“ခွင့်သာခိုက်မှ မလိုက်လိုလျှင်”

in #myanmar6 years ago

38446285_460845687723422_2499775355452129280_n.jpg

“ခွင့်သာခိုက်မှ မလိုက်လိုလျှင်”

ဒီနေ့ ကွီးရွှေ အလုပ်အတော်များများနှင့် ဗျာများနေသောနေ့ဖြစ်ပါ၏။ မိုးကသည်းသည်းရွာ အလုပ်ကရှုပ်နေတော့ စတီးမစ်ရွာထဲလဲ ကွီးရွှေမရောက် တာဝန်တစ်ခု လစ်ဟင်းခဲ့ရပြီ။ ဒါနဲ့ ညနေလေးစောင်းလို့ အလုပ်ကလေးများအားလေတော့မှ အွန်လိုင်းမဟာကြီးပေါ် တက်ရန် ပြင်ဆင်ရ၏။ လက်စွဲတော် ဖုန်းစုတ်ကလေးမှာ ရုတ်တရက်ကြည့်လျှင် ပင့်ကူပိုးအိမ်တို့ တက်နေသလားထင်မှတ်ရလေအောင် ဟောင်းနွမ်း နေပေပြီ။ ကျွန်ုပ်ကွီးရွှေ၏ အနွံတာကို တော်တော်လေး ခံယူနေရှာသော ဖုန်းငယ်လေးဖြစ်ပေသည်။

ကဲ ကွီးရွှေ အားပီ။ အချိန်ရပီဆိုတော့ စတီးမစ်ရွာထဲသို့ ၀တ္တရားမပျက်အောင် ချီတက်ခဲ့ရ ပေ၏။ ရာသီဥတုက မိုးလေးဖွဲဖွဲရွာပီးကာစဖြစ်၍ ကြည်လင်သော ကောင်းကင်နှင့် ပတ်ဝန်းကျင်မှာ စိမ်းလန်းစိုပြေနေတော့သည်။ ရွာလယ်လမ်းကိုရောက်သည်ဆိုလျင်ပဲ ရုတ်တရက်အံ့သြဘနန်းပင်ဖြစ်ရသည်။ စည်ကားနေသော တအုန်းအုန်း၊ တရုန်းရုန်းနှင့် တစ်ရွာလုံး ကြွက်ကြွက်ညံအောင်ဖြစ်နေကြသည်။ အကြောင်းကားရှိပေလိမ့်မည်။


Credit Image Source

“ဟဲ့ ကောင်လေး ဒို့စတီးမစ်ရွာထဲ စည်ကားလှချည်လား ဘာဖြစ်နေတာလဲဟ ငါ့ကိုလဲ ပြောကြပါအုန်းဟ” အနီးတွင်ဖြတ်သွားသော လူငယ်လေးအား အမိအရမေးလိုက်ရသည်။ “ပရိုလေ ပရိုပေါ့ ဘကွီးရွှေရ တစ်ရွာလုံး daily ပရိုကြောင့် တက်ကြွလန်းဆန်းပီး အားရပါးရ ပိုစ်တွေရေးနေကြတာလေဗျာ”။ “အော် အေးဟ”။

အော် ဟုတ်ပေသားပဲ ဒီပရိုကို ကျွန်ုပ်ကွီးရွှေ သိသော်လည်း အမှုမဲ့အမှတ်မဲ့ ဖြစ်နေ၍ ရုတ်တရက် မစဉ်းစားမိဖြစ်နေမိသည်။ အခုမှ ကျွုန်ုပ်ခေါင်းထဲ ၀င်းကနဲလင်းသွားရသည်။ ဟုတ်သည် ဒီပရို ပရောဂျက်ကြောင့် ရွာသားအတော်များများ တက်ကြွလာကြသည်။ ယခင်က ခြောက်သွေ့တိတ်ဆိတ်နေသော ရွာလယ်လမ်းမသည်လည်း ဟိုပြေးဒီကူးနှင့် တိုင်ပင်ကြ၊ ဆွေးနွေးကြနှင့် စည်ကား၍နေပေတော့သည်။


Credit Image Source

ကျွန်ုပ်လည်း အွန်လိုင်းပေါ်တက်ကာ စတီးမစ်အင်ပါယာကြီးပေါ် မြန်မြန်ပင် ၀င်ရောက် တက်ကြည့်ရသည်။ အားရစရာကြီးပင်ဖြစ်သည်။ အလွန်များပြားလှစွာသော ပိုစ်များကို ကျွန်ုပ်ကွီးရွှေ ကုန်အောင်မဖတ်နိုင် ဘုတ်မန့်များပင် နိုင်အောင် မပေးနိုင်ဖြစ်နေရသည်။ တက်သစ်စ လူငယ်လေးများ၏ စာရေးစွမ်းအားကို နှစ်ခြိုက်ဖွယ်တွေ့ရသည်။ ၀ါရင့် ဆရာများ၏ လက်စွမ်းများကိုလည်း ပြန်မြင်ရပေပြီ။ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။ ဒီလိုမြင်ကွင်းမျိုးဖြင့် ကျွန်တော်တို့ စတီးမစ်ရွာလေးမှာ ကင်းဝေးခဲ့သည်မှာ အချိန်အားဖြင့် အတန်ပင်ကြာခဲ့ချေပြီ။

