“ဗိုက်”

in #myanmar6 years ago

“ဗိုက်”

ကျနော် ကွီးရွှေ ကိုယ်ရေးကိုယ်တာ စားဝတ်နေရေးအတွက် လောလောဆယ် ခွင့်ရက်ရှည်ယူထားတယ်ဗျာ။ MSC ကနေ တာဝန်တွေ၊ ၀တ္တရားတွေ ပျက်ကွက်လာတော့ ကိုယ့်ကိုယ်ကိုကြည့်ပီး တော်တော်လေး ရှက်မိတယ်။ အားလဲငယ်နေရတယ်။ မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ အလုပ်တစ်ခုလုပ်ကြရတဲ့ လောကကြီးကိုလည်း စိတ်နာမိတယ်။

တစ်ခါတစ်လေ စိတ်ကူးယဉ်နေမိသေးတယ် အလုပ်မလုပ်ရပဲ ထမင်းစားရတာ ဘယ်နေရာမှာများ ရှိလေမလဲလို့ပေါ့။ အဲလိုပြောမိလေတိုင်း လူတွေက ၀ိုင်းရီကြတယ်။ ဟုတ်တယ်လေ အခုခေတ်အခြေအနေကိုက လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ခေတ်ဆိုတော့ ကျနော်ပြောတဲ့စကားက လူရီစရာဖြစ်နေတော့တာပေါ့။

ဟိုအရင် အနှစ်လေးဆယ်လောက်က ကျနော့အဖေလုပ်စာတစ်ခုတည်းနဲ့ မိသားစု ၅ယောက်လောက် အေးအေးဆေးဆေးထိုင်စားနေနိုင်တဲ့ခေတ်ကို လွမ်းတောင်လွမ်းမိ သေးတယ်။ အော် ခေတ်ကာလကလဲ မတူလေသကိုး။ အဲဒီခေတ်က မြန်မာကျပ်ငွေက USD ငွေနဲ့လဲလှယ်ရင် 1:1 သာသာလေးပဲရှိတဲ့ခေတ်လေ အခုခေတ်လို 1:1500 လောက် အဆလောက်ရှိနေတဲ့ခေတ်မှာ ပြန်လည်စဉ်းစားကြည့်ရင် အရင်ကအလုပ်လုပ်တဲ့ နှုန်းထက် အဆ1000ကျော် အလုပ်လုပ်မှ ထမင်းစားရမယ်လို့ ဆိုလိုတာပဲလို့ မြင်မိတယ်။ အော် ခေတ်ခေတ် ----။

ကျနော်တို့ကပဲ လူဖြစ်နောက်ကျတာလားတော့မသိဘူးပေါ့ဗျာ။ နိုင်ငံတွေ တိုင်းပြည်တွေနဲ့ ရင်ဘောင်တန်းအလုပ်လုပ်ရတဲ့ခေတ်မှာ အရင်က သူများနိုင်ငံတွေရဲ့ရှေ့ကပြေးနေတဲ့ မြန်မာနိုင်ငံက အခုသူများနိုင်ငံတေရွဲ့နောက် အဆ 1000 လောက်နောက်ကျကျန်ခဲ့ တော့လည်း ကျနော်တို့ မြန်မာနိုင်ငံသားတွေ ထမင်းစားရဘို့အတွက် နေ့ရောညပါ ရုန်းကန်လှုပ်ရှားနေကြရတာ မဆန်းပါဘူးလေ။

အဲပြောရင်းဆိုရင်း ပြောချင်တာက ဘယ်ရောက်သွားမှန်းမသိဘူး အစပြန်ကောက်မယ်ဗျာ။ ဒီလိုဗျ ကျနော်ကွီးရွှေလဲ လူထဲကလူ ဖြစ်နေလေတော့ မိသားစုဝမ်းရေးက တခန်းတကဏ္ဍ ပါဝင်ပတ်သက်လာလေတော့ မဖြစ်မနေ အလုပ်လုပ်ရတယ်ပေါ့ဗျာ။ ဒီလိုနဲ့ အခြေအနေတွေ အမျိုးမျိုးရှိတဲ့ ကြားထဲမှာမှ ကျနော်ကွီးရွှေ လက်ရှိလုပ်နေတဲ့ အလုပ်ကလေးက အက်ဆီးဒင့်ဖြစ်ပီး ဘုံကြိုးပြတ်သွားလေတော့ ကွီးရွှေဆိုတဲ့ နတ်သူငယ်လေး ဘယ်ဘုံပြောင်းပီး နေထိုင်စားသောက်ရမယ်မသိ ဖြစ်နေရတယ် ပေါ့ဗျာ။

