ်းကိုတော့ ကျနော်၏ ကိုယ်ပိုင်အတွေး ခံစားမှုဖြင့် ပြန်လည် ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မူရင်း စာရေးသူ၏ အနုပညာဖန်တီးမှု ကွဲလွဲမှုရှိပါက ကျနော်၏ အားနည်းချက်သာဖြစ်ပါသည်။ စာရှုသူများ နားလည် ခွင့်လွှတ်ပေးကြပါခင်ဗျား။

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

မြန်မာစတီးမစ် အဖွဲ့သားများ ကိုယ်စိတ်နှစ်ပါး အေးချမ်းပျော်ရွှင်ကြပီးလျင် မိမိတို့ ရည်မှန်းချက် Goals များအား အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေဗျား။

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 3:00 PM (11.4.2018)

#Myanmar #Literature #Writing #Story #Life

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

လူတိုင်း ကိုယ်ချင်းစာစိတ်ရှိကြရင် ကမ္ဘာလောကကြီး သာယာစိုပြေ
နေမှာပါပဲ။ သတ္တဝါအားလုံး ဘေးရန်ကင်းကွာ စိတ်ချမ်းသာကြပါစေဗျာ။

ဟုတ်တယ် ကိုဘီလျံနာရေ ကိုယ်ချင်းစာတရားရှိကြမယ်ဆို အလွန်အကောင်းဆုံးပေါ့ဗျာ။

နှလုံးသား အာဟာရဖြစ်​​စေတဲ့စာစု​လေးပါခင်​​ဗျာ
Chicken soup ထင်​တယ်​၊ဆရာ​ဖေမြင့်​ ဘာသာပြန်​​ရေးထားတာဖတ်​ဖူးတယ်​။

ဟုတ်တယ် နှလုံးသား အာဟာရဖြစ်စေတဲ့ စာစုလေးပါ။ ဘာသာပြန်ထားကြတာတော့ လေးငါးဦးရှိတယ်ဗျ။ ကျနော်ရေးတာက ဆရာကြီးတွေကိုမမှီသေးပါဘူးဗျာ။ကြိုးစားဆဲပါပဲ။

အေးသမီးလေး

You got a 100.00% upvote from @redwhale thanks to @nyinyiwin!

Earn 85% earning payout by delegating SP to @redwhale
If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @redwhale by clicking on one of the ready to delegate links:
25SP | 50SP | 75SP | 100SP | 250SP | 500SP | 1000SP | 2500SP | 5000SP Another Amount


You will earn 85% of the voting bot's earnings based on your delegated SP's prorated share of the bot's SP each day! You can also undelegate at anytime.
Our Discord Channel: https://discord.gg/ttaypWb

လူသားတိုင်း ကိုယ်ခြင်းစာစိတ်လေးရှိတတ်စေမယ့် အရမ်းကောင်းတဲ့ ပို့စ်လေးပါဦးညီ

ဟုတ်ပါတယ်ဗျာ။ ကိုယ်ချင်းစာစိတ်လေးများထားနိုင်အောင် ကျနော် စွမ်းသလောက်လေး ပြန်လည်တင်ပြခြင်းပါဗျ။

ခုနောက်ပိုင်းမှာတော့ ကိုယ်ချငိးစာစိတ်တွေ ပိုရှိလာကြပါပြီ။အရင်ထက်စာရင်ပေါ့နော်။

ဟုတ်ဗျာ လူတိုင်းလူတိုင်း ထားနိုင်လာကြရင် အကောင်းဆုံးပေါ့ဗျာ။

ဇာတ်လမ်းလေးကောင်းပါတယ်ခင်ဗျ။ကိုယ်ခြင်းစာတရားလေးနဲ့ စာနာတတ်အောင် တိုက်တွန်းပေးထားတာလေးပါ။မှတ်သားထားပါ့မယ်။

ဟုတ်ကဲ့ဦးသန့်ဇင်ရေ ကျနော်လဲ ရေးတတ်သလောက်လေး အားခဲပီးပြန်လည် တင်ပြလိုက်ပါတယ်။

အချို့အချို့သော ဘဝတွေက တကယ်ကိုသနားစရာပါဦးညီရေ စာနာနားလည်မှုတွေနဲ့ဖေးမမှုတွေ အမှန်တကယ်လိုအပ်နေကြတာပါ

ဟုတ်ပါတယ် ကိုကျော်သူရိန် တကယ်တော့ ကျနော်တို့လက်လှမ်းမမီတဲ့နေရာတွေမှာ အများကြီးပါ။

ကျေးဇူးပါဗျ။ အမြဲလာရောက်အားပေးတဲ့ အန်တီနန်းကိုလဲ upvote လာပေးပါတယ်ဗျ။

အသုံးမဝင်​​သော အရာဆိုတာ မရှိ​ကြောင်း ကို
ပြောပြ​နေသလို ထင်​မိတယ်
ဘဝတူချင်းမို့ စာနာနားလည်​တက်​​သော က​လေးနှင့်​ ကြုံရ​သော​ခွေး​လေး ကံ​ကောင်းလှ၏

ဟုတ်ပါတယ်ဗျာ ၊ လူတိုင်းလူတိုင်း အရာရာတိုင်းဟာ သူ့နေရာနှင့်သူ တန်ဘိုးကိုယ်စီရှိကြပါတယ်ဗျ။ ကိုယ်ချင်းစာတရားလေး ကျင့်သုံးကြည့်နိုင်ဖို့ ကလေးလေးနဲ့ခွေးလေးဥပမာနဲ့ပေါ်လွင်လာခဲ့ပါတယ်ဗျာ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 61475.37
ETH 2485.94
USDT 1.00
SBD 2.61