ကျွန်တော့ ဘဝထဲက မှတ်တိုင်များ ( Volume 3 )steemCreated with Sketch.

in #myanmar7 years ago

'' ဆယ်လီဖြစ်ချင်သော ကျွန်တော် ''
(I want to be Celebrity)

ဒီနေ့ တော့ အချိန်လည်းရ စိတ်ကလဲရွှင်နေတော့ online ပေါ်မှာ social media လေးတေကြည့်အုန်းမှပဲ . . .
ကမ္ဘာကြီး အတော်ကိုပြောင်းလဲသွားပါလား ဖေစ့်ဘွတ်၊ တွစ်တာ၊ အင်စတယ်ဂရမ်။ စနက်ချက် စသော ဆိုရှယ်မီဒီယာစာမျက်နှာများတွင် ဟိုနေရာလဲ ဆယ်လီ ဒီနေရာလဲ ဆယ်လီ ပေါလိုက်တာ ပုံစံအမျိုးပါပဲဗျာ အစားအသောက် ၊ အလှပြင် မိတ်ကပ်ပြင်၊ ဟာသအပြောများ ၊ အချက်အပြုတ် ၊ ခရီးသွားပုံရိပ်များ။ နိုင်ငံရေး ၊ လူမှုရေး ၊ ဘာသာရေး၊ စီးပွားရေး စုံလင်လှသော ဆယ်လီများကိုတွေ့ရပါတယ် ။
images (4).jpg
ဆယ်လီဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ ရေပန်းစား အပြောများလာသည်မှာ သိပ်မကြာသေးပါ ။ ကျွန်တော့ အထင် ၄ -၅ နှစ်ခန့် ရှိဦးမည်။ ဘာကိုဆယ်လီခေါ်လဲ ဘယ်လိုလူမျိုးကိုဆယ်လီ ခေါ်လဲ ဟုတ်ကဲ့ အထက်မှာပြောခဲ့သလို ပုံစံအမျိုးမျိုးသော သူတို့တွေ၏ ကျွမ်းကျင်ရာ များကို mediaများကြား တင်ပြကြခြင်းဖြင့် ကျော်ကြားလာသူ သြဇာကြီးလာသူများပါပေ ။
အမေရိကန်နိုင်ငံက အမျိုးသမီး တစ်ဦးဆိုလျှင် (အမည်ကို မဖော်ပြလိုပါ) သူမ၏ မူလအလုပ်က ဆေးပစ္စည်း အရောင်းစာရေးပါ၊ သူမက စားသောက်ဆိုင်များတွင် လှလှပပ စားချင်စဖွယ် အစားအသောက်များ မှာယူစားသောက်ခြင်းကို နှစ်သက်သူပါ၊ သူမ မှာယူသုံးဆောင်သော စားချင်စဖွယ်ပြင်ဆင်ထားသော ထိုစားဖွယ်များကို မစားသောက်မီ အရင် ဖုန်းကင်မရာဖြင့် ဓါတ်ပုံရိုက်ကာ သူမ အသုံးပြုသော social media ပေါ်မှာ တင်ပြလေ့ရှိပါတယ် ၊ သူမ၏ အမူအကျင့်သည် သူမအား နိုင်ငံကျော်ဆယ်လီဖြစ်လာစေမည်ကို ထိုအချိန်က သူမ မသိခဲ့ပေ။ သူမတင်ပြ ပုံဖော်ခဲ့သော စားသောက်ဆိုင်အသီးသီးမှ စားချင်စဖွယ် ဓါတ်ပုံများအား သူမ၏ မီဒီယာမိတ်ဆွေများမှတစ်ဆင့် online ပေါ်မှာပြန်နှံ့ လာပီး မိတ်ဆွေများက ကွန်မန့်များဖြင့် မေးကြခြင်း၊ ဆိုင်လိပ်စာမေးကြခြင်းဖြင့် တဖြေးဖြေး လူသိများ ကျော်ကြားလာခဲ့ပေသည်။
images.png
ဤတွင် စီးပွားရေးသမား စားသောက်ဆိုင်ပိုင်ရှင်များက သူမအား မျက်စိကျလာကြပေပြီ သူမအား ယင်းတို့ဆိုင်အား လာလည်ပါ စားသောက်ဖွယ်များကို သူမ၏ မီဒီယာမှတဆင့် ကြော်ငြာပေးပါဆိုပီး ကြော်ငြာခများ ပေးကာ ကမ်းလှမ်းလာကြသည်။ သူမ၏ ဝင်ငွေသည်လည်း သောက်သောက်လဲ ဝင်လာသောအခါ သူမသည် ထိုလုပ်ငန်းကိုသာ ဆက်လက်လုပ်ကိုင်ပြီး နိုင်ငံကျော် သာမက ကမ္ဘာကျော် စားသောက်ဆိုင်နှင့် အစားအစာများအတွက် ထင်ပေါ်ကြော်ကြား သြဇာကြီးမားလာသော ဆယ်လီတစ်ယောက် ဖြစ်လာပေသည်။ ယခုဆိုလျှင်သူမ၏ မီဒီယာစာမျက်နှာတွင် လိုက်လံကြည့်ရှုသူ သန်းချီ၍ရှိနေပေပြီ ။ အံ့ဖွယ်ဆယ်လီ စွမ်းအားပါပေ။9025943-innovation-magnifying-glass-over-background-with-different-association-terms-vector-illustration.jpg