သို့ကလို အဲဂလို မမျှော်လင့်တဲ့ လောကဓံအဖြစ်ဆိုးက ကြုံလာလေတော့ အခြေခံ အထောက်အပံ့ မရှိလေတဲ့ လူတန်းစားတစ်ယောက်ဖြစ်နေပြန်သေးလေတော့ ရရာအလုပ် ကလေး ကြုံသလိုဆုံသလို ကြိုးစားလုပ်ရတော့တာပေါ့။ ၀မ်းရေးဆိုတဲ့ ဗိုက်ကလေး “၀”ဘို့အတွက် အရေးကြီးတယ်လေဗျာ။ အဲလေ အဖြစ်အပျက် စုံစုံလင်လင် ကတော့ မပြောတော့ပါဘူးဗျာ လူတိုင်းလူတိုင်းမှာ အခက်အခဲရှိနေကြတာပဲဆိုတော့ ဒီလောကကြီးမှာ ကျနော် တစ်ယောက်တည်း ဒုက္ခရောက်နေတယ်လို့ အော်နေရင် မတရားရာကြလေတော့မယ်။ လူတိုင်းကိုယ့်ဒုက္ခနဲ့ကိုယ် ကိုယ်စီရှိနေကြတာပဲလေဗျာ နော။

ကဲဗျာ ပြောချင်တာက အများသားရယ်- သို့ပေမယ့်လဲ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။ နောက်များမှ ဆက်ရေးအုန်းမယ် အခုလောလောဆယ်တော့ အချိန်ဆိုတာလေး ခဏအားနေတုန်းမှာ အခွင့်အရေးရတုန်း စာတစ်ပုဒ်ဖြစ်အောင် သွက်သွက်ကလေး ရေးလိုက်ရတော့ မပြည့်အစုံဖြစ်နေရင်လည်း အားနာပါးနာနဲ့သာ ဖတ်ရှုအားပေးကြပါလို့။ အချိန်လုရေးလိုက်ရလို့ အရင်လို ပုံလေးတွေ ဝေေ၀ဆာဆာ မထည့်နိုင်တာလဲ သည်းခံကြပါလို့။

MSC ညီအကိုမောင်နှမတွေကို သတိရနေတာ။ ကျနော်ကွီးရွှေ “ဗိုက်”အရေးအခင်းအတွက် အချိန်ယူပြန်လည်အားဖြည့်ရအုန်းမှာမို့ စတီးမစ်ရေယဉ်ကြောမှာ မျောပါဖို့ ခေတ္တခဏ အခွင့်မသာဖြစ်နေရတာလေး ညီအကိုမောင်နှမများမှ နားလည်ခွင့်လွှတ်ပေးကြပါလို့ ထပ်ဆင့်ပြောပါရစေ။

အားလုံးကို လေးစား သတိရလျက်။---။

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 11:20 AM (13.10.18)

#Myanmar #Literature #Writing #Blog #Life

Sort:  

နားလည်‌ပါတယ်‌ ဆရာညီ။မိသားစုအ‌ရေးက ပိုအ‌ရေးကြီးပါတယ်‌။

ဟုတ်ပ ကိုမဟော်ရေ လုပ်ငန်းလေး အတည်တကျနဲ့ ဝမ်းရေးအတွက် တည်ငြိမ်သွားရင် စာဆက်ရေးပါအုန်းမယ်။ အခုတော့ အချိန်လုရေးလိုက်တယ်ဗျာ။

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

ဟုတ်ကဲ့....​ဒီ​လောက်​ဖတ်​ရတာလည်း​ကျေနပ်​ပါတယ်​...

Posted using Partiko Android

ခုလိုလေး လာအားပေးတာကို ကျေနပ်ကျေးဇူးတင်မိတယ်ဗျာ။

သမုဒ္ဒရာ ဝမ်းတစ်ထွာမို့ သာပဲ
အကိုကြီးရွှေရေ
နို့ မို့ မလွယ်ဘူးဗျ

ဟီး

ဟုတ်ဆယ် ကိုဝင်းကိုရေ ဒီဝမ်းရေးအတွက် မဖြစ်မနေ run နေရအုန်းမှာပဲဗျာ။

အူမတောင့်မှ steemit ရေးနိုင်မှာပေါ့ဗျာ

ဟုတ်တယ်ဗျို့ အူမတောင့်အောင် လုပ်နေရင်းက အချိန်ကိုရှားရှားပါးပါး သုံးနေရတယ်။

စား၊ဝတ်​၊​နေ​ရေး တဲ့တကယ်​မလွယ်​ဘူး ကွီး​ရွှေ😢

ဟုတ်တယ် ကိုအောင်ကြီးရေ ဘာလုပ်ရမယ်ကို မသိတော့ဘူး

Fighting ko shwe

yes !! Thanks you Don.

Hi, @nyinyiwin!

You just got a 0.02% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Congratulations @nyinyiwin! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 8000 upvotes. Your next target is to reach 9000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

You can upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64143.39
ETH 2638.98
USDT 1.00
SBD 2.80