ယခုလို တအုန်းအုန်း တရုန်းရုန်းဖြစ်နေခြင်း မြင်ကွင်းလေးသည် ခေတ္တအခိုက်အတန့် လေးတစ်ခု မဖြစ်စေချင်။ နောင်တွင်လဲ အမြဲတစေပင် ကိုကိုမမတို့ရဲ့ ကလောင်ရွက်များကိုလွှင့်ကြပါကုန်၊ ကလောင်တက်များကို ဖွင့်ကြပါကုန်။ ကျွန်ုပ်ကွီးရွှေ အားရ၀မ်းသာ တိုက်တွန်းချင်ပါသည်။


Credit Image Source

ထိုသို့သာ ကလောင်ရွက်တွေ ကလောင်တက်တွေ လွှင့်ကြဖွင့်ကြရင်ဖြင့် ကျွန်ုပ်တို့၏ စတီးမစ် အင်ပါယာကြီးသည် သာ၏၊ တင့်၏၊ မြင့်၏သို့ ဖြစ်လေလတ္တံ့။ ထိုသို့ သာ-တင့်-မြင့် စေရန် အက်စ်အမ်တီမည်သော စတင်းတိုကင်များ၏ ပရောဂျက်အသစ်များသည်လည်း အခွင့်အရေးအသစ်များအဖြစ် စွင့်စွင့်ကားကား ဆီးကြိုလျက်ပါတကား။ ဘယ်အရေးကို တွေးကာ ငေးနေကြမည်နည်း ခွင့်သာခိုက်မှ မလိုက်လိုလျှင် သင်လောက် မိုက်သူ ရှိဦးမည်လောဟုပင်ကျွန်ုပ်ကွီးရွှေမှ မေးလိုက်ချင်ပါတော့သည်။

steemit MSC photo.png

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 9:00 PM (23.8.2018)

#Myanmar #Community #Unity #Literature #Writing

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Sort:  

ဂရုထဲက ကလေးတွေပြောသလိုပဲ admin တို့ နဲ့အတူ pro တင်ရတာ ပိုပျော်ဖို့ ကောင်းတယ် ဘာလို့ ဆို ဗုတ် မန့်  ပိုရတယ်လေ

တင်ပါ့ ဦးဇင်းဘုရား ကျနော်တို့လဲ ပိုပေးပိုပျော်နေတာပါ။

Daily proမှာမန့်​ကြ၊ဗို့ကြနဲ့​ပျော်​စရာပါ....

ဟုတ်ပါ့ ဟုတ်ပါ့ စည်ကားနေလိုက်ကြတာ အားရစရာကြီးဗျာ။

daily နဲ့အတူ လိုက်ပါစီးမျောရင်းပါ ကွီးရွှေရေ ။

yes yes ဟုတ်ပ တသွင်သွင်စီးမျော။

လုတင်နေတာကိုက ပျော်စရာတစ်မျိုးပါကွှီးရွှေရာ

ဟုတ်တယ် ဒီလိုလေးတွေ မြင်ရတာ ပျော်လိုက်တာဗျာ။

လူစည်​​တော့ ပိုအားတက်​တယ်

ဟုတ်တယ်ဗျ ဒီလိုလေး စည်စည်ကားကားဖြစ်နေတော့ ၀မ်းသာမိတယ်။

လူစည်းတော့ အားပိုဖြစ်ကာ ပျော်စရာအရမ်းကောင်းတယ်အကိုရေ

ဟုတ်တယ်ဗျာ အားပေးနေပါတယ်။

မမိုက်ချင်ပါဘူး မိုက်လည်း မမိုက်ဝံ့ပါဘူး
ရွက်လွှင့်လို့  ကလောင်ခရီးဆက်နေပါဦးမည်

😍

ဟုတ်ကဲ့ကိုဝင်းကိုရေ ။ ရွက်ကုန်သာလွှင့်ဗျာ အားပေးမယ်။

ကိုဟင်‌နဲ့ ဆရာတို့ရဲ့ စွမ်းရည်‌‌ကြောင့်‌ပါ ။ဘာ ဖြစ်‌ရင်‌ ဘာလုပ်‌ရမယ်‌ဆိုတာသိ‌နေ‌တော့ လူစည်‌တာ‌ပေါ့။ post ‌တွေကို များများ လာမန့်‌ လာဖတ်‌တာနဲ့ကို ‌ရေးချင်‌စိတ်‌‌တွေ တားမရ‌တော့ဘူးဆရာညီ‌ရေ။

ဟုတ်ကဲ့ကိုမဟော်ရေ။ အများက စည်းလုံးညီညွတ်ရင် ပျော်စရာကြီးပါ။ အကိုတို့လိုရေးအားရှိသူတွေ ကြောင့်လဲ တအားဖြစ်တက်ရပါတယ်။

ဟုပ်​ပါ့ဗျာ ​ရွှေလက်​နဲ့​ခေါ်မရ ​ငွေလက်​နဲ့​ခေါ်မရ ထားခဲံ့ရုံပါ့ဗျာ

ဟား လိုက်လာကြမှာပါဗျာ အရှိန်ယူနေကြတာနေမှာပါ။ အခုလည်း စည်ကားနေပါပီဗျ။

အရင်က proရက်လောက်ဘဲ အားထည့်ဖြစ်ပေမဲ့ အခုတော့ နေ့တိုင်းရေး နေ့တိုင်း spတက် အကျိုးအမြတ်များပြီလေ ကွီးရွှေ

ဟုတ်ပ ဗျာ လူတိုင်း အောင်မြင်ကြပါစေ။

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66137.63
ETH 3161.38
USDT 1.00
SBD 4.13