ယနေ့ ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် သူမကဲ့သို့ အလားတူ အောင်မြင်ကျော်ကြား လူသိများကာ မီဒီယာများတွင် သြဇာလွှမ်းမိုးလာသော ဆယ်လီများ များပြားလှပေသည်။ ခရီးသွား ခြင်းဖြင့် ရောက်ရာဒေသမှ ဗဟုသုတများ တင်ပြခြင်းဖြင့် ဆယ်လီဖြစ်လာသူ။ အချက်အပြုတ် နည်းပညာများ တင်ပြခြင်းဖြင့် ဆယ်လီဖြစ်လာသူ၊ စီးပွားရေးပညာ ဆောင်းပါးများ ရေးသား၍ ဆယ်လီဖြစ်လာသူ၊ မိတ်ကပ်အလှပြင် ခြင်းများ ဖြင့် ဆယ်လီဖြစ်လာသူ စသည်ဖြင့် မိမိတို့ ဝါသနာပါရာ ၊ ကျွမ်းကျင်ရာများအား မီဒီယာ စာမျက်နှာများပေါ် တင်ပြခြင်းဖြင့် ဆယ်လီအဖြစ် အောင်မြင်ကာ ဝင်ငွေအသီးသီးရရှိနေကြပေသည်။
ဆက်လက်၍ တင်ပြလိုသည်မှာ အထက်ပါ ဆယ်လီများသည် မည်သည့်အတွက်ကြောင့် ဆယ်လီဖြစ်လာသည်ကို သိရှိကြပြီးဖြစ်သည် ၊ ကောက်ချက်တစ်ခုပြု ရလျှင် ထိုဆယ်လီများသည် သူတို့ ဝါသနာပါရာ ကျွမ်းကျင်ရာကို တစိုက်မတ်မတ် ပြုလုပ်ကြခြင်းဖြင့် အောင်မြင်မှုများ ရလာကြသည်။ ထိုရရှိလာသော အောင်မြင်မှုကို အကျိုးရှိစွာ အသုံးပြုကြသည်၊ သူတို့နှင့်ဆက်စပ်နေသော လူမှုပါတ်ဝန်းကျင်အား တစ်စုံတစ်ခုသော ကောင်းကျိုး အထောက်အပံ့ကို ပေးနေကြသည်။ အတုယူစရာများပါပေ။
ထိုနည်းတူ ကျနော်တို့ Steemit social media user များသည်လည်း မိမိတို့ တတ်ကျွမ်းသော၊ မိမိတို့ဝါသနာပါသော။ မိမိတို့ စိတ်ဝင်စားသော အကြောင်းအရာများအား Steemit မီဒီယာပေါ်မှာ ရေးသားတင်ပြခြင်းဖြင့် အောင်မြင်ကျော်ကြားသော Steemit ၏ဆယ်လီများ ဖြစ်ရန် အခွင့်အရေးအား အသုံးပြုကြပါခင်ဗျာ။
ယခုဆိုလျှင် ကျွန်တော်တို့ လျှောက်လှမ်းနေသော Steemit ဆိုရှယ်မီဒီယာသည်လည်း မီဒီယာများကြား ထင်ပေါ်ကျော်ကြားလာသော မီဒီယာတစ်ခုဖြစ်လာပေပြီ။ ကျနော်သည် Steemit မီဒီယာ ပလက်ဖောင်းတွင် ရောက်ရှိလာသည်မှာ မကြာသေးသော်လည်း ဤမီဒီယာ၏ ထင်ပေါ်ကျော်ကြား သြဇာကြီးမားမှု အရှိန်အဝါကို ခံစားမိပါသည်။ မိတ်ဆွေ သင်ကော Steemit social media platform ပေါ်မှာဆယ်လီ ဖြစ်စ်နိုင်သည်ကို သတိပြုမိပါသလား ။ ကျွန်တော်ကတော့ Steemit ရွှေရောင်လမ်းမပေါ်မှာ ထင်ရှာကျော်ကြား အောင်မြင်သော( သို့မဟုတ်) ဆယ်လီတစ်ယောက်ဖြစ်ချင်ပါသည်။
IMG_20170514_010852.jpg
အားပေးဖတ်ရှုသူများအား ကျေးဇူးတင်ပါသည်။
images (5).jpg
ရေးသားသူ>>> ညီညီဝင်း
Writer >>>@nyinyiwin (Steemit)
U5drMNSbzHgCKueQcguHoKZNbKKj2Qa_1680x8400.png

#Steemit #Blog #Thinking #idea
Credit to Steemit images.
Credit to Google photos.

Sort:  

please upload your picture fist and then carry on writing .... your display profile is blank.

ဟုတ်အက်ု ကျေးဇူးပါ ။

အတူတူ ဆယ်ကြမယ်လေ ကွီးဆယ်လီနဲ့ညေးဆယ်လီ ဟီး

အေးဟေ့ တူတူ ဆယ်လီကြတာပေါ့ ဟီးးး

i don't have looks and voice, yet i still want also/

အကိုရေ ကျနော်လည်းဝက်လက်သားဆိုတော့ အတူတူ ဆယ်လီ လုပ်ကြစို့နော😄

တူတူ ဆယ်လီကြတာပေါ့ :p

Thanks you fri.

ဆယ်လီနည်းတယ် ကျွန်တော်က နှစ်ဆယ်လီဖစ်ချင်တာဗျ

အာဟား ကောင်းတယ် bro.

အာဟား ကောင်းတယ် bro.

အညာသား ဆယ်လီပါ...

ဟုတ်တယ် ။ အားပေးတာ ကျေးဇူး ။

ဟုတ်ကဲ့ ရပါတယ်ဗျာ....

Makasih atas informasi yang anda berikan @nyinyiwin, postingan @steemit anda sangat berguna bagi semua pembaca @steemit yang memahami nya, dan jujur saja saya bingung dengan tulisan anda, karena semua huruf tak dapat saya pahami dengan baik dan jelas @nyinyiwin, sekiranya kita dapat berkerja sama dengan baik dalam hal upvote, follow and resteem @steemit, hal yang sangat menarik ketika kita ingin mempunyai kawan yang lebih banyak yang bisa berkerja sama satu misi dan tujuan, trimakasih

Salam KSI @steemitaceh @steemitindonesia

image

Hi bro i don't know your language , but thanks you for bisit my blog.

အို Celeကြီးရယ်
😜

အဟေးဟေး thanks you fri.

သူက စားသောက်တုန်း ဓာတ်ပုံရိုကပြီး တင်တော့ ကိုယ်က ဘယ်အချိန်ရိုက်တင်ရကောင်းမလဲတိဝူး

အဟီး bro က ရေချိုးနေတုန်းဓါတ်ပုံရိုက်။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 58075.38
ETH 2463.77
USDT 1.00
SBD 2